Eastern Europe
ပင်လယ်နက် စားနပ်ရိက္ခာတင်ပို့မှု ပူးတွဲညှိနှိုင်းရေးစင်တာ တရားဝင်လည်ပတ်မှု အခမ်းအနားကျင်းပ
![](https://xinhuamyanmar.com/wp-content/uploads/2022/07/28h01.jpg)
အစ္စတန်ဘူလ်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)
တူရကီ၊ ရုရှား၊ ယူကရိန်းနှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်တို့က ဇူလိုင် ၂၇ ရက်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ပင်လယ်နက် စားနပ်ရိက္ခာတင်ပို့မှု ပူးတွဲညှိနှိုင်းရေးစင်တာ(Joint Coordination Center) တရားဝင်လည်ပတ်မှု အခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါ ပူးတွဲညှိနှိုင်းရေးစင်တာတွင် တူရကီ၊ ရုရှား၊ ယူကရိန်းနှင့် ကုလသမဂ္ဂတို့မှ ကိုယ်စားလှယ် ၅ ဦးစီ အသီးသီးပါဝင်ကြောင်းနှင့် ယင်းကိုယ်စားလှယ်များက စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရေး လုံခြုံမှုကို အာမခံရန်အတွက် ဂြိုဟ်တု၊ အင်တာနက်နှင့် အခြားဆက်သွယ်ရေးနည်းလမ်းများဖြင့် စားနပ်ရိက္ခာသယ်ယူပို့ဆောင်သည့် သင်္ဘောများကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံ ကာကွယ်ရေးဝန်ကြီး Hulusi Akar က ပြောကြားခဲ့သည်။ ယူကရိန်း ပင်လယ်နက်ဆိပ်ကမ်းအတွင်း၌ သောင်တင်နေသည့် စားနပ်ရိက္ခာ တန်ချိန် ၂၅ သန်းကျော်မှာ အချိန်တိုအတွင်း၌ လိုအပ်သောနိုင်ငံသို့ တင်ပို့သွားနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)
…………………………………………
(Chinese Version)
黑海粮食外运联合协调中心举行正式运行仪式
新华社伊斯坦布尔7月27日电土耳其、俄罗斯、乌克兰和联合国代表27日在土耳其伊斯坦布尔举行黑海粮食外运联合协调中心正式运行仪式。
土耳其国防部长阿卡尔发表讲话说,联合协调中心由土耳其、俄罗斯、乌克兰和联合国各派5名代表组成,代表们通过卫星、网络和其他通信手段监控商业运粮船的航线,确保粮食运输安全。他说,在短时间内,滞留在乌克兰黑海港口内的超过2500万吨粮食将被运往所需国家。(完)
图说 – 这是7月27日在土耳其伊斯坦布尔拍摄的黑海粮食外运联合协调中心。新华社记者 沙达提 摄