မြန်မာ-ENG
နယ်သာလန်အစိုးရက COVID-19 ကန့်သတ်ချက်များကို ပယ်ဖျက်လိုက်သဖြင့် တစ်နိုင်ငံလုံး “ပုံမှန်” အနေအထား ပြန်လည်ရောက်ရှိ
သဟိတ် ၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ)
နယ်သာလန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးရေးဆိုင်ရာ ကန့်သတ်ချက်များကို ပယ်ဖျက်လိုက်ပြီးနောက် နိုင်ငံသည် “ ပုံမှန်အနေအထား ပြန်လည်ရောက်ရှိ” တော့မည်ဖြစ်ကြောင်း ဒတ်ချ်ကျန်းမာရေး ၊ လူမှုဖူလုံရေး နှင့် အားကစား ဝန်ကြီး Ernst Kuipers က ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။“ နိုင်ငံက တစ်ကျော့ပြန် ဖွင့်တော့မယ်” ဟု သဟိတ်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး Kuipers က ဆိုသည်။“ ပြီးခဲ့တဲ့ နှစ်နှစ်တာအတွင်းမှာ ဗိုင်းရပ်စ်ကာကွယ်ရေးအကြောင်းတရားအားလုံး နဲ့ ဂရုစိုက်မှုကို အားသွန်လုပ်ကိုင်ခဲ့တယ်။ အခုတော့ ကျွန်တော်တို့ဟာ ခြားနားတဲ့ အဆင့်တစ်ခုရောက်နေပါပြီ။ ပုံမှန် လူနေထိုင်မှု ဘဝအတိုင်း ပြန်ဖြစ်ပြီပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဒတ်ချ် အမျိုးသား ပြည်သူ့ကျန်းမာရေး နှင့် ပတ်ဝန်ကျင်ရေးရာဌာန(RIVM) က ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် ပြောကြားရာ၌ ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်အတွင်း နယ်သာလန်နိုင်ငံ၌ COVID-19 ရောဂါ စစ်ဆေးတွေ့ရှိမှု(positive) လူနာအရေအတွက်သည် ကုန်လွန်ခဲ့သောရက်သတ္တပတ်နှင့်နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်းလျော့ကျသွားခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၄၈၂,၆၉၅ ဦးထိ ရောက်ရှိနေပြီဖြစ်ကြောင်း RIVM ၏ ထုတ်ပြန်ချက်အရ သိရသည်။
တစ်ချိန်တည်းမှာပင် လက်ရှိတွင် ဆေးရုံတက်ရောက်ကုသမှု ခံယူနေရသူပေါင်း ၁,၁၄၉ ဦးရှိနေပြီး ယခင်ရက်သတ္တပတ်တွင် ၁,၃၉၃ ဦးရှိခဲ့ကြောင်း သိရသည်။ ယင်းတို့အနက် လက်ရှိ အထူးကြပ်မတ်ကုသဆောင်(ICU) တွင် ၈၈ ဦးရှိနေပြီး ယခင်အပတ်တွင် ၁၂၂ ဦးထိရှိခဲ့ကြောင်း သိရသည်။ “ လူတွေအများကြီး ကူးစက်ခံရတယ်၊ ဒါပေမယ့် အကူးစက်မှုအထွဋ်အထိပ်အမှတ်ကို ကျော်လွန်ပြီးမြောက်သွားပြီလို့ ကျွန်တော်တို့မြင်ရတယ်” ဟု Kuipers က ဆိုသည်။
“ ဆေးရုံတက်ရတဲ့လူနာအရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်ပတ်နဲ့နှိုင်းစာရင် တော်တော်လေးကို နည်းသွားပါတယ်”နယ်သာလန်နိုင်ငံတွင် COVID-19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ ကန့်သတ်ချက်များ ပယ်ဖျက်ခြင်းကို အဆင့် သုံးဆင့်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်။ နေအိမ်တွင် လူ ၄ ဦးထက်ပို၍ လက်ခံခြင်းမပြုရန် နှင့် တက်နိုင်သမျှ နေအိမ်မှ အလုပ်လုပ်ကြရန် စသည့် အစိုးရ၏ အကြံပေးချက်သည် ချက်ချင်းအသက်ဝင်မှုနှင့်အတူ မကြာခင် အဆုံးသတ်သွားတော့မည်ဖြစ်သည်။
လာမည့် သောကြာနေ့မှစတင်ကာ နယ်သာလန်နိုင်ငံအတွင်းရှိ နေရာအားလုံးကို (ညဉ့်နက်ပိုင်း) နံနက် ၁ နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ နောက်ဆုံးအနေဖြင့် ဖေဖော်ဝါရီ ၂၅ ရက်မှစတင်ကာ ပုံမှန်ဖွင့်နေကျ အချိန်နာရီအတိုင်း နေရာအားလုံး နှင့် နိုက်ကလပ်များအပါအဝင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားတော့မည်ဖြစ်သည်။ ဆက်လက်၍ လူ ၅၀၀ အောက် ဝင်ခွင့်ပြုထားသောနေရာများ၌ ကိုရိုနာဝင်ခွင့်လက်မှတ် ပြသရန် လိုအပ်သည့် ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်ပေးသွားမည်ဖြစ်သည်။
ထို့ပြင် မဖြစ်မနေ လူတစ်ဦးနှင့်တစ်ဦး ၁.၅ မီတာ ခပ်ခွာခွာနေထိုင်ရန် တားမြစ်ချက် နှင့် စားသောက်ဆိုင်များနှင့်စာသင်ကျောင်းများတွင် မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ရမည်ဆိုသည့် ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်ပေးသွားတော့မည်ဖြစ်သည်။
သို့သော်ငြားလည်း လူအများသွားလာရာနေရာများတွင် ကန့်သတ်ချက်အနည်းငယ်ကို ဆက်လက် ထားရှိသွားမည်ဖြစ်သည်။ ဉပမာအနေဖြင့် လူ ၅၀၀ အထက် ဝင်ရောက်ခွင့်ပြုထားသည့် အခမ်းအနားနေရာများကို ဝင်ရောက်ရန် ရောဂါကင်းရှင်းကြောင်း ဆေးစစ်မှုရလဒ်(negative) ပြသရန်လိုအပ်သည်။ ထို့ပြင် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးယာဉ်များ နှင့် လေယာဉ်များပေါ်တွင် မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ထားရန်လိုအပ်ဆဲဖြစ်ပြီး ယင်းမှာ သက်ကြီးရွယ်အိုနှင့်ရောဂါအခံရှိသူများအား ကူးစက်ခြင်းမှ ဆက်လက် အကာအကွယ်ပေးနိုင်ရန်ဖြစ်ကြောင်း သိရသည်။(Xinhua)
#Dutch, #COVID-19, #normal, #xinhua, #xinhuamyanmar, #
ဒတ်ချ်,ကိုဗစ်,ပုံမှန်,ဆင်ဟွာ,ဆင်ဟွာမြန်မာ
—————————————————–
(English Version)
Dutch gov’t lifts most COVID-19 measures as country returns to “ normal ”
THE HAGUE, Feb. 15 (Xinhua) — Dutch Minister of Health, Welfare and Sport Ernst Kuipers on Tuesday announced a “return to normal” in the Netherlands by lifting most measures against the spread of COVID-19.
“The country will open again,” Kuipers told a press conference in the Hague. “The past two years have been all about protection against the virus and the accessibility of care. We are now in a different phase. Back to normal.”
Earlier on Tuesday, the National Institute for Public Health and the Environment (RIVM) announced that from Feb. 7 to 13, the number of people in the Netherlands who tested positive for COVID-19 decreased by 22 percent compared to the week before. A total of 482,695 positive tests were reported to the RIVM.
Meanwhile, a total of 1,149 new patients were hospitalized, compared to 1,393 the week before. Of these, 88 were admitted to ICU, compared to 122 in the previous week.
“A lot of people are infected, but we seem to have passed the peak,” Kuipers said. “Hospital occupancy is completely different compared to the past two years.”
The lifting of COVID-19 measures in the Netherlands will take place in three phases. The government’s advice not to receive more than four people at home, and to work from home where possible, will expire with immediate effect.
Next, from Friday, all locations in the country will once more be able to open until 1 a.m..
Finally, from Feb. 25, normal opening hours will apply again at every location and night clubs will be able to open as normal. In addition, the requirement for a corona entry pass will be removed at places with a capacity of less than 500. The mandatory social distancing of 1.5 meters and the obligation to wear a face mask when moving around in restaurants and schools will also disappear.
Nonetheless, a few measures will remain in place. A negative test result must be shown in order to enter inside venues with a capacity of more than 500 people. It will also remain mandatory to wear a face mask on public transport and at airports, so that vulnerable travelers will continue to be protected
Photo(1) A restaurant is open for guests in Haarlem, the Netherlands, Jan. 26, 2022. (Photo by Sylvia Lederer/Xinhua)
Photo(2) Photo taken on Jan. 14, 2022 shows a vaccination center for COVID-19 booster dose in Haarlem, the Netherland. (Photo by Sylvia Lederer/Xinhua)
Photo(3) Photo taken on Nov. 1, 2021 shows a COVID-19 precaution notice to keep 1.5-meter distance in a shop in Amsterdam, the Netherlands. (Photo by Sylvia Lederer/Xinhua)