Connect with us

Europe

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက လက်နက် နှင့် အကူအညီများ ပိုမိုထောက်ပံ့ရန် ပိုလန် ၊ ပြင်သစ် ၊ ဂျာမနီနိုင်ငံများအား တိုက်တွန်း

ကိဗ် ၊ မတ် ၂ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူခြင်းများ တိုးမြှင့်ရန် နှင့် ယူကရိန်းနိုင်ငံသို့ လက်နက် နှင့် ဘဏ္ဍာရေးအထောက်အပံ့များ ပိုမိုပံ့ပိုးပေးရန် ပိုလန် ၊ ပြင်သစ် နှင့် ဂျာမနီနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများအား မတ် ၁ ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။“ပိုလန် ၊ ပြင်သစ် နှင့် ဂျာမနီနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံခဲ့ပါတယ်။ ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုဖိအားတွေကို အရှိန်အဟုန်မြှင့်ဖို့ နဲ့ လက်နက်တွေ ၊ ဘဏ္ဍာရေးငွေကြေး နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိုပြီးတော့ ယူကရိန်းနိုင်ငံကို ထောက်ပံ့ဖို့ သူတို့ကို တိုက်တွန်းခဲ့ပါတယ်။”ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။

မတ် ၁ ရက်အစောပိုင်းတွင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ယူကရိန်းနိုင်ငံသည် ၎င်းတို့၏ မိတ်ဖက်များနှင့်အတူ နိုင်ငံတစ်ဝန်းလုံးတွင် လေကြောင်းပိုင်နက်အား ပိတ်ထားရန် အမျိုးမျိုးသောဖြေရှင်းနည်းများအား လုပ်ဆောင်လျက်ရှိကြောင်း အွန်လိုင်းရှင်းလင်းပွဲတစ်ခုမှတစ်ဆင့် ပြောကြားခဲ့သည်။ (Xinhua)
——————————-
(English Version)

Ukrainian FM urges Poland, France, Germany to provide more weapons, aid
KIEV, March 1 (Xinhua) — Ukrainian Foreign Minister Dmytro Kuleba Tuesday called on the foreign ministers of Poland, France and Germany to increase sanctions pressure on Russia and provide more weapons and financial support to Ukraine.
“(I have) met online with Foreign Ministers of the Weimar Triangle of Poland, France and Germany. I urged (them) to step up sanctions pressure on Russia… and provide Ukraine with more weapons, financial and humanitarian support,” Kuleba said on Twitter.
Earlier on Tuesday, Kuleba said via an online briefing that Ukraine is working with its partners towards various solutions to close the airspace over the country. Enditem
Photo – Ukrainian President Volodymyr Zelensky inspects the positions of the Armed Forces of Ukraine at the frontline of defense in Donbass, eastern Ukraine, April 8, 2021. (Ukrainian Presidential Office/Handout via Xinhua)