Economy
တရုတ်နိုင်ငံ ကုန်းတွင်းဆိပ်က တရုတ်-ဥရောပ ကုန်တင်ရထားစီးရေ ၇,၀၀၀ ကျော် လက်ခံပေးနိုင်ခဲ့
ဟူးဟောက်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
တရုတ်-ဥရောပကုန်တင်ရထားစီးရေ စုစုပေါင်း ၇,၀၂၀ စီးသည် ၂၀၁၃ ခုနှစ်မှစ၍ တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Erenhot မြို့ နယ်စပ်စခန်းမှတစ်ဆင့် ဖြတ်သန်းသွားလျက်ရှိကြောင်း တရုတ် ဟူးဟောက်ရထားလုပ်ငန်းဗျူရို ကုမ္ပဏီလီမိတက်အရ သိရသည်။အဆိုပါ စခန်းမှ ယခုနှစ် ဇွန် ၂၃ ရက်အထိ တရုတ်-ဥရောပ ကုန်တင်ရထား စုစုပေါင်း ၁,၁၈၈ စီးအား လက်ခံနိုင်ခဲ့ရာ ပြီးခဲ့သည့်နှစ်ကထက် ၃၀.၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ ၎င်းရထားများ၏ ၆၆၉ စင်းမှာ ပြည်ပနိုင်ငံများသို့ သွားရောက်ခြင်းဖြစ်ကာ ပြီးခဲ့သည့်နှစ် အလားတူကာလကထက် ၇၀.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
တင်သွင်းကုန်များတွင် သကြား၊ နေကြာစေ့များနှင့် နှမ်းကြတ်ပင်နှင့် နေကြာဆီကဲ့သို့ လယ်ယာထွက်ကုန်များအပြင် ဘုတ်ပြားများ၊ သစ်ပျော့ဖတ်နှင့် အခြားသော အဆောက်အဦပစ္စည်းများကဲ့သို့ ရိုးရာ လူသုံးကုန်ပစ္စည်းများလည်း ပါဝင်သည်။
ပို့ကုန်များတွင် စက်နှင့် လျှပ်စစ်ဆိုင်ရာထုတ်ကုန်များ၊ ကား၊ မော်တော်ကား အစိတ်အကိုင်းများနှင့် photovoltaic ထုတ်ကုန်များအပြင် အထည်ချုပ်များ၊ နေ့စဉ်မရှိမဖြစ်အသုံးအဆောင်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကဲ့သို့ တန်ဖိုးမြင့် လူသုံးကုန်များ ပါဝင်သည်။
Erenhot မြို့သည် တရုတ်နိုင်ငံနှင့် မွန်ဂိုးလီးယားနိုင်ငံကြား မီးရထားဝင်ထွက်ရာစခန်းမြို့တစ်ခုသာ ဖြစ်ပြီး ယင်းမြို့အား ဖြတ်သန်းသွားသည့် တရုတ်-ဥရောပ ကုန်တင်ရထားလမ်းကြောင်း ၄၇ ခုရှိကြောင်း၊ အဆိုပါ လမ်းကြောင်းများသည် တရုတ်နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၄၀ ကျော်တွင် စတင်ပြီး နိုင်ငံပေါင်း ၁၀ နိုင်ငံရှိ ခရီးဆုံးနေရာ ၆၀ ခုတွင် အဆုံးသတ်ကြောင်း၊ ထိုခရီးဆုံးနေရာများမှာ ဟမ်းဘတ်၊ ရောတာဒမ်၊ မော်စကိုနှင့် ဝါဆော မြို့များအပါအဝင်ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————————————
(English Version)
Chinese land port handles over 7,000 China-Europe freight trains
HOHHOT, June 24 (Xinhua) — A total of 7,020 China-Europe freight trains have passed through the border port of Erenhot in north China’s Inner Mongolia Autonomous Region since 2013, according to China Railway Hohhot Bureau Group Co. Ltd.
As of Wednesday, a total of 1,188 China-Europe freight trains were handled by the port this year, up 30.5 percent year on year. Of the trains, 669 were outbound, which represents an increase of 70.7 percent from a year earlier.
Imports include agricultural products such as sugar, sunflower seeds, flaxseed and sunflower oil, in addition to traditional commodities such as boards, wood pulp and other building materials. Exports include high value-added commodities such as mechanical and electrical products, cars, sets of automobile parts and photovoltaic products, as well as textiles, daily necessities and home appliances.
Erenhot is the only railway port between China and Mongolia, and there are 47 China-Europe freight train routes passing through it. The routes begin in more than 40 cities across China and end at 60 destinations in 10 countries. The destinations include Hamburg, Rotterdam, Moscow and Warsaw. Enditem
Photo : A China-Europe freight train prepares to depart from Wujiashan railway container center station in Wuhan, central China’s Hubei Province, May 9, 2020. (Xinhua/Xiao Yijiu)