Connect with us

North America

အမေရိကန်နိုင်ငံ၌ ကာကွယ်ဆေးထိုးနှံမှု ၇၀ ရာခိုင်နှုန်းရည်မှန်းချက် ပြည့်မီခြင်းမရှိသေးသော်လည်း ဆေးထိုးနှံရေးစင်တာများ စတင်ပိတ်သိမ်း

အမေရိကန်နိုင်ငံရှိ ကာကွယ်ဆေးထိုးနှံရေးစင်တာတစ်ခုတွင် လာရောက်ဆေးထိုးနှံမှုခံယူသူများ မိမိကားပေါ်တွင် တန်းစီစောင့်ဆိုင်းနေကြသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် ဇူလိုင် ၄ ရက်အထိ နိုင်ငံတစ်ဝှမ်း အရွယ်ရောက်ပြီးသူ ၇၀ ရာခိုင်နှုန်းအား COVID-19 ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံပြီးစီးရေး ပစ်မှတ်ထားဆောင်ရွက်နေသည့် သမ္မတဂျိုးဘိုင်ဒန်၏ ရည်မှန်းချက်ပြည့်မီခဲ့ခြင်း မရှိသေးသော်လည်း ယခုအခါ ကာကွယ်ဆေးထိုးနှံရေးစင်တာများ လျှော့ချရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မီဒီယာက ဖော်ပြခဲ့သည်။အမေရိကန်အစိုးရက ယခုကဲ့သို့ ကာကွယ်ဆေးထိုးနှံရေးစင်တင်များ ပိတ်သိမ်းလိုက်ခြင်းကြောင့် ပြည်သူများအတွက် ကာကွယ်ဆေး ထိုးနှံပေးမည့် နေရာရွေးချယ်ခွင့် နည်းပါးသွားစေမည်ဖြစ်ကြောင်း Wall Street ဂျာနယ်က ယခုရက်သတ္တပတ်အစောပိုင်းက ဆောင်းပါးတစ်ပုဒ်ရေးသားဖော်ပြခဲ့သည်။

“ မကြာသေးခင်က ပိတ်သိမ်းမှုတွေအနက် ချီကာဂိုယူနိုက်တက်စင်တာ ၊ ဘော့စတွန် ရက်ဒ်ဂီလူးဝစ်စင်တာ နဲ့ နယူးယောက်မြို့ထဲက ကာကွယ်ဆေးထိုးပေးတဲ့ ဆေးခန်းကြီးတွေအပါအဝင် ကာကွယ်ဆေးထိုးနှံရေးစင်တာကြီးတွေ ပါသွားပါတယ် ၊ ဒါပေမယ့် လက်ကားဆေးဆိုင်ကြီးတွေမှာတော့ လွယ်လွယ်ကူကူ ဆေးဝင်ထိုးလို့ရပါသေးတယ်။ အဲဒီနေရာတွေဟာ ကြိုတင်စာရင်းပေးဖို့ ဒါမှမဟုတ် ဆေးထိုးခံမယ့်သူတွေဟာ လိုအပ်ချက်ပေါ် အခြေခံတဲ့ စစ်ဆေးမှုခံယူစရာ မလိုပါဘူး ” ဟု သတင်းတွင် ဖော်ပြထားသည်။

“ အခုလာမယ့် ဆောင်းရာသီနဲ့ နွေဦးရာသီအစောပိုင်းကာလတစ်လျှောက် ကာကွယ်ဆေးထိုးနှံရေးကြိုးပမ်းမှုရဲ့ အဓိက စိန်ခေါ်မှုကြီးကတော့ အထောက်အပံ့အလုံအလောက်ရဖို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ကြိမ်ထိုးနှံမှုခံယူဖို့ ဆန္ဒရှိသူတွေ အရေအတွက် ကြီးကြီးမားမားရှိနေသလို ဆေးမထိုးချင်သူတွေ ဒါမှမဟုတ် ကာကွယ်ဆေး လွယ်လွယ်ကူကူမရရှိနိုင်တဲ့နေရာကလူတွေ များစွာ ကျန်ရှိနေသေးလို့ အဲလိုလူတွေဆီရောက်ဖို့ ပိုပြီး အားထုတ်လုပ်ဆောင်သွားရမှာပါ ” ဟု သတင်းကဆိုသည်။

သတင်းသတင်းဖော်ပြချက်အရ သမ္မတအိမ်ဖြူတော် COVID-19 ရောဂါဆိုင်ရာ ညှိနှိုင်းရေးမှူး Jeffrey Zients က အရွယ်ရောက်ပြီးသူ ၇၀ ရာခိုင်နှုန်းဆေးထိုးနှံမှု ပြီးစီးရေး ပစ်မှတ်ကို ပြီးခဲ့သော မေလတွင် သမ္မတဂျိုးဘိုင်ဒန်က ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းမှာ အသက် ၃၀ နှစ်အထက် အရွယ်ရောက်ပြီးသူများသာပါဝင်ကြောင်း နှင့် ဆေးထိုးနှံရန် အကြုံဝင်သည့် အသက်အရွယ်အပိုင်းအခြား လူဦးရေ အားလုံးအတွက် မဟုတ်ကြောင်း ဆိုသည်။(Xinhua)

———————————————-
(English Version)

U.S. COVID-19 vaccine sites start to shut down, though 70 pct target is yet to reach: media

NEW YORK, July 3 (Xinhua) — The United States is set to fall short of President Joe Biden’s goal for 70 percent of the adult population to receive at least one dose of the COVID-19 vaccine by July 4, media reported.

As U.S. government-run sites shut down, there will be fewer vaccine locations for the public to choose from, the Wall Street Journal said in an article earlier this week.

“Among the locations recently closed are mass-vaccination sites at Chicago’s United Center, Boston’s Reggie Lewis Center and a handful of large-scale clinics throughout New York. But it also means easier access to shots at retail pharmacies, which no longer require appointments or screen recipients based on need,” said the report.

“This winter and throughout early spring, the biggest challenge to vaccine efforts was getting enough supply. But as a large portion of those willing to receive a shot got one, efforts have become more targeted in an effort to reach people who remain hesitant or lack easy access to vaccines,” said the report.

According to the report, White House COVID-19 coordinator Jeffrey Zients has said that the 70 percent target, set by Biden in May, had been met for those 30 years old and over but not for the overall eligible population.