Europe
ရုရှားနိုင်ငံက အနောက်နိုင်ငံများနှင့် ပြန်လည်သင့်မြတ်ရေး ဦးဆောင်ဦးရွက်လုပ်ဆောင်မည် မဟုတ်ဟုဆို
မော်စကို ၊ မတ် ၂၀ ရက်(ဆင်ဟွာ)
ရုရှားနိုင်ငံသည် အနောက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် တံခါးဖွင့်ထားဆဲဖြစ်သော်လည်း ၎င်းတို့နှင့် ဆက်ဆံရေးတွင် တိုးတက်မှုရရှိစေရန် ဦးဆောင်ဦးရွက်အစပျိုးလုပ်ဆောင်မည် မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က မတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။“သူတို့ကိုယ်တိုင် တွန်းပို့ခဲ့တဲ့ ထွက်ပေါက်မရှိတဲ့အခြေအနေကနေ သူတို့ ဘယ်လိုထွက်ကြမလဲဆိုတာ ကြည့်ကြတာပေါ့။ သူတို့ရဲ့ တန်ဖိုးတွေ ၊ လွတ်လပ်တဲ့ဈေးကွက်ရဲ့ အခြေခံသဘောတရားတွေ ၊ ပုဂ္ဂလိကပစ္စည်းဥစ္စာတွေရဲ့ ထာဝရတည်မြဲမှု နဲ့ အပြစ်ကင်းစင်မှုလို့ မှတ်ယူတာတွေကို သူတို့ကိုယ်တိုင် အားလုံးနင်းခြေဖျက်ဆီးခဲ့တာပါ”ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုမှ ဖယ်ခွာရေးတောင်းဆိုရန် အမေရိကန်နိုင်ငံသည် နိုင်ငံအများအပြားသို့ သံတမန်များ စေလွှတ်၍ လုပ်ဆောင်လျက်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ၏ ပြောကြားချက်အရ သိရသည်။
“ကျွန်တော်တို့ရဲ့ အမေရိကန် လုပ်ဖော်ကိုင်ဖက်တွေဟာ အရှိတရားစစ်စစ်ကို ဆုံးရှုံးသွားပုံရပါတယ်။ ဒါမှမဟုတ် အင်မတန့်အင်မတန် ရှုပ်ထွေးမှုတွေနဲ့ ယောင်ရမ်းဖောင်းကားနေသလိုပါပဲ”ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ (Xinhua)
———————
(English Version)
Russia not to initiate reconciliation with West: Lavrov
MOSCOW, March 19 (Xinhua) — Russia remains open to cooperation with Western countries, but will not initiate an improvement in the relations with them, Russian Foreign Minister Sergei Lavrov said Saturday.
“Let’s see how they will get out of the impasse they have driven themselves into. Their values, the principles of the free market, the inviolability of private property, and the presumption of innocence are all trampled on by themselves,” he said.
According to Lavrov, the United States is sending diplomats to many countries to ask them to withdraw from cooperation with Russia.
“It looks like our American colleagues have lost the feeling of reality or are swelling with the super-superiority complex,” he said. ■
Photo – Photo taken on March 10, 2022 shows the Kremlin in Moscow, Russia. (Xinhua/Bai Xueqi)