Connect with us

Africa & Middle East

အစ္စရေး၏ ဂျော်ဒန်မြစ်အနောက်ဖက်ကမ်း စစ်ရေးလှုပ်ရှားမှုကြောင့် ပါလက်စတိုင်း ၂၀ သေဆုံး

ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း မြောက်ပိုင်းရှိ Nur Shams ဒုက္ခသည်စခန်းတွင် အမျိုးသားတစ်ဦးက အစ္စရေးတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်အား ကြည့်ရှုနေသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရာမာလာ၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်က ဩဂုတ် ၂၈ ရက်မှစ၍ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းတွင် စစ်ရေးလှုပ်ရှားမှုများကြောင့် ပါလက်စတိုင်း ၂၀ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၃၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်က ဩဂုတ် ၃၀ ရက်တွင် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း မြောက်ပိုင်း Jenin ၌ သက်ကြီးရွယ်အိုတစ်ဦး ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ယခုအချိန်အထိ အစ္စရေးစစ်တပ်က ယင်းဒေသ Jenin ၊ Tubas နှင့် Tulkarm စသည့် နေရာများတွင် နေ့စဉ်ရက်ဆက် စစ်ရေးလှုပ်ရှားမှုများကြောင့် သေဆုံးသူ ဦးရေ ၂၀ အထိ မြင့်တက်လာကြောင်း သိရသည်။
အစ္စရေးတပ်၏ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း မြောက်ပိုင်း စစ်ရေးလှုပ်ရှားမှုများသည် လက်ရှိ Jenin တွင် စုစည်းနေကြောင်း၊ ဟားမက်စ်လက်အောက်ခံ လက်နက်ကိုင် Al-Qassam တပ်မဟာက Jenin သို့ မျက်နှာစာအများအပြားမှ ဝင်ရောက်လာသည့် အစ္စရေးစစ်တပ်နှင့် ယင်းနေ့တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့က ဩဂုတ် ၃၀ ရက်၌ ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။

ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း မြောက်ပိုင်းတွင် အစ္စရေးစစ်တပ်က စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိရာ ဟားမက်စ်နှင့် ပါလက်စတိုင်း အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိ ဖြစ်ပွားခဲ့သော အပြန်အလှန်ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုအတွင်း လက်နက်ကိုင် ၂၀ ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး အကြမ်းဖက်လှုပ်ရှားမှုနှင့်သက်ဆိုင်သည်ဟု သံသယရှိသူ ၁၇ ဦးကို ဖမ်းဆီးထားကြောင်း အစ္စရေးကာကွယ်ရေးတပ်က ဩဂုတ် ၃၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့သည်။ (Xinhua)


………………………….
(Chinese Version)
以军在约旦河西岸军事行动致20名巴勒斯坦人死亡
新华社拉姆安拉8月30日电(记者黄泽民)巴勒斯坦卫生部30日发表声明说,以色列军队28日以来在约旦河西岸北部的军事行动已造成20名巴勒斯坦人死亡。
声明说,以军30日在约旦河西岸北部杰宁打死一名老人。至此,以军连日来在该地区杰宁、图巴斯和图勒凯尔姆等地军事行动造成的死亡人数升至20人。
巴勒斯坦伊斯兰抵抗运动(哈马斯)30日发表声明说,以军在约旦河西岸北部的军事行动目前集中在杰宁。哈马斯下属武装派别卡桑旅当天与从多个方向进入杰宁的以军发生激烈冲突。
以色列国防军30日发表声明说,以军正在约旦河西岸北部打击哈马斯和巴勒斯坦伊斯兰圣战组织(杰哈德)成员,目前已在交火和空袭中打死20名武装人员,并逮捕17名与恐怖活动有关的嫌疑人。
1. 8月30日,在约旦河西岸北部的努尔沙姆斯难民营,一名男子查看一处以军损毁的房屋。