Asia
ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၃ ဦးသေဆုံး ၊ ၉ ဦးပျောက်ဆုံးနေ
မနီလာ ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်းမုန်တိုင်း Kompasu တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်သည် ၁၃ ဦးထိ မြင့်တက်လာပြီး အခြားလူ ၉ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဖိလစ်ပိုင်အစိုးရက ယနေ့ အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ဖိလစ်ပိုင်နိုင်ငံ ဘေးအန္တရာယ်လျှော့ချရေး နှင့် စီမံခန့်ခွဲရေး ကောင်စီက သေဆုံးသူအများစုမှာ နိုင်ငံမြောက်ပိုင်းဒေသများနှင့် Luzon ကျွန်းတည်ရှိရာ ကျွန်းစုပြည်နယ်တစ်ခုဖြစ်သည့် Palawan ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ရေကြီးမှု နှင့် မြေပြိုမှုများကြောင့် ဖြစ်ကြောင်း ဆိုသည်။
အောက်တိုဘာ ၁၂ ရက်တွင် ဖိလစ်ပိုင်နိုင်ငံအား တိုက်ခတ်ခဲ့သော အပူပိုင်းမုန်တိုင်းသည် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကို ဖြစ်ပေါ်စေခဲ့ရာ လူပေါင်း ၂,၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။
မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းဒေသများတွင် ထိခိုက်ပျက်စီးမှု များစွာဖြစ်ပေါ်ခဲ့ရကြောင်း ဘေးအန္တရာယ်လျှော့ချရေး နှင့် စီမံခန့်ခွဲရေး အေဂျင်စီက ဆိုသည်။ ထို့ပြင် စိုက်ပျိုးရေးကဏ္ဍတွင် ဆုံးရှုံးပျက်စီးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၉.၇ သန်းခန့်ရှိကြောင်း ခန့်မှန်းထားသည်။
အပူပိုင်းမုန်တိုင်း Kompasu သည် တနင်္လာနေ့က ဖိလစ်ပိုင်ကုန်းမြေအား စတင်ဝင်ရောက်ခဲ့ပြီး ယင်းသည် ယခုနှစ်အတွက် ဖိလစ်ပိုင်နိုင်ငံ၌ တိုက်ခတ်ခဲ့သော ၁၃ လုံးမြောက် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဖြစ်ကြောင်း သိရသည်။
တိုင်ဖွန်း နှင့် အပူပိုင်းမုန်တိုင်းများသည် အနောက်ပစိဖိတ်ပင်လယ်အတွင်း တိုင်ဖွန်းမုန်တိုင်းလမ်းကြောင်းပေါ်တွင် ကျရောက်နေသော ဖိလစ်ပိုင်ကျွန်းစုအား မကြာခဏတိုက်ခတ်လေ့ရှိရာ မုန်တိုင်းဒဏ်ကြောင့် လူ့အသက် ရာပေါင်းများစွာ သေဆုံးခဲ့ရသလို ပျက်စီးဆုံးရှုံးမှု တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံများစွာရှိခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံတွင် နှစ်စဉ် ခန့်မှန်းခြေ တိုင်ဖွန်းမုန်တိုင်း အလုံး ၂၀ ခန့်တိုက်ခတ်လေ့ရှိပြီး ယင်းတို့အနက်အများစုမှာ နိုင်ငံမြောက်ပိုင်းရှိ Luzon ကျွန်း နှင့် နိုင်ငံအလယ်ပိုင်း Visayas ကျွန်းစု အရှေ့ပိုင်း ဒေသများအား အများဆုံးသက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။
(Xinhua)
—————————————————-
(English Version)
Death toll from tropical storm in Philippines rises to 13, 9 missing
MANILA, Oct. 13 (Xinhua) — The death toll from the severe tropical storm Kompasu has risen to 13 and that nine people are missing, the Philippine government said Wednesday.
The National Disaster Risk Reduction and Management Council said that most victims died from landslides and flooding in the northern Philippine regions and Palawan, an archipelagic province located off Luzon island.
The tropical storm, which exited the Philippines on Tuesday, triggered flash floods and landslides. Nearly 2,000 people were evacuated to safety.
The damage was heaviest in the northern Philippine regions, the agency said. Damage to agriculture there was estimated at 9.7 million U.S. dollars.
Tropical storm Kompasu, which made landfall on Monday, is the 13th tropical cyclone to lash the Philippines this year.
Typhoons and tropical storms regularly batter the Philippine archipelago, which straddles the typhoon belt in the western Pacific Ocean, claiming hundreds of lives and cause billions of dollars in damages.
Approximately 20 typhoons enter the Southeast Asian country each year. Of the islands that make up the Philippines, northern Luzon and the eastern Visayas in the central Philippines are most commonly affected. Enditem
(1,2)Philippine Coast Guard (PCG) conducts a rescue operation following a hit of the tropical cyclone Kompasu in Cagayan province, Philippines, October 12, 2021.