Connect with us

Europe

အီးယူက ယူကရိန်းနှင့် မော်လ်ဒိုဗာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ နောက်ထပ် ယူရို သန်း ၅၀ ပံ့ပိုးပေး

ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့ရှိ ဒေသခံများ နေအိမ်အပြင်ဘက်၌ ချက်ပြုတ်နေသည်ကို ဧပြီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ (EU) က လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်း ပဋိပက္ခဒဏ်ခံစားနေရသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ယူရို သန်း ၅၀ ထပ်မံ ခွဲဝေသတ်မှတ်ကြောင်း ဧပြီ ၁၇ ရက် အီးယူထုတ်ပြန်ချက်အရ သိရသည်။ရန်ပုံငွေထဲမှ ယူရို ၄၅ သန်းခန့် (အမေရိကန်ဒေါ်လာ ၄၈.၆၃ သန်းခန့်) အား ယူကရိန်းနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းများအတွက်လည်းကောင်း၊ ယူရို ၅ သန်းခန့်ကိုမူ ပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ ယူကရိန်းဒုက္ခသည် အမြောက်အများ လက်ခံထားသော မော်လ်ဒိုဗာနိုင်ငံရှိ စီမံကိန်းများအတွက်လည်းကောင်း ခွဲဝေသတ်မှတ်ခဲ့ကြောင်း သိရသည်။

အီးယူ၏ ပဋိပက္ခတုံ့ပြန်ရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီရန်ပုံငွေ စုစုပေါင်း ယူရို ၁၄၃ သန်းအထိ ရောက်ရှိလာမည့် အဆိုပါ ရန်ပုံငွေအသစ်သည် အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများ ပံ့ပိုးခြင်းဖြင့် လူသားချင်းစာနာထောက်ထားမှု မဖြစ်မနေလိုအပ်ချက်များကိုင်တွယ်ဖြေရှင်းရန်၊ ဘေးကင်းသော သောက်သုံးရေနှင့် တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ယာယီအဆောက်အအုံနှင့် ကာကွယ်မှု၊ ငွေကြေးအကူအညီနှင့် ကျား၊ မ ခွဲခြားမှုကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်မှုတိုက်ဖျက်ရေး ပံ့ပိုးကူညီမှုများ ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“အရေးပါတဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေ ဖျက်ဆီးဖို့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ ဒုံးကျည်ပစ်ခတ်မှုတွေ ဆက်လက်ရှိနေတာကြောင့် ယူကရိန်းမှာ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်တွေက တော်တော်လေးမြင့်မားနေပါတယ်” ဟု အီးယူက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ (Xinhua)

………………………………………………

(English Version)

EU to provide another 50 mln euros of humanitarian aid to Ukraine, Moldova
2022-04-18 11:16:31 Category:Politics, Law

BRUSSELS, April 17 (Xinhua) — The European Union (EU) is allocating a further 50 million euros (about 54.03 U.S. dollars) of humanitarian aid to people affected by the ongoing Russia-Ukraine conflict, according to a EU statement issued on Sunday.
Some 45 million euros (about 48.63 dollars) of the funding is allocated for humanitarian projects in Ukraine, and 5 million euros (about 5.4 dollars) to projects in neighboring Moldova, which has taken in hundreds of thousands of Ukrainian refugees since the start of the conflict.
The new funding, which brings the EU’s total humanitarian aid funding in response to the conflict to 143 million euros (about 154.53 dollars), will address the most pressing humanitarian needs by providing emergency medical services, access to safe drinking water and hygiene, shelter and protection, cash assistance and support against gender-based violence, according to the statement.
“As heavy fighting and missile strikes continue to destroy critical civilian infrastructure, humanitarian needs in Ukraine remain extremely high,” the EU said in the statement. Enditem
Photo : Residents cook outdoors in Mariupol, April 12, 2022. (Photo by Victor/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.