Connect with us

Africa & Middle East

တောင်ဆူဒန်၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အထူးတပ်ဖွဲ့အား လုပ်ပိုင်ခွင့်သက်တမ်းတိုး

ကုလသမဂ္ဂ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် နိုဝင်ဘာ ၁၅ ရက်တွင် Abyei မြို့အတွက် ကုလသမဂ္ဂ ယာယီလုံခြုံရေးတပ်ဖွဲ့ (UNISFA) ၏ လုပ်ပိုင်ခွင့်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်အထိ သက်တမ်းတိုးမြှင့်ခဲ့ကြောင်း သိရသည်။ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အခန်း ၇ အရ ဆုံးဖြတ်ချက်အမှတ် ၂၆၀၆ ကို တညီတညွတ်တည်း လက်ခံအတည်ပြုပြီးနောက်၊ လုံခြုံရေး ကောင်စီသည် ဆူဒန်နှင့် တောင်ဆူဒန်နယ်စပ်အကြား Abyei မြို့နှင့်နယ်စပ် တစ်လျှောက်ရှိ အခြေအနေများနှင့် သက်ဆိုင်သော ယခင်ဆုံးဖြတ်ချက်များနှင့် ဥက္ကဌ၏ထုတ်ပြန်ချက်အားလုံးကို ပြန်လည်အတည်ပြုခဲ့ကာ၊ ယင်းတို့ကို အပြည့်အဝလိုက်နာခြင်းနှင့် အကောင်အထည်ဖော်ခြင်း၏ အရေးပါမှုကို အလေးပေးဖော်ပြခဲ့သည်။

ဆူဒန်နှင့် တောင်ဆူဒန် အကြား Abyei မြို့နှင့် နှစ်နိုင်ငံနယ်စပ်တလျှောက်တွင် လက်ရှိအခြေအနေသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း လုံခြုံရေးကောင်စီက သတ်မှတ်ခဲ့သည်။

လုံခြုံရေးကောင်စီက ဤကိစ္စနှင့်ပတ်သက်၍ တက်ကြွစွာ ဆက်လက်ကိုင်တွယ်ရန် လည်း ဆုံးဖြတ်ခဲ့သည်။ကုလသမဂ္ဂယာယီလုံခြုံရေးတပ်ဖွဲ့(UNISFA) ကို တောင်ဆူဒန် လွတ်လပ်ရေးမတိုင်မီ တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် သိပ်မကြာခင်ကာလဖြစ်သည့် ၂၀၁၁ ခုနှစ် ဇွန်လတွင် လုံခြုံရေးကောင်စီက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ (Xinhua)

————————————————
(English Version)

UN Security Council extends mandate of mission in South Sudan

UNITED NATIONS, Nov. 15 (Xinhua) — United Nations Security Council on Monday extended the mandate of the United Nations Interim Security Force for Abyei (UNISFA) until Dec. 15, 2021.

Unanimously adopting Resolution 2606 and acting under Chapter VII of the Charter of the United Nations, the council reaffirmed all previous resolutions and presidential statements concerning the situation in Abyei and along the border between Sudan and South Sudan, underlining the importance of full compliance with and implementation of these.

The council recognized that the current situation in Abyei and along the border between Sudan and South Sudan continues to constitute a threat to international peace and security.
It decided to remain actively seized of the matter. UNISFA was set up by the Security Council in June 2011 after a flare-up shortly before South Sudan’s independence. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.