North America
ဂျော့ချ်ဖလွိုက်သေဆုံးမှုအတွက် အမေရိကန် ရဲအရာရှိဟောင်း Derek Chauvin အား ထောင်ဒဏ် ၂၂ နှစ်ခွဲချမှတ်
ဝါရှင်တန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် မင်နီရာပိုလစ်မြို့တွင် ပြီးခဲ့သည့်နှစ်က အာဖရိကန် အမေရိကန်လူမျိုး ဂျော့ချ်ဖလွိုက် (GeorgeFloyd) အား သတ်မှုဖြင့် အမေရိကန် ရဲအရာရှိဟောင်း Derek Chauvin အား ဇွန် ၂၅ ရက်က ထောင်ဒဏ် လပေါင်း ၂၇၀ သို့မဟုတ် ၂၂ နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
Chauvin သည် “မင်နီဆိုးတားတွင် လူမည်းကိုသတ်သည့်အတွက် ထောင်ဒဏ်ရင်ဆိုင်ရသည့် ပထမဆုံး လူဖြူအရာရှိဖြစ်ကြောင်း” Minnesota Public Radio အရ သိရသည်။
“ဖလွိုက် မိသားစုရဲ့ နာကျင်မှုကို ကျွန်တော်တို့ အသိအမှတ်ပြုဖို့လိုပါတယ်” ဟု Hennepin ကောင်တီ တရားသူကြီး Peter Cahill က တရားရုံး၌ ပြောကြားခဲ့သည်။
အဆိုပါ ပြစ်ဒဏ်မှာ စိတ်ခံစားမှု သို့မဟုတ် ကိုယ်ချင်းစာမှုအပေါ် အခြေခံထားခြင်းမဟုတ်ကြောင်း တရားသူကြီးက မှတ်ချက်ပြုခဲ့သည်။
အမှုကြားနာခြင်းအတွက် တရားရုံးခန်းအတွင်း ဖလွိုက်မိသားစုဝင်များလည်း ရှိခဲ့ကြောင်း သိရသည်။
ဖလွိုက်အား သတ်ဖြတ်မှုတွင် ပြစ်မှုထင်ရှားကြောင်း ဂျူရီအဖွဲ့က ဧပြီလတွင် တွေ့ရှိခဲ့ပြီး Chauvin က ၎င်းအနေဖြင့် “ထပ်တိုး တရားရေးကိစ္စများ” ကြောင့် တရားရုံးတွင် တရားဝင်ထွက်ဆိုချက်ပေးရန် ငြင်းဆန်ခဲ့သော်လည်း ဖလွိုက်မိသားစုအား ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။
Chauvin က ရဲအရာရှိအဖြစ် “ယုံကြည်မှုနှင့် အခွင့်အာဏာ” အား တလွဲအသုံးချခဲ့ကြောင်းနှင့် ဖလွိုက်အဖမ်းခံရစဉ်အတွင်း ဖလွိုက်၏ လည်ပင်းအား အချိန် ၉ မိနစ်ကျော်ကြာ ဒူးခေါင်းဖြင့်ဖိထားချိန်တွင် “ရက်စက်ကြမ်းကြုတ်ခြင်း” ကို ပြသခဲ့ကြောင်း Cahill က ၎င်း၏ အစောပိုင်း ဆုံးဖြတ်ချက်တွင် ကောက်ချက်ချခဲ့သည်။ နောက်ပိုင်းတွင် ဖလွိုက်သည် ဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်။
Chauvin သည် ဧပြီလ၌ ဒုတိယတန်းစားလူသတ်မှု၊ လူသေစေမှုအပြင် တတိယတန်းစားလူသတ်မှုများဖြင့် စီရင်ချက်ချခြင်းခံခဲ့ရသည်။
ဖလွိုက်သေဆုံးမှုကြောင့် ပြီးခဲ့သည့် နွေရာသီက နိုင်ငံတစ်ဝန်း ရဲတပ်ဖွဲ့၏ ရက်စက်စွာပြုမူမှုနှင့် လူမျိုးရေးခွဲခြားမှုအား ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ (Xinhua)
…………………………………………
(English Version)
Former U.S. police officer Derek Chauvin sentenced to 22.5 years for George Floyd’s murder
2021-06-26 04:51:34
WASHINGTON, June 25 (Xinhua) — Former U.S. police officer Derek Chauvin was sentenced on Friday to 270 months, or 22.5 years in prison, for the murder of African American George Floyd last year in Minneapolis, Minnesota state.
Chauvin “is the first white officer in Minnesota to face prison time for the killing of a Black man,” according to Minnesota Public Radio.
“We need to recognize the pain of the Floyd family,” Hennepin County Judge Peter Cahill said in court.
The sentence was not based on emotion or sympathy, the judge noted.
Members of Floyd’s family were present in the courtroom for the hearing.
Chauvin, who was found guilty of murdering Floyd by a jury in April, said he declined to give a formal statement in court due to “additional legal matters,” but expressed his condolences to the Floyd family.
In his earlier ruling, Cahill concluded that Chauvin abused his “position of trust and authority” as a police officer and displayed “particular cruelty” when he knelt on Floyd’s neck for over nine minutes during his arrest. Floyd was later pronounced dead at hospital.
Chauvin was convicted of second-degree murder and manslaughter as well as third-degree murder in April.
Floyd’s death sparked weeks of nationwide protests against police brutality and systemic racism last summer. Enditem
Photo : Demonstrators take part in a protest sparked by the death of George Floyd on the Brooklyn Bridge in New York, the United States, June 13, 2020. (Photo by Michael Nagle/Xinhua)