ASEAN
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် တရုတ်က ခိုင်မာစွာ လုပ်ဆောင်လျက်ရှိဟု လာအိုဝန်ကြီးချုပ် ပြောကြား
ဗီယင်ကျန်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် နှင့်လူသားအားလုံးအတွက်ကမ္ဘာ့ကျန်းမာရေးအသိုက်အဝန်းတည်ဆောက်ရေးကိုအထောက်အကူပြုရန် တရုတ်နိုင်ငံက ခိုင်မာစွာ လုပ်ဆောင်လျက်ရှိသည်ဟု လာအိုဝန်ကြီးချုပ် Phankham Viphavanh က ပြောကြားခဲ့သည်။သြဂုတ် ၁၁ ရက် တွင် ပြုလုပ်သည့် တရုတ်နိုင်ငံမှ လှူဒါန်းသော COVID-19 ကာကွယ်ဆေးပဉ္စမအသုတ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် Phankham က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့သည်။
လာအိုကျန်းမာရေးဝန်ကြီးဌာန၌ကျင်းပသော အခမ်းအနားတွင် လာအိုနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Jiang Zaidong က လာအိုနိုင်ငံ ဝန်ကြီးချုပ်ထံသို့ အသစ်ရောက်ရှိလာသော ကာကွယ်ဆေးများအား တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။
COVID-19တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံအနေဖြင့် လာအိုနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုအား အမြဲဦးစားပေးဆောင်ရွက်ခဲ့ကြောင်း Jiang ကပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် လာအိုနိုင်ငံသို့ ကာကွယ်ဆေး ၂.၉ သန်းကျော်အားလှူဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် နောက်ထပ်လည်း ကာကွယ်ဆေးများနှင့် ဆေးဝါးအထောက်အပံ့များကို မကြာမီကာလတွင် ထပ်မံ ထောက်ပံ့သွားမည်ဖြစ်စ်ကြောင်း Jiang က ဖြည့်စွက်ပြောကြားခဲ့သည်။လက်ရှိကမ္ဘာ့ကပ်ရောဂါအခြေအနေမှာ ဆိုးရွားနေဆဲဖြစ်ကြောင်းနှင့် လူများသည် အသက် ၊အိုးအိမ် ဆုံးရှုံးမှုအား ကြီးမားစွာခံစားနေရကြောင်း Phankham ကဆိုသည်။
တရုတ်နိုင်ငံသည် တာဝန်ယူမှုတာဝန်ခံမှုရှိသော နိုင်ငံကြီးတစ်နိုင်ငံအနေဖြင့် နိုင်ငံတကာကာအသိုက်အဝန်းအား ယုံကြည်စိတ်ချရသော၊ လုံခြုံထိရောက်သော COVID-19 ကာကွယ်ဆေးနှင့် ကပ်ရောဂါတိုက်ဖျက်ရေးဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ခြင်း၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ဉာဏပိုင်းဆိုင်ရာထောက်ပံ့မှုများအား လာအိုနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ အား ထောက်ပံ့ခဲ့ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုအားကောင်းသော လုပ်ဆောင်ချက်များနှင့်အတူ လူသားအားလုံးအတွက် ကမ္ဘာ့ကျန်းမာရေးအသိုက်အဝန်းတည်ဆောက်ရေး ကို ထောက်ပံ့ခဲ့ခြင်းအပေါ် လာအိုနိုင်ငံအနေဖြင့်လွန်စွာကျေးဇူးတင်ကာ တန်ဖိုးထား လေးစားကြောင်းလည်း Phankham ကဆိုသည်။တရုတ်နိုင်ငံမှ လှူဒါန်းခဲ့သော ငါးသုတ်မြောက် COVID-19 ကာကွယ်ဆေးသည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့သို့ သြဂုတ် ၇ ရက်တွင် ရောက်ရှိခဲ့သည်။ (Xinhua)
#လာအို #ဗီယင်ကျန်း #ကပ်ရောဂါ #ဆင်ဟွာ
#Lao #Vientiane #Epidemic #Xinhua #Myanmar #XinhuaMyanmar
——————————————-
(English Version)
Lao PM says China taking concrete actions to deepen global anti-epidemic cooperation
VIENTIANE, Aug. 12 (Xinhua) — Lao Prime Minister Phankham Viphavanh has said that China is taking concrete actions to deepen the global anti-epidemic cooperation and contribute to the building of a global community of health for all.
Phankham made the remarks when addressing the handover ceremony for the fifth batch of China-donated COVID-19 vaccines on Wednesday.
Chinese Ambassador to Laos Jiang Zaidong officially handed over the newly-arrived vaccines to the Lao prime minister at the ceremony held here in Lao health ministry.
Jiang said China has always given priority to the cooperation with the Lao side in the fight against the COVID-19, adding that China has donated over 2.9 million doses of vaccines to Laos, and will soon provide more vaccines and medical supplies.
Phankham said the current global epidemic situation is still grave, and people are suffering huge loss of life and property. China has acted as a major responsible country, provided the international community with reliable, safe and effective COVID-19 vaccines and anti-epidemic medical supplies, offered material, medical experts and intellectual support to developing countries including Laos, promoted the deepening of the global anti-epidemic cooperation with concrete actions, and contributed to the building of a global community of health for all, which the Lao side highly appreciates and sincerely admires, said Phankham. The fifth batch of China-donated COVID-19 vaccine arrived in the Lao capital Vientiane on Aug. 7. Enditem