Connect with us

မြန်မာ-中文

ကမ္ဘာ့အချက်အလက်အဖွဲ့အစည်း ထူထောင်ခြင်းအတွက် ရှီကျင့်ဖိန် ဂုဏ်ပြုသဝဏ်လွှာပေးပို့

ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မတ် ၃၀ ရက်တွင် ကမ္ဘာ့အချက်အလက်အဖွဲ့အစည်း ထူထောင်ခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
ရှီကျင့်ဖိန်က လက်ရှိကမ္ဘာကြီးသည် ဉာဏ်ရည်ထည့်သွင်းသောခေတ်ကာလသို့ အရှိန်မြှင့်ဝင်ရောက်လျက်ရှိရာ အချက်အလက်၏ အခြေခံအရင်းအမြစ် အခန်းကဏ္ဍနှင့် ဆန်းသစ်တီထွင်မှု မောင်းနှင်အား အခန်းကဏ္ဍသည် တစ်နေ့တခြား သိသာထင်ရှားလာကြောင်း ထောက်ပြပြောကြားခဲ့သည်။ ကမ္ဘာ့အချက်အလက်အဖွဲ့အစည်းသည် “အချက်အလက်ကွာဟမှုများကို ရင်ကြားစေ့ပေးခြင်း၊ အချက်အလက် တန်ဖိုးကို ထုတ်လွှတ်ပေးခြင်း၊ ဒစ်ဂျစ်တယ်စီးပွားရေး စည်ပင်တိုးတက်စေခြင်း” ကို ရည်ရွယ်ချက်အဖြစ် ထားရှိကာ အချက်အလက်ကဏ္ဍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေခြင်း၊ ကမ္ဘာလုံးဆိုင်ရာ အချက်အလက် စီမံခန့်ခွဲမှု ကောင်းမွန်ပြည့်စုံစေရေးအတွက် အကျိုးရှိသော ပလက်ဖောင်း ပံ့ပိုးပေးလိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေခြင်း ဟူသည့် အယူအဆကို အရင်းခံကာ ကမ္ဘာ့အချက်အလက်အဖွဲ့အစည်းက ၎င်း၏အခန်းကဏ္ဍမှပါဝင်ခြင်းကို ထောက်ခံအားပေးကြောင်း၊ တစ်ချိန်တည်းတွင် ဘက်အသီးသီးနှင့်အတူ အချက်အလက် စီမံခန့်ခွဲမှု စည်းမျဉ်းစည်းကမ်း သဘောတူညီချက်များအား စုစည်းကာ ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်နည်းပညာ ဆန်းသစ်တီထွင်မှုကို တွန်းအားပေး၍ အချက်အလက်များ လုံခြုံစနစ်ကျစွာ စီးဆင်းမှုနှင့် ထိရောက်မှုမြင့်မားစွာ ဖော်ဆောင်အသုံးပြုမှုကို မြှင့်တင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်စီးပွားရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ဆောင်မှုပေးခြင်းဖြင့် ဒစ်ဂျစ်တယ်အကျိုးစီးပွားဖြင့် နိုင်ငံအသီးသီးပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုစေမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

ကမ္ဘာ့အချက်အလက်အဖွဲ့အစည်း ထူထောင်ခြင်းအခမ်းအနားကို ထိုနေ့တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့ရာ ခေါင်းစဉ်မှာ “အချက်အလက် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်း အတူတည်ဆောက်ခြင်း၊ ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ အတူမျှဝေခြင်း” ဖြစ်သည်။ အဆိုပါအဖွဲ့ အဖွဲ့ဝင်များတွင် ကမ္ဘာ့အချက်အလက်နယ်ပယ် သက်ဆိုင်ရာလုပ်ငန်းကုမ္ပဏီများ၊ တက္ကသိုလ်ကျောင်း၊ Think Tank ၊ နိုင်ငံတကာအဖွဲ့အစည်း၊ ဘဏ္ဍာရေးအဖွဲ့အစည်း စသည်တို့ပါဝင်ကြောင်း သိရသည်။ (Xinhua)

——————–
(Chinese Version)
习近平向世界数据组织成立致贺信
新华社北京3月30日电 3月30日,国家主席习近平向世界数据组织成立致贺信。
习近平指出,当今世界正在加速迈入智能时代,数据的基础资源作用和创新引擎作用日渐显现。世界数据组织以“弥合数据鸿沟、释放数据价值、繁荣数字经济”为宗旨,为深化数据国际合作、完善全球数据治理提供了有益平台。
习近平强调,中国将秉持共商共建共享理念,支持世界数据组织发挥作用,同各方一道凝聚数据治理规则共识,推动数智技术创新,促进数据安全有序流动和高效开发利用,服务全球数字经济健康发展,让数据红利更好造福各国人民。
世界数据组织成立大会当日在北京举行,主题为“共建数据合作平台·共享数字发展机遇”。该组织会员包括全球数据领域相关企业、高校、智库、国际组织、金融机构等。(完)