Asia
တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံး စွန့်ပစ်အမှိုက်မှ လျှပ်စစ်ထုတ်လုပ်မှု စီမံကိန်း အကောင်အထည်ဖော်မည်
ဒါကာ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းတစ်ခုက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စီးပွားရေးမိတ်ဖက်များနှင့် စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ထုတ်လုပ်ခြင်း စီမံကိန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ် ၄ ခုကို ဒီဇင်ဘာ ၁ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။သဘောတူစာချုပ်များအရ China Machinery Engineering Corporation (CMEC) က ဒါကာမြို့တော် အပြင်ဘက် Aminbazar မြို့တွင် ၄၂.၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော စွန့်ပစ်အမှိုက်မှ လျှပ်စစ်ထုတ်လုပ်သော စက်ရုံ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Li Jiming တို့ တက်ရောက်ခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဒါကာမြို့တွင် မြူနီစီပယ် စွန့်ပစ်အမှိုက်များအား သင့်တင့်လျောက်ပတ်စွာ စီမံခန့်ခွဲမှု လုပ်ဆောင်နိုင်ရန် စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ထုတ်လုပ်မှု စီမံကိန်းတစ်ခုကို အချိန်ကြာမြင့်စွာ ဆောင်ရွက်လျက်ရှိသည်။
ဘဏ္ဍာရေးဝန်ကြီး AHM Mustafa Kamal ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ငွေပေးချေမှုဆိုင်ရာ ကက်ဘိနက်ကော်မတီသည် ထိုစီမံကိန်းကို အကောင်အထည်ဖော်မည့် CMEC နှင့် သက်တမ်း ၂၅ နှစ်ရှိသော သဘောတူစာချုပ်တစ်ခုကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အစည်းအဝေးတစ်ခု၌ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
စီမံကိန်းသဘောတူစာချုပ်အရ စွန့်ပစ်အမှိုက်မှ လျှပ်စစ်ထုတ်လုပ်မှုစက်ရုံတွင် ၄၂.၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်းဖြစ်ပြီး မြို့တော် ဧရိယာမှ သိမ်းဆည်းထားသော အမှိုက်အသစ် တစ်နေ့လျှင် တန် ၃,၀၀၀ ခန့်ကို ကိုင်တွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ လျှပ်စစ်၊ စွမ်းအင်နှင့် သတ္တုအရင်းအမြစ်များဆိုင်ရာ ဝန်ကြီး Nasrul Hamid က အဆိုပါ စီမံကိန်းအတွက် အဆိုပြုလုပ်ငန်း ၁၇ ခုအနက် နည်းပညာနှင့် ဘဏ္ဍာရေးအလားအလာရှိသော တရုတ်စီးပွားရေးလုပ်ငန်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းသို့ ဆောင်ရွက်ခြင်းကြောင့် စွန့်ပစ်အမှိုက်ပမာဏ သုံးပုံတစ်ပုံ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ၎င်းစီမံကိန်းသည်တစ်ခါသုံးပစ္စည်းများ၏ အမှိုက်များ လျှော့ချရေးနှင့် ဒါကာမြို့နှင့် သဘာဝပတ်ဝန်းကျင် အလုံးစုံသန့်ရှင်းရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ဒါကာမြို့ရှိ ဘယ်နေရာမှာမဆို စွန့်ပစ်အမှိုက်တွေ လုံးဝရှိတော့မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်” ဟု ဒေသန္တရအစိုးရနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဝန်ကြီး Tazul Islam က ပြောခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Li က ဤစီမံကိန်းက ဘင်္ဂလားဒေ့ရှ်နှင့် တရုတ် အစိုးရနှစ်ရပ်လုံးအတွက် အလွန်အရေးပါကြောင်း ပြောကြားခဲ့သည်။
“ဘင်္ဂလားဒေ့ရှ် အစိုးရက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ သန့်ရှင်းသောစွမ်းအင် အရင်းအမြစ်ရရှိရန် ရည်ရွယ်ချက် လျှပ်စစ်ထုတ်လုပ်မှု တိုးမြှင့်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
“ပြီးတော့ တရုတ်နိုင်ငံက အစိမ်းရောင်နဲ့ ကာဗွန်လျှော့ချစီးပွားရေးသို့ အသွင်ကူးပြောင်းရေး အရှိန်မြှင့်တင်ဆောင်ရွက်ရန် ကတိပြုထားပါတယ်” (Xinhua)
…………………………………………
(English Version)
Chinese firm to implement Bangladesh’s 1st waste-to-energy project
Source: Xinhua| 2021-12-02 00:02:25|Editor: huaxia
DHAKA, Dec. 1 (Xinhua) — A Chinese firm signed four project investment agreements on a waste-to-energy project with its Bangladeshi partners here on Wednesday.
According to the agreements, China Machinery Engineering Corporation (CMEC) will set up a 42.5-megawatt waste-to-energy power plant at Aminbazar on the outskirts of capital Dhaka.
Several Bangladeshi ministers, officials and Chinese Ambassador to Bangladesh Li Jiming attended the signing ceremony.
Bangladesh has long been pursuing a waste-to-energy project to ensure proper municipal waste management in Dhaka.
Bangladesh’s Cabinet Committee on Purchase, headed by Finance Minister AHM Mustafa Kamal, in a meeting in November last year approved a 25-year deal with CMEC, which will implement the project.
According to a project document, the waste to energy power plant has a capacity of 42.5 megawatts and processes around 3,000 tonnes of fresh waste per day collected from the capital area.
Bangladeshi State Minister for Power, Energy and Mineral Resources Nasrul Hamid said they selected the Chinese firm among 17 candidates as they found it to be technically and financially viable for this project.
As waste volume will decrease to one-third due to the initiative, officials said this project will help them reduce open disposal of waste and keep the Dhaka city and its overall environment cleaner.
“I believe Bangladesh will see that waste is no more remaining anywhere else (in Dhaka),” said Tazul Islam, Bangladeshi minister for Local Government and Rural Development.
In his speech, Ambassador Li said the project has great importance to both the Bangladeshi and Chinese governments.
“…we know the government of Bangladesh is endeavoring to increase electricity production while aiming to source renewable and clean energy,” he said.
“And China is committed to accelerating its transition to a green and low carbon economy as well.” Enditem
Photo taken on Jan. 3, 2021 shows solar panels installed on a factory building in Gazipur on the outskirts of capital Dhaka, Bangladesh. (Xinhua)