Connect with us

Politics, Law & Military

တရုတ်နိုင်ငံက အီရန်နိုင်ငံနှင့် ဆက်ဆံရေးအဆင့်မြှင့်တင်နိုင်ရန် မျှော်လင့်

တရုတ်နိုင်ငံသို့ မကြာမီလာရောက်လည်ပတ်မည့် အီရန်သမ္မတ၏ ခရီးစဉ်သည် တရုတ်-အီရန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ကြီးမားစွာတိုးတက်မှု မြှင့်တင်နိုင်မည့် အခွင့်အလမ်းတစ်ရပ်အဖြစ် ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဖေဖော်ဝါရီ ၁၃ ရက်၌ ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ အီရန်နိုင်ငံ သမ္မတ Ebrahim Raisi သည် ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ အဆိုပါ ခရီးစဉ်သည် သမ္မတ Raisi ၏ ပထမဆုံး တရုတ်နိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်း ဝမ်က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ခရီးစဉ်အတွင်း သမ္မတနှစ်ဦးတို့သည် အတူတွေ့ဆုံဆွေးနွေးပြီး တရုတ်-အီရန် ဆက်ဆံရေး အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ရန် အစီအစဉ်များ ရေးဆွဲသွားမည် ဖြစ်ကြောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဘုံဂရုပြုချက်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua) xhtxs.cn/EDk

………………………………

China looks forward to advancing ties with Iran: spokesperson
China looks forward to working with Iran to take the upcoming China visit by the Iranian president as an opportunity to promote greater development of the China-Iran comprehensive strategic partnership, Chinese Foreign Ministry spokesperson Wang Wenbin said Monday.
At the invitation of President Xi Jinping, President of the Islamic Republic of Iran Ebrahim Raisi will pay a state visit to China from Feb. 14 to 16, according to the foreign ministry.
Noting that this will be President Raisi’s first visit to China, Wang said at a regular press briefing that the two presidents will hold talks, jointly plan and lead the future development of bilateral relations, and exchange views on regional and international issues of common concern during the visit. xhtxs.cn/EDk