Economy
တရုတ်-လာအို မီးရထားလမ်း ကုန်စည်သယ်ယူပို့ဆောင်ရေး စုစုပေါင်း ပမာဏ တန်ချိန် သန်း ၅၀ ကျော် ထိရှိလာ
ကူမင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
ဇန်နဝါရီ ၂ ရက်တွင် လတ်ဆတ်သော သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များအပြည့်တင်ဆောင်ထားသော တရုတ်-လာအို မီးရထားလမ်း နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေး မီးရထားတစ်စင်းသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ ဝမ်းကျားရင် အနောက်ဘူတာမှ လာအိုနိုင်ငံသို့ ခရီးစတင်ခဲ့သည်။ ယင်းမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် မီးရထားလမ်းအားလုံး ပြေးဆွဲလည်ပတ်ခဲ့သည်မှစ၍ တရုတ်-လာအို မီးရထားလမ်း ကုန်စည်သယ်ယူပို့ဆောင်ရေး စုစုပေါင်းပမာဏသည် တန်ချိန် သန်း ၅၀ ကျော် ထိရှိလာခြင်းဖြစ်ပြီး ၎င်းအနက် တန်ချိန် ၁၁.၅၈ သန်းမှာ နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းများဖြစ်သည့် အမှတ်လက္ခဏာဖြစ်ပေသည်။
တရုတ်-လာအို မီးရထားလမ်းအားလုံး ပြေးဆွဲလည်ပတ်ခဲ့သည်မှစ၍ တရုတ်-လာအို နှစ်နိုင်ငံ မီးရထားဌာနတို့သည် ကုန်စည်သယ်ယူပို့ဆောင်ရေး အဖွဲ့အစည်းများ အားကောင်းစေပြီး သယ်ယူပို့ဆောင်ရေးစွမ်းရည်နှင့် ထိရောက်မှုကို မြှင့်တင်ခဲ့ရာ နယ်စပ်ဖြတ်ကျော် ကုန်တင်မီးရထား ပြေးဆွဲမှု အရေအတွက်မှာ နေ့စဉ် ၂ စင်းရှိရာမှ လက်ရှိ ၁၈ စင်းအထိ တိုးမြင့်လာသလို မီးရထားတင်ဆောင်မှု တန်ချိန်မှာလည်း ၂,၀၀၀ မှ ၂,၅၀၀ အထိ တိုးမြင့်လာခဲ့သည်။ ၂၀၂၄ ခုနှစ် တရုတ်-လာအို မီးရထားလမ်း ကုန်စည်သယ်ယူပို့ဆောင်ရေး စုစုပေါင်း ပမာဏသည် တန်ချိန် ၁၉.၆ သန်းထိရှိလာရာ နေ့စဉ် ပျှမ်းမျှ တန်ချိန် ၅၀,၀၀၀ အထက်တွင် ထိန်းထားနိုင်ကြောင်း ပြောကြားချက်များအရ သိရသည်။ (Xinhua)
……………………………
(Chinese Version)
中老铁路货物运输总量突破5000万吨
昆明,2025年1月2日
当日,一列满载新鲜果蔬的中老铁路国际货物列车从云南省昆明市王家营西站启程,驶向老挝。这标志着自2021年12月3日全线开通运营以来,中老铁路货物运输总量突破5000万吨大关,其中跨境货物1158万吨。
据介绍,中老铁路开通运营以来,中老两国铁路部门加强货物运输组织,提升运输能力和效率,跨境货物列车每日开行数量由开通初期的2列增加到目前的18列,列车牵引吨数由2000吨增至2500吨。2024年,中老铁路运输货物总量达1960万吨,日均保持在5万吨以上。
图说1:1月2日,满载新鲜果蔬的中老铁路国际货物列车从云南省昆明市王家营西站启程。新华社记者 胡超 摄
图说2:1月2日,中老铁路国际货物列车在云南省昆明市王家营西站进行装箱作业。新华社记者 胡超 摄