Politics, Law & Military
အမေရိကန်က ပြဿနာကို ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းလိုလျှင် ခြိမ်းခြောက်မှု၊ ဖိအားပေးမှုများ ရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောကြား

ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက အမေရိကန်ဘဏ္ဍာရေးဝန်ကြီး၏ စည်းကြပ်ခွန်စစ်ပွဲဆိုင်ရာ ပြောကြားချက်များနှင့် စပ်လျဉ်း၍ သတင်းထောက်များ၏ မေးခွန်းများကို ဧပြီ ၂၉ ရက်တွင် ဖြေကြားခဲ့သည်။
စည်းကြပ်ခွန်စစ်ပွဲဖြေလျှော့ရန်မှာ တရုတ်အပေါ်တွင် မူတည်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံက အမေရိကန်သို့ တင်သွင်းမှုသည် အမေရိကန်က တရုတ်နိုင်ငံသို့ တင်သွင်းမှုထက် ၅ ဆ ရှိသောကြောင့် စည်းကြပ်ခွန် ၁၂၅ ရာခိုင်နှုန်း ကောက်ခံခြင်းမှာ ရေရှည်တည်တံ့နိုင်မည် မဟုတ်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့ကြောင်း၊ အခြေအနေအား ဦးစွာ ဖြေလျှော့ရန် တရုတ်နိုင်ငံတွင် တာဝန်ရှိသည်ဆိုသည့်အပေါ် သင့်အနေဖြင့် သဘောတူညီမှု ရှိ/ မရှိ ဟူ၍ အဆိုပါနေ့ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ကောအား မေးမြန်းခဲ့ခြင်းဖြစ်သည်။
စည်းကြပ်ခွန်စစ်ပွဲ၊ ကုန်သွယ်ရေးစစ်ပွဲတွင် အနိုင်ရသူဟူ၍ မရှိကြောင်း တရုတ်နိုင်ငံက ကြိမ်ဖန်များစွာ ရှင်းလင်းပြောကြားခဲ့သည်ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ ဤ စည်းကြပ်ခွန် စစ်ပွဲသည် အမေရိကန်ဘက်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ အကယ်၍ အမေရိကန်က ပြဿနာကို ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းလိုလျှင် ခြိမ်းခြောက်မှု၊ ဖိအားပေးမှုများ ရပ်တန့်သင့်ပြီး တန်းတူညီမျှမှု၊ လေးစားမှုနှင့် အပြန်အလှန်အကျိုးရှိမှုတို့အပေါ် အခြေခံ၍ တရုတ်နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
#စည်းကြပ်ခွန်စစ်ပွဲ #ကုန်သွယ်ရေးစစ်ပွဲ #တရုတ်_အမေရိကန် #နိုင်ငံခြားရေးဝန်ကြီးဌာန
……………………………..
(Chinese Version)
外交部:如果美方想通过对话谈判解决问题 就应该停止威胁施压
新华社北京4月29日电(记者邵艺博、袁睿)外交部发言人郭嘉昆29日就美国财长关税战相关言论回答记者提问。
当日例行记者会上,有记者问:美国财长贝森特28日称,缓和关税战取决于中方,因为中国对美出口是美国对华出口的5倍,所以征收125%的关税不可持续。你是否同意中方有责任率先缓和局势?
郭嘉昆表示,中方多次阐明,关税战、贸易战没有赢家。这场关税战是美方发起的。如果美方想通过对话谈判解决问题,就应该停止威胁施压,在平等、尊重、互惠的基础上同中方开展对话。(完)