Connect with us

North America

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ ကွန်ဒိုအဆောက်အဦပြိုကျမှုတွင် သေဆုံးသူ ၁၈ ဦးထိ မြင့်တက်လာ

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီ၌ ကွန်ဒိုအဆောက်အဦတစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားပြီးနောက် ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ ကွန်ဒိုအဆောက်အဦတစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်စဉ်တွင် ကလေးရုပ်အလောင်း ၂ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် သေဆုံးသူပေါင်း ၁၈ ဦးအထိ မြင့်တက်သွားပြီဖြစ်ကြောင်း Miami-Dade ကောင်တီ မြို့တော်ဝန် Daniella Levine Cava က ဗုဒ္ဓဟူးနေ့ တွင် အတည်ပြုပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီ၌ ကွန်ဒိုအဆောက်အဦတစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားပြီးနောက် ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်နေစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီ၌ ကွန်ဒိုအဆောက်အဦတစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားပြီးနောက် ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်နေစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီ၌ ကွန်ဒိုအဆောက်အဦတစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားပြီးနောက် ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်နေစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီ၌ ကွန်ဒိုအဆောက်အဦတစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားပြီးနောက် ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်နေစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Miami-Dade ကောင်တီ၌ ကွန်ဒိုအဆောက်အဦတစ်စိတ်တစ်ပိုင်းပြိုကျမှုဖြစ်ပွားပြီးနောက် ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်နေစဉ်(ဆင်ဟွာ)

“ အပျက်အစီးပုံအောက်မှာ နောက်ထပ် ရုပ်အလောင်း နှစ်လောင်း ထပ်မံရှာဖွေတွေ့ရှိတဲ့အကြောင်း ခင်ဗျားတို့ကို ပြောပြရမှာ သိပ်ကို ဝမ်းနည်းနာကျင်ရပါတယ် ၊ အခုဆို သေဆုံးသူ စုစုပေါင်း အရေအတွက်ဟာ ၁၈ ဦးထိ ရောက်ရှိသွားပါပြီ” ဟု သတင်းစာရှင်းလင်းပွဲတွင် မြို့တော်ဝန်က ဆိုသည်။

မီးသတ် နှင့် ကယ်ဆယ်ရေးအဖွဲ့အကြီးအကဲ Alan Cominsky က ၎င်းတို့၏ ရှာဖွေကယ်ဆယ်ရေးနှင့်ပတ်သက်၍ “ ရှာဖွေရေး နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အသေအချာဆက်လက်လုပ်ကိုင်နေပါတယ်” ဟု ပြောကြားခဲ့ပြီး ကွန်ကရစ်အပျက်အစီးပုံက ၎င်းတို့၏ လုပ်ငန်းစဉ်အတွက် ပိုမိုအခက်တွေ့စေကြောင်း မှတ်ချက်ပြုခဲ့သည်။
“ ဒီလိုမျိုးပြိုကျသွားတဲ့ပုံစံက ဘယ်ကွန်ကရစ်တုံးကိုမဆို ဖယ်ရှားရှင်းလင်းဖို့ သိပ်ကိုခက်ခဲပါတယ်။ ကျွန်တော်တို့ကတော့ ကွန်ကရစ်အပျက်အစီးပုံတွေကို ဖယ်ရှားပစ်ဖို့ ဆက်ပြီး ကြိုးပမ်းနေပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ အဆောက်အဦပြိုကျမှုတွင် အမေရိကန်နိုင်ငံအတွက် ကူညီကယ်ဆယ်ရေး ပါဝင် လုပ်ကိုင်ဆောင်ရွက်ပေးနေသည့် အစ္စရေးကယ်ဆယ်ရေးတပ်ဖွဲ့မှ တပ်မှူး Golan Vach က ယင်းနေ့အစောပိုင်းတွင် ပြောကြားရာ၌ ကယ်ဆယ်ရေးသမားများသည် အင်္ဂါနေ့ ညပိုင်းက လှိုဏ်ခေါင်း အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းဝင်ပေါက်သည် ၎င်းတို့အတွက် ရုပ်အလောင်းများ ဝင်ရောက်ရှာဖွေရန် လုံလောက်သော အကျယ်အဝန်းရှိကြောင်း ဆိုသည်။

“ အခုရှာဖွေတွေ့ရှိတဲ့ လှိုဏ်ခေါင်းဟာ ကယ်ဆယ်ရေးသမားတွေ အဝင်အထွက်ပြုလုပ်ဖို့ လုံလောက်တဲ့အကျယ်အဝန်းရှိတဲ့ ပထမဆုံး လမ်းကြောင်းတစ်ခုပဲ ဖြစ်ပါတယ် ၊ အပျက်အစီးပုံ အများစုဟာ တစ်ခုနဲ့တစ်ခု တင်းတင်းကြပ်ကြပ်ကြီးကို ဖိမိနေကြတာပါ” ဟု CNN ရုပ်သံလိုင်းနှင့်တွေ့ဆုံမေးမြန်းစဉ် Vach က ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် Vach က ၎င်းအနေဖြင့် အသက်ရှင်ကျန်ရစ်သူများ ရှာဖွေတွေ့ရှိရန် မျှော်လင့်ချက် သိပ်ကိုနည်းပါးသွားပြီဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)————————————
(English Version)
The latest: Death toll rises to 18 from Florida condo collapse: mayor

WASHINGTON, June 30 (Xinhua) — The death toll from the condo collapse in Surfside, Florida, has grown to 18 after bodies of two children were discovered, Miami-Dade County Mayor Daniella Levine Cava confirmed Wednesday.

 

“I’m pained to tell you we found two additional bodies in the rubble, which brings our total count to 18 — 18 fatalities,” Miami-Dade County Mayor Daniella Levine Cava said at a news conference.

Fire and Rescue Chief Alan Cominsky said their mission was “absolutely still a search and rescue mission,” noting that the large concrete slabs that were crumbling had made their job more difficult.
“With this type of collapse, (it’s) very difficult to move any of the large concrete slabs. They’re crumbling as we try to move them. Cominsky said.

Earlier in the day, Golan Vach, commander of the Israeli National Rescue Unit — which was providing assistance to its U.S. counterparts on site — said rescuers found new tunnels Tuesday night that are large enough for them to discover bodies.
“These tunnels that we found right now were almost the first to be big enough to enable people to stay between them. Most of the collapse is very, very tight.” Vach said as he was interviewed by CNN.
Vach added he had “very minor” hope teams on the pile would be able to find survivors

Photo released by the Miami-Dade Fire Rescue shows a partially collapsed residential building in Miami-Dade County, Florida, the United States. (Miami-Dade Fire Rescue/Handout via Xinhua)