Videos
ဖန်နင်းခြင်း၊ ဓါးတောင်တက်ခြင်းကို ယူနန်ပြည်နယ်မှာ ကြည့်ရှုကြပါ
ယူနန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)
မကြာခင်က ယူနန်ပြည်နယ် လုံချွမ်းခရိုင်တွင် ၂၀၂၅ ခုနှစ် လီဆူတိုင်းရင်းသား ရိုးရာ နှစ်သစ်ကူးဖြစ်သည့် ခေါ့ရှီပွဲတော်(阔时节)ကို ကျင်းပခဲ့ပါသည်။
ဒေသခံလီဆူတိုင်းရင်းသားမွေးချင်းများနှင့် ဒေသအသီးသီးမှ ခရီးသွားဧည့်သည်များသည် ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။
ဖန်နင်းခြင်း၊ ဓါးတောင်တက်ခြင်း စသည့် ခက်ခဲသော ဖျော်ဖြေမှုသည် ပွဲတော်အစီအစဉ်၏ အထွတ်အထိပ် ဖြစ်ပေသည်။
ဖျော်ဖြေသူများသည် ချွန်ထက်သော ဖန်ကွဲစများပေါ်တွင် ခြေဗလာဖြင့် လမ်းလျှောက်၊ ကခုန်၊ လဲလျောင်း ပြကြရာ ရင်ခုန်တုန်လှုပ်ဖွယ်ကောင်းသော လှုပ်ရှားမှုများက ကြည့်ရှုသူများကို တအံ့တဩဖြစ်စေခဲ့သည်။ ၎င်းတို့၏ ဓားတောင်တက်သည့်ဖျော်ဖြေမှုကလည်း အလားတူပင် အံ့ဖွယ်ကောင်းရာ လီဆူသူရဲကောင်းတို့၏ ရဲစွမ်းသတ္တိနှင့် ကြံ့ကြံ့ခိုင်သော စိတ်ဓာတ်ကို ပေါ်လွင်စေပေသည်။
ခေါ့ရှီပွဲတော်သည် လီဆူတိုင်းရင်းသားတို့၏ စည်ကားသိုက်မြိုက်ဆုံးသော ရိုးရာပွဲတော်ဖြစ်ရာ ယင်းတိုင်းရင်းသားမွေးချင်းများက ပျော်ရွှင်ဖွယ်ရာ သီချင်းသံနှင့် သက်ဝင်လှုပ်ရှားသည့် အကဟန်များဖြင့် ဘဝအား နှစ်သက်ခုံမင်မှု၊ အနာဂတ်အား မျှော်လင့်မှုကို လက်ဆင့်ကမ်းပေးကြသည်။ (Xinhua)
……………………………………..
(English Version)
2月4日,云南省陇川县民族文化广场热闹非凡,“大美陇川”2025年傈僳族阔时节在此举行。当地傈僳族同胞和各地游客沉浸在狂欢盛宴中。
踩玻璃、上刀山等传统绝技表演是活动的高潮。表演者赤脚在尖锐的玻璃渣上行走、跳跃、平躺,惊险刺激的动作让观众惊叹连连,他们的上刀山表演同样震撼人心,彰显了傈僳族勇士无畏的勇气与坚韧的精神。
阔时节是傈僳族最为隆重盛大的传统节日,傈僳族同胞用欢快的歌声和灵动的舞姿,传递对生活的热爱、对未来的憧憬。