Connect with us

Europe

ရုရှား-ယူကရိန်းပဋိပက္ခကြောင့် COVID-19 ကူးစက်မှု ပမာဏကြီးစွာ မြင့်တက်လာနိုင်ကြောင်း WHO သတိပေး

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် စစ်ဘေးရှောင်ယူကရိန်းပြည်သူများအား ပိုလန်နိုင်ငံ Medyka တွင်ထောက်ပံ့ကူညီမှုပြုလုပ်နေသည်ကို ဖေဖော်ဝါရီ ၂၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ မတ် ၃ ရက်(ဆင်ဟွာ)

လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်းပဋိပက္ခကြောင့် COVID-19 ရောဂါကူးစက်မှုသည် အလွန်မြင့်တက်လာနိုင်ကြောင်း နှင့် အရေအတွက်များစွာသော ပြည်သူများအတွက် ပြင်းထန်သောရောဂါကူးစက်မှု အန္တရာယ်ကို မြင့်တက်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က မတ် ၂ ရက်တွင် သတိပေးပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် စစ်ဘေးရှောင်ယူကရိန်းပြည်သူများအား ပိုလန်နိုင်ငံ Medyka တွင်ထောက်ပံ့ကူညီမှုပြုလုပ်နေသည်ကို ဖေဖော်ဝါရီ ၂၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် စစ်ဘေးရှောင်ယူကရိန်းပြည်သူများအား ပိုလန်နိုင်ငံ Medyka တွင်ထောက်ပံ့ကူညီမှုပြုလုပ်နေသည်ကို ဖေဖော်ဝါရီ ၂၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် စစ်ဘေးရှောင်ယူကရိန်းပြည်သူများအား ပိုလန်နိုင်ငံ Medyka တွင်ထောက်ပံ့ကူညီမှုပြုလုပ်နေသည်ကို ဖေဖော်ဝါရီ ၂၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

“ ယူကရိန်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုအရေးပေါ်အခြေအနေအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နက်နက်နဲနဲစိုးရိမ်ပူပန်နေပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူး Tedros Adhanom Ghebreyesu က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
“ ပဋိပက္ခမတိုင်မီကနဲ့ကြည့်ရင် ယူကရိန်ရဲ့ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းဟာ လတ်တလောမှာ မြင့်တက်လာနေပါတယ်။ ပဋိပက္ခစတင်ဖြစ်ပွားကတည်းက ရောဂါစစ်ဆေးမှုပမာဏဟာ နိုမ့်ကျခဲ့ရပြီး အဲဒါကြောင့်ပဲ စစ်ဆေးဖော်ထုတ်မှုမလုပ်နိုင်တဲ့ ရောဂါကူးစက်မှုတွေ အရေအတွက်အများကြီးဖြစ်နိုင်ဖွယ်ရှိနေပါတယ် ၊ ကာကွယ်ဆေးထိုးနှံပေးမှုအရေအတွက် လျော့ကျလာသလို အဲဒါကြောင့်ပဲ ရောဂါဝေဒနာပြင်းထန်တဲ့လူနာအရေအတွက် မြင့်တက်လာမည့် အန္တရာယ်ရှိနေပါတယ်” ဟု ၎င်းကဆိုသည်။ အောက်ဆီဂျင်မလုံလောက်မှုပြဿနာကြောင့်လည်း COVID-19 နှင့် များစွာသော အခြားရောဂါ အခြေအနေများအတွက် လူနာများအား ဆေးဝါးကုသပေးနိုင်မှုတွင် သက်ရောက်မှုရှိလာလိမ့်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ ထုတ်ပြန်ချက်အရ မတ် ၁ ရက်အထိ ယူကရိန်းနိုင်ငံမှ စွန့်ခွာထွက်ပြေးသူ အရေအတွက် ၈၇၀,၀၀၀ ကျော်ရှိကြောင်း နှင့် ယင်းအရေအတွက်မှာ လျင်မြန်စွာဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း WHO အကြီးအကဲက ဆိုသည်။

“ လူတွေ အုံလိုက်ကျင်းလိုက် စုပြုံခဲပြီး လှုပ်ရှားသွားလာနေတာဟာ COVID-19 ရောဂါကူးစက်မှုကို ပိုပြီးတွန်းအားပေးသလိုဖြစ်နေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကျန်းမာရေးစနစ်အပေါ် ဖိအားသက်ရောက်မှုတွေ တိုးလာဖို့ အလားအလာရှိပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျန်းမာရေးအရေးပေါ်အစီအစဉ်မှ အမှုဆောင်ညွှန်ကြားရေးမှူး Mike Ryan ကရှင်းလင်းပြောကြားရာတွင် ပဋိပက္ခကြောင့် လူအမြောက်အမြား အုံလိုက်ကျင်းလိုက် လှုပ်ရှားသွားလာနေရခြင်းသည် COVID-19 ရောဂါကူးစက်မှုကို မြင့်တက်စေရုံမျှသာမက COVID-19 ဗိုင်းရပ်စ်မျိုးကွဲအသစ်များ ပေါ်ထွက်လာရန် အခွင့်အလမ်းတစ်ခုဖြစ်နေကြောင်းလည်း သတိပေးပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ယူကရိန်းစစ်ဘေးရှောင်များအတွက် မရှိမဖြစ်လိုအပ်သော ဆေးဝါးအထောက်အပံ့များကို ဒူဘိုင်းဗဟိုချက်မှနေ၍ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၊ လူနာ ၁၀၀၀ အတွက် လိုအပ်သည့် အရေးပေါ်ခွဲစိတ်ကုသမှု ကိရိယာများ နှင့် ဒဏ်ရာကုသမှုအတွက် ဆေးဖက်ဆိုင်ရာ ၃၆ မက်ထရစ်တန်အပါအဝင် ပထမဆုံးအသုတ်အထောက်အပံ့ဆေးဝါးများသည် ပိုလန်နိုင်ငံသို့ မတ် ၃ ရက်တွင်ရောက်ရှိလိမ့်မည်ဖြစ်ကြောင်း နှင့် အခြားသော ကျန်းမာရေးအထောက်အပံ့များသည် လူပေါင်း ၁၅၀,၀၀၀ ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ဆိုသည်။ သို့သော်လည်း လိုအပ်သောပြည်သူများထံ အထောက်အပံ့ပစ္စည်းများ ဘေးကင်းလုံခြုံစွာပို့ဆောင်နိုင်ရန် နှင့် လူသားချင်းစာနာမှု အကူအညီပေးရေးဝန်ထမ်းများအတွက် အဆင်ပြေချော်မွေ့စေရန် စင်္ကြံတစ်ခုတည်ဆောက်သွားရေးကို ၎င်းကတိုက်တွန်းပြောကြားခဲ့သည်။(Xinhua)

…………………..
(English Version)
Russia-Ukraine conflict could increase large numbers of severe COVID-19 disease: WHO

GENEVA, March 2 (Xinhua) — The World Health Organization (WHO) warned on Wednesday that the ongoing Russia-Ukraine conflict is likely to drive COVID-19 transmission ever higher and in turn increase the risk of large numbers of people developing severe disease.
“WHO is deeply concerned about the unfolding humanitarian emergency in Ukraine,” said WHO Director General Tedros Adhanom Ghebreyesu at a press briefing.
“Prior to the conflict, Ukraine had experienced a recent surge of cases of COVID-19. Low rates of testing since the start of the conflict mean there is likely to be significant undetected transmission. Coupled with low vaccination coverage, this increases the risk of large numbers of people developing severe disease,” he said, adding that critical shortages of oxygen will have an impact on the ability to treat patients with COVID-19 and many other conditions.
According to the United Nations High Commissioner for Refugees, as of Tuesday, more than 870,000 people had left Ukraine, and that number is expected to increase rapidly, the WHO chief said. “Mass population movements are likely to contribute further to transmission of COVID-19, potentially increasing pressure on health systems in neighboring countries.”
Also at the briefing, Mike Ryan, executive director of the WHO Health Emergencies Program, warned that mass population movements as a result of the conflict could possibly not only drive COVID-19 transmission higher but also favor the emergence of new variant of COVID-19 virus.
WHO is delivering essential medical supplies from the hub in Dubai. The first shipment will arrive in Poland on Thursday, including 36 metric tonnes of supplies for trauma care and emergency surgery to meet the needs of 1,000 patients, and other health supplies to meet the needs of 150,000 people. However, it urges to establish a corridor to ensure humanitarian workers and supplies have safe and continuous access to reach people in need. ■