Asia
အာဖဂန်နစ္စတန်နိုင်ငံရှိ နောက်ထပ်ပြည်နယ် မြို့တော်အား တာလီဘန်က စီးနင်း
ကဘူးလ်၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
တာလီဘန်စစ်သွေးကြွများသည် ဩဂုတ် ၈ ရက်က တစ်ရက်တာ အပြင်းအထန် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း တက်ခ်ဟာပြည်နယ် မြို့တော် Taluqan အား စီးနင်းဝင်ရောက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။“တာလီဘန် စစ်သွေးကြွတွေက ဩဂုတ် ၈ ရက် ညနေပိုင်းလောက်က Taluqan မြို့ရှိ အစိုးရရုံးအားလုံးကို ထိန်းချုပ်လိုက်တယ်။ ပြည်နယ် အကျဉ်းထောင်တွေကိုလည်း ဖောက်လိုက်ပြီးတော့ အကျဉ်းသားတွေကို လွှတ်ပေးလိုက်တယ်” ဟု ဒေသခံတစ်ဦးဖြစ်သူ Mohammad Salim က ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ယင်းမြို့၏ အပြင်ဘက် နယ်မြေများဆီသို့ ဆုတ်ခွာခဲ့ကြောင်း ၎င်းက ဆိုသည်။တက်ခ်ဟာပြည်နယ် မြို့တော်ကို ဩဂုတ် ၈ ရက် ညနေပိုင်းက သိမ်းယူခဲ့ပြီးနောက် ယင်းပြည်နယ်ကို တာလီဘန်ဘက်က ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း တာလီဘန် ပြောရေးခွင့်ရှိသူ Zabihullah Mujahid က ၎င်း၏ လူမှုမီဒီယာ၌ ရေးသားခဲ့သည်။ အစိုးရအတွက် အလုပ်လုပ်ပေးနေသော ဒေသခံများ၊ သတင်းထောက်များနှင့် ကဏ္ဍမျိုးစုံမှ တက်ကြွလှုပ်ရှားသူများအနေဖြင့် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ ရင်ဆိုင်ရမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စစ်သွေးကြွအုပ်စုသည် Taluqan မြို့အား သိမ်းဆည်းရန်နှင့် ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်ရန် တိုက်ခိုက်စဉ် မကြာသေးမီ သတင်းပတ်များက တက်ခ်ဟာပြည်နယ်ရှိ ဆင်ခြေဖုန်းခရိုင်များအားလုံးကို ထိန်းချုပ်ထားကြောင်း သိရသည်။
ယင်းနေ့ အစောပိုင်းက တာလီဘန်စစ်သွေးကြွများသည် တက်ခ်ဟာပြည်နယ် အနောက်ပိုင်း ကွန်ဒုဇ်ပြည်နယ် မြို့တော် ကွန်ဒုဇ်မြို့ရှိ မြေပြင်အား ရရှိခဲ့သလို Sari Pul ပြည်နယ် မြို့တော် Sari Pul မြို့ကိုလည်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထို့ပြင် တာလီဘန်များက Nimroz ပြည်နယ် မြို့တော် အနောက်ပိုင်း Zaranj မြို့အား ဩဂုတ် ၆ ရက်က သိမ်းဆည်းခဲ့ကြောင်း သိရသည်။မေလက အမေရိကန် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ စတင်ရုပ်သိမ်းချိန်မှစ၍ တာလီဘန်များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆက်လက် ဆန့်ကျင်တိုက်ခိုက်လျက်ရှိခြင်းကြောင့် အာဖဂန်နစ္စတန်နိုင်ငံရှိ မြို့များစွာနှင့် နိုင်ငံအတွင်းရှိ ပြည်နယ် ၃၄ ပြည်နယ်၏ ထက်ဝက်ခန့်မှာ မကြာသေးမီ ရက်သတ္တပတ်များက အပြင်းအထန် တိုက်ပွဲများနှင့် လမ်းဘေးတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ (Xinhua)
———————————————–
(English Version)
Taliban overruns another Afghan provincial capital
KABUL, Aug. 8 (Xinhua) — Taliban militants on Sunday took control over Taluqan city, capital of Afghanistan’s northern Takhar province after day-long heavy clashes, according to local residents.
“Taliban militants took control of all government offices roughly at the evening on Sunday in Taluqan. They also broke the provincial prison and released the inmates,” resident Mohammad Salim told Xinhua via phone.
The security forces retreated to areas on the outskirts of the city, he said.Meantime, Taliban spokesman Zabihullah Mujahid wrote on his social media that the Taliban took control of Takhar province after capturing its capital late on Sunday. He said that local residents, including people who worked for government, reporters and activists in different sectors will be safe and they will not face any threat.
The militant group had control over all suburban districts of Takhar in recent weeks while they were fighting to seize Taluqan and capture the whole province.
Earlier in the day, the militant group seized Sari Pul city, capital of northern Sari Pul province while they also gained ground in Kunduz city, capital of Kunduz province, in the west of Takhar.
On Friday, Taliban seized Zaranj city, capital of western Nimroz province.
Many Afghan cities and about half of the country’s 34 provinces have been the scene of heavy battles and street fighting in recent weeks, as Taliban continued their fighting against security forces since the start of withdrawal of U.S.-led troops in May. Enditem
Photo : Afghan army soldiers take part in a military operation against Taliban militants in Kunduz Province, Afghanistan, Dec. 25, 2019. Afghan government forces stormed a Taliban hideout in Khan Abad district of the northern Kunduz province on Thursday, killing five insurgents and wounding three others, a local police commander Sarfaraz Khan said. (Photo by Ajmal Kakar/Xinhua)