Connect with us

Europe

ယူကရိန်းတင်းမာမှုများဖြစ်နေစဉ်အတွင်း အမေရိကန်က ဥရောပသို့ နောက်ထပ် တပ်ဖွဲ့ဝင် ၃,၀၀၀ ထပ်မံစေလွှတ်မည်

အာဖဂန်နစ္စတန်နိုင်ငံ Helmand ပြည်နယ် Antonik တပ်စခန်း၌ အမေရိကန်တပ်ဖွဲ့များ၏ အဓိကစစ်ဆင်ရေးအခြေစိုက်စခန်းတစ်ခုအား လွှဲပြောင်းပေးအပ်သည့်အခမ်းအနား ကျင်းပနေသည်ကို ၂၀၂၁ ခုနှစ် မေ၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ၏ နယ်စပ်များတွင် တင်းမာမှုများဖြစ်ပေါ်နေစဉ်အတွင်းမှာပင် အမေရိကန်နိုင်ငံက ဥရောပသို့ နောက်ထပ်တပ်ဖွဲ့ဝင်များအား စေလွှတ် တပ်ဖြန့်ချထားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါတပ်ဖြန့်ချထားမှုတွင် လက်ရှိ ဂျာမနီနိုင်ငံ၌ အခြေစိုက်နေသော အမေရိကန်တပ်ဖွဲ့ဝင် ၁,၀၀၀ ကို ရိုမေးနီးယားနိုင်ငံသို့ ပြောင်းရွှေ့တပ်ချထားခြင်း နှင့် အခြား တပ်ဖွဲ့ဝင် ၂,၀၀၀ ကို အမေရိကန်နိုင်ငံမှ ဂျာမနီ နှင့် ပိုလန် နိုင်ငံများသို့ စေလွှတ်ခြင်းတို့ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ John Kirby က ပင်တဂွန်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

“ဒါတွေက အတည်တကျ ပြောင်းရွှေ့မှုတွေ မဟုတ်ပါဘူး။ လက်ရှိလုံခြုံရေး ပတ်ဝန်းကျင်အနေအထားကို တုံ့ပြန်ဖို့ ရည်ရွယ်လုပ်ဆောင်တဲ့ ပြောင်းရွှေ့မှုသက်သက်ပဲ ဖြစ်ပါတယ်။ဒီထက်ပိုပြီး ပြောရမယ်ဆိုရင် ဒီတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းနိုင်ငံမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ သွားနေတာ မဟုတ်ပါဘူး။”ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒီလှုပ်ရှားမှုတွေဟာ ဘယ်လို ရန်စမှုမျိုးကိုမဆို ဟန့်တားကာကွယ်ဖို့ နဲ့
ကျွန်တော်တို့ရဲ့ (မြောက်အတ္တလန္တတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ -NATO)မဟာမိတ်တွေ ဖက်က သေချာခိုင်မာစွာ အသင့်ရပ်တည်နေတဲ့အကြောင်းကို ကမ္ဘာကြီးဆီ ယုံမှားသံသယဖြစ်စရာမရှိတဲ့ အချက်ပြမှုတွေပဲ ဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ John Kirby က ဖြည့်စွက်ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်လာနိုင်ဖွယ်ရှိသည်ဟုဆိုကာ အမေရိကန်နိုင်ငံသည် ၎င်း၏ တပ်ဖွဲ့ဝင် ၈,၅၀၀ ခန့်ကို အမြင့်ဆုံးတပ်လှန့်ထားခဲ့သည်။ ယင်းအစီအမံသည် NATO၏ NRF ဟု ခေါ်ဆိုသော အလျှင်အမြန်တုံ့ပြန်ရေးတပ်ဖွဲ့အား အသက်သွင်းရန် ဆုံးဖြတ်လာပါက အချိန်တိုအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များကို တပ်ဖြန့်သွားနိုင်ရန်ဖြစ်သည်။

တပ်ဖြန့်ချထားမည့် စစ်သားများသည် အမြင့်ဆုံးတပ်လှန့်ထားသော တပ်ဖွဲ့ဝင် ၈,၅၀၀ ဦးထဲမှ မဟုတ်ဘဲ သီးခြားတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ၊ အဆိုပါ တပ်ဖြန့်ချထားမည့် တပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်စွဲထားသည့် အိမ်ရှင်နိုင်ငံများနှင့် နှစ်ဖက် အပြန်အလှန်အခြေခံအချက်‌အပေါ်တွင် လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်ပြီး မဟာမိတ်အဖွဲ့က NRF ကို အသက်မသွင်းရသေးသည့်အတွက်ကြောင့် NATO ၏ ကွပ်ကဲအုပ်ချုပ်မှု အောက်တွင် မဟုတ်ဘဲ အမေရိကန်နိုင်ငံ၏ တိုက်ရိုက်ညွှန်ကြားမှုအောက်တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းတပ်ဖြန့်ချထားခြင်းသည် ရုရှားနိုင်ငံက NATO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအား တိုက်ခိုက်လာဖွယ်ရှိသည့် စိုးရိမ်မှုများအား တုံ့ပြန်ရန် ဟုတ်/မဟုတ် မေးမြန်းချက်အပေါ် ကြိမ်ဖန်များစွာ ငြင်းဆိုနေပြီး ပြောရေးဆိုခွင့်ရှိသူက လာမည့် ရက်များ သို့မဟုတ် လများအတွင်း နောက်ထပ်တပ်ဖြန့်ချထားခြင်းဖြင့် အမေရိကန်တပ်ဖွဲ့ဝင်များ ပိုမို များပြားလာနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပြီး ဗြိတိန် ၊ ပြင်သစ် နှင့် ဒိန်းမတ်နိုင်ငံတို့ အပါအဝင် အခြား NATO နိုင်ငံများသည် မဟာမိတ်အဖွဲ့၏ အရှေ့ဘက်ခြမ်းအား ကျားကန်ပေးရန် ပြောင်းရွှေ့လာမည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က မကြာမီကာလအတွင်း အရှေ့ဥရောပ နှင့် NATO နိုင်ငံများသို့ အမေရိကန်တပ်ဖွဲ့ဝင်များ ပြောင်းရွှေ့သွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ သမ္မတက အမေရိကန် တပ်ဖွဲ့များကို NATO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ မဟုတ်သည့် ယူကရိန်းနိုင်ငံသို့ တိုက်ရိုက်စေလွှတ်သွားမည် မဟုတ်ဆိုသည့် မူဘောင်ကို ထိန်းသိမ်းထားကြောင်း ဆိုသည်။ (Xinhua)

——————————
(English Version)
U.S. to deploy additional 3,000 troops to Europe amid Ukraine tensions
WASHINGTON, Feb. 2 (Xinhua) — The United States will deploy additional troops to Europe, the Defense Department announced Wednesday, citing tensions on Ukraine’s borders.
The deployment includes 1,000 troops currently based in Germany to be repositioned to Romania and another 2,000 troops to be sent from the United States to Germany and Poland, John Kirby, the Defense Department’s spokesman, said during a press conference at the Pentagon.
“These are not permanent moves. They are moves designed to respond to the current security environment. Moreover, these forces are not going to fight in Ukraine,” Kirby said.
“These movements are unmistakable signals to the world that we stand ready to reassure our (North Atlantic Treaty Organization) allies and deter and defend against any aggression,” he added.
The United States has already put some 8,500 troops on “heightened alert,” in preparation for what it claimed to be an “imminent” Russian invasion of Ukraine. The measure will enable the troops to be deployed on short notice if NATO decides to activate its rapid response force known as the NRF.
Kirby said the troops being deployed are separate from those put on high alert. They will operate on a bilateral basis with their host countries, and will be under U.S. command — not NATO command – since the alliance has yet to activate the NRF.
Repeatedly declining to say whether the deployment was in response to fears that Russia could attack a NATO country, the spokesman said the U.S. troops could be augmented by additional deployments in the coming days or months, noting that other NATO countries – including Britain, France and Denmark – have also moved to shore up the alliance’s eastern flank.
President Joe Biden said Friday he “will be moving U.S. troops to Eastern Europe and the NATO countries in the near term.” The president has maintained that no U.S. forces will be sent directly to Ukraine, which is not a NATO member. ■