Connect with us

Asia

အပူပိုင်းမုန်တိုင်း Megi ကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ လူ ၂၄ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း တိုက်ခတ်ခဲ့သည့် တိုက်ဖွန်းမုန်တိုင်း Goni ကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှု နှင့် လေပြင်းတိုက်ခတ်စဉ်အတွင်း အရေးပေါ်ကယ်ဆယ်ရေးသမားများက ဒေသခံများအား ပြောင်းရွှေ့ပေးနေစဉ်(ဆင်ဟွာ)

မနီလာ ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

ပြီးခဲ့သောသီတင်းပတ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုများ နှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၂၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ဧပြီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေး နှင့် စီမံခန့်ခွဲရေး ကောင်စီ(NDRRMC) က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ သေဆုံးသူ ၃ ဦး ရှိပြီး ၁ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ခဲ့သည်။ ကောင်စီသည် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် သေဆုံးမှုသတင်းများအား အတည်ပြုနိုင်ရန် စစ်ဆေးနေကြောင်း သိရသည်။

နိုင်ငံအလယ်ပိုင်း Leyte ပြည်နယ်အတွင်းရှိ Baybay မြို့၏ အရေးပေါ်တုံ့ပြန်ရေးဌာနက ကယ်ဆယ်ရေးသမားများသည် ကြီးမားသော မြေပြိုမှုများအတွင်း နစ်မြုပ်သွားခဲ့သည့် ကျေးရွာ ၁၀ ရွာမှ ရုပ်အလောင်း ၂၁ လောင်းထက်မနည်း တူးဖော်တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအသင်းမှ အမည်မဖော်လိုသော ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြန်လည်ရှာဖွေဖော်ထုတ်ရေးလုပ်ငန်းများအား ဆက်လက်ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။ လူတော်တော်များများသည် ရွှံအောက်နစ်မြုပ်နေဆဲ ဖြစ်သည်ဟု ယုံကြည်ရကြောင်း ၊ မြေပြိုမှုမှ အသက်ရှင်ကျန်ရစ်သူများသည် မြို့ဆေးရုံ၌ ပြန်လည်နာလန်ထူကျန်းမာလာပြီ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အစိုးရဘေးအန္တရာယ်အေဂျင်စီက အပူပိုင်းမုန်တိုင်း Megi သည် ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် Leyte ပြည်နယ်အတွင်း ဝင်ရောက်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း နှင့် တောင်ပိုင်းရှိ လူပေါင်း ၁၃၆,၀၀၀ ကျော် မုန်တိုင်းဒဏ်သင့်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

မုန်တိုင်းဝင်ရောက်မတိုင်ခတ်မီကပင် နေရာအများအပြားသည် ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရသည်။ မုန်တိုင်းဒဏ်သင့်ပြည်သူ ၁၃,၀၀၀ ကျော်သည် ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံခဲ့ရပြီး တစ်ချို့မှာ ဆွေမျိုးများနှင့်အတူ နေထိုင်ကြကြောင်း NDRRMC က ပြောကြားခဲ့သည်။

ဧပြီ ၁၁ ရက်တွင် ပြည်နယ်မိုးလေဝသဗျူရိုက အပူပိုင်းမုန်တိုင်း Megi အား အပူပိုင်းလေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ်သို့ အဆင့်လျော့သတ်မှတ်ခဲ့သည်။ ဖိလစ်ပိုင် လေထု ၊ ဘူမိရူပဗေဒ နှင့် နက္ခဗေဒဌာနအုပ်ချုပ်ရေးအဖွဲ့က အပူပိုင်းမုန်တိုင်း Megi သည် Leyte ပြည်နယ်၏ အရှေ့မြောက်ဘက်အပိုင်း နှင့် Samar ၊ Eastern Samar ပြည်နယ်များ၏ တောင်ဘက်အပိုင်း ဝန်းကျင်၌ ဖြည်းဖြည်းချင်း လည်ပတ်နေမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့သည်။

အပူပိုင်းမုန်တိုင်း Megi သည် ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ်တွင် ပထမဆုံး ဝင်ရောက်တိုက်ခတ်သည့် အပူပိုင်းမုန်တိုင်း ဖြစ်ပြီး နိုင်ငံအနေဖြင့် နှစ်စဉ် တိုက်ဖွန်း နှင့် မုန်တိုင်း အလုံး ၂၀ ခန့် ကြုံတွေ့ခဲ့ရသည်။ ဖိလစ်ပိုင်ကျွန်းစုသည် ပစိဖိတ်တိုက်ဖွန်းရပ်ဝန်းပေါ်တွင် တည်ရှိပြီး ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်အခံရဆုံးနိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————-

(English Version)

Tropical storm Megi leaves 24 dead in Philippines
MANILA, April 11 (Xinhua) — A tropical storm triggered floods and landslides in the Philippines over the weekend, leaving at least 24 dead and several more missing, officials said on Monday.
The National Disaster Risk Reduction and Management Council (NDRRMC) reported three dead and at least one missing in the southern Philippines. The council is verifying deaths reported in the central Philippines.
The emergency response unit of Baybay City in the central Leyte province said rescuers have dug up at least 21 bodies from 10 villages buried in massive mudslides.
A spokesman for the rescue team told Xinhua on condition of anonymity that the retrieval operation is ongoing, adding that more people were believed still buried under the mud. Landslide survivors were recuperating in a city hospital.
A government disaster agency said Tropical storm Megi, which made landfall in Leyte province on Sunday morning, also affected over 136,000 people in the central and southern Philippines.
Many areas were hit by floods even before the storm hit land. Over 13,000 displaced people were sheltering in the evacuation centers, while some were staying with relatives, the NDRRMC said.
On Monday, the state weather bureau downgraded Megi to a tropical depression. The Philippine Atmospheric, Geophysical and Astronomical Services Administration said Megi is forecast “to slowly loop in the vicinity of the northeastern portion of Leyte province and the southern portion of Samar and Eastern Samar provinces.”
Megi is the first tropical storm this year to hit the Southeast Asian country, which is battered by about 20 typhoons and storms every year. The Philippines archipelago lies on the Pacific typhoon belt, making it one of the world’s most disaster-prone countries. ■
Photo – Emergency responders evacuate residents living in a community at a coastal area due to the heavy rains and strong winds from typhoon Goni in Manila, the Philippines, on Nov. 1, 2020. Between 19 to 31 million people in the Philippines, about a quarter of the country’s population, could be affected by Super Typhoon Goni, the country’s disaster body said on Sunday. (Xinhua/Rouelle Umali)