Connect with us

Asia

ပါလက်စတိုင်းအနေဖြင့် အစ္စရေးနှင့်ပဋိပက္ခဖြေရှင်းရန် မည်သည့်နိုင်ငံတကာကြိုးပမ်းမှုကိုမဆို ကြိုဆို

ရာမာလာ၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းအနေဖြင့် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခနှင့်ပတ်သက်၍ ဖြေရှင်းရန် မည်သည့်နိုင်ငံတကာကြိုးပမ်းမှုကိုမဆို ကြိုဆိုကြောင်း ပါလက်စတိုင်းဝန်ကြီးချုပ် Mohammed Ishtaye က သြဂုတ် ၃၁ ရက်တွင်ပြောကြားခဲ့သည်။
ပါလက်စတိုင်းလူမျိုးများသည်၎င်းတို့၏နယ်မြေများကိုအစ္စရေးသိမ်းပိုက်မှုအဆုံးသတ်ရေးနှင့် အရှေ့ဂျေရုဆလင်ကိုမြို့တော်အဖြစ် ၁၉၆၇ ခုနှစ် နယ်နိမိတ်သတ်မှတ်ချက်များနှင့်အညီ ၎င်းတို့၏ကိုယ်ပိုင်လွတ်လပ်သောပါလက်စတိုင်းနိုင်ငံထူထောင်ရေးအတွက် မျှော်လင့်နေကြကြောင်း Ishtaye က အရှေ့အလယ်ပိုင်းဆိုင်ရာ အွန်လိုင်းညီလာခံတစ်ရပ်တွင် ပြောကြားခဲ့သည်။

“လက်ရှိ နိုင်ငံရေးဆိုင်ရာလစ်ဟာမှုအကြား နှစ်နိုင်ငံအဖြေရှာခြင်းနည်းလမ်း စည်းမျဉ်းကို ကာကွယ်ရန်” နိုင်ငံတကာအသိုင်းအဝိုင်းကို ၎င်းက တောင်းဆိုလိုက်ပြီး “ဒါဟာ ကျူးကျော်မှုကို အဆုံးသတ်ရေးနှင့် နှစ်နိုင်ငံအဖြေရှာခြင်းနည်းလမ်း အကောင်အထည်ဖော်ရေးအတွက် သင့်လျော်သောအချိန်အခါဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
မျှတသောငြိမ်းချမ်းရေးအကျိူးဆောင်မှုနှင့်ယုံကြည်မှုတည်ဆောက်ရေးအစီအမံများအပြင်ပါတီအားလုံး၏ ရှင်းလင်းသောရည်ညွှန်းချက်၊ အချိန်ဇယားနှင့်စေတနာပါမှုအားမှီငြမ်းရန်လိုအပ်ကြောင်း Ishtaye ကဖြည့်စွက်ပြောကြားခဲ့သည်။

ပါလက်စတိုင်းအရေးမှ အာရုံလွှဲရန် ယခင်အစ္စရေးအစိုးရဝန်ကြီးချုပ်ဟောင်း Benjamin Netanyahu က အားထုတ်ကြိုးပမ်းခဲ့သော်လည်း ယင်းမှာ အရှေ့အလယ်ပိုင်း၏ အဓိက ပြဿနာအဖြစ်ကျန်ရှိနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)

——————————————-
(English Version)

Palestine welcomes any international initiative to resolve conflict with Israel

RAMALLAH, Aug. 31 (Xinhua) — Palestinian Prime Minister Mohammed Ishtaye said on Tuesday that Palestine welcomes any international initiative to resolve the Israeli-Palestinian conflict.
The Palestinian people look forward to ending the Israeli occupation of their territories and establishing their independent Palestinian state on 1967 borders with East Jerusalem as its capital, Ishtaye told an online international conference on the Middle East.

He called on the international community “to protect the principle of the two-state solution from vanishing amid the current political vacuum,” adding that “this is the proper time for ending the occupation and implement the two-state solution.”

Ishtaye added that any peace process or initiative “should rely on clear reference, a time schedule, and goodwill gestures by all parties in addition to having a fair peace mediator and measures of trust-building.”

He said that despite all attempts by the previous Israeli government of former Prime Minister Benjamin Netanyahu to divert attention from the Palestinian cause, “it will remain the central issue in the Middle East.” Enditem