Africa & Middle East
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကူးတို့လှေတစ်စင်းက ကုန်တင်သင်္ဘောနှင့် တိုက်မိပြီးနောက် နစ်မြုပ်သွား ၊ လူ ၆ ဦးထက်မနည်း သေဆုံး
ဒါကာ ၊ မတ် ၂၁ ရက်(ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မြို့တော် ဒါကာမြို့အပြင်ဘက် Narayanganj ခရိုင်ရှိ မြစ်တစ်စင်းအတွင်း ခုတ်မောင်းသွားလာနေသော ကူးတို့လှေတစ်စင်းသည် မတ် ၂၀ ရက်တွင် အခြားကုန်တင်သင်္ဘောတစ်စင်းနှင့် တိုက်မိမှုဖြစ်ပွားပြီးနောက် တိမ်းမှောက်သွားခဲ့ကြောင်း ၊ ကယ်ဆယ်ရေးသမားများသည် မြစ်အတွင်း ရုပ်အလောင်း ၆ ခုအား ရှာဖွေတွေ့ရှိခဲ့ကြောင်း အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Narayanganj ခရိုင်၏ ရဲတပ်ဖွဲ့အကြီးအကဲ Jayedul Alam က ခရိုင်အတွင်းရှိ Shitalakkhya မြစ်အတွင်းခုတ်မောင်းနေသည့် “MV Afsar Uddin” အမည်ရှိကူးတို့လှေသည် ကုန်တင်သင်္ဘောကို ဝင်တိုက်မိပြီးနောက် နစ်မြုပ်သွားခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။
“အခုအထိ အမျိုးသမီး ၃ ယောက် ၊ ကလေး ၂ ယောက် နှင့် အမျိုးသား ၁ ဦး အပါအဝင် ရုပ်အလောင်း ၆ လောင်းကို ဆယ်ယူထားပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
တာဝန်ရှိသူ၏ ပြောကြားချက်အရ ကူးတို့လှေသည် ခရီးသည် ၂၅ ဦးမှ ၃၀ ဦးခန့် သယ်ဆောင်လာပြီး မတ် ၂၀ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်(ဂရင်းနစ်စံတော်ချိန် ၀၈၁၅)ဝန်းကျင်တွင် မြစ်အတွင်း နစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်အတွင်း လူတစ်ဦး ပျောက်ဆုံးနေကြောင်း အတည်ပြုထားသည်ဟု ရဲတပ်ဖွဲ့အကြီးအကဲ Jayedul Alam က ပြောကြားခဲ့သည်။
သို့သော် ဒေသတွင်းမီဒီယာများက ပျောက်ဆုံးနေသူအရေအတွက်မှာ ဒါဇင်နှင့်ချီကြောင်း ဖော်ပြထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေခြင်းနှင့်အတူ သေဆုံးသူအရေအတွက်မှာ မြင့်တက်လာနိုင်ကြောင်း ဆိုသည်။
ဘင်္ဂလားဒေ့ရှ်မြစ်ကြောင်း ရဲတပ်ဖွဲ့က “MV Rupshi-19” ကုန်တင်သင်္ဘောအား ဖမ်းဆီးထိန်းသိမ်းထားပြီး ရေယာဉ်မှူး နှင့် သင်္ဘောသား ၈ ဦးကိုလည်း ချုပ်နှောင်ထားကြောင်း သိရသည်။
နစ်မြုပ်သွားသည့် ကူးတို့လှေပေါ်တွင် လိုက်ပါသွားသော ခရီးသည်များ၏ ထိတ်လန့်တကြား အော်ဟစ်အကူအညီတောင်းခံနေသည့် ရုပ်သံဖိုင်သည် လူမှုမီဒီယာပေါ်တွင် ပြန့်နှံ့နေပြီး ယင်းမတော်တဆမှုဖြစ်ခဲ့ရသည့် ပေါ့ဆမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရေကြောင်းသွားလာရေး ဝန်ကြီးဌာနက ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………
(English Version)
Ferry sinks after colliding with cargo vessel in Bangladesh, at least 6 dead
DHAKA, March 20 (Xinhua) — Rescuers have recovered six bodies from a river in Narayanganj district outside Bangladesh’s capital Dhaka after a ferry collided with another vessel and capsized on Sunday, a senior official said.
Jayedul Alam, Narayanganj district’s police chief, told Xinhua that the ferry named “MV Afsar Uddin” sank after being hit by the cargo vessel in the Shitalakkhya River in Narayanganj district.
“The bodies of six people including three women, two children and a man have so far been retrieved,” he said.
According to the official, the ferry carrying some 25 to 30 passengers sank in the river at around 2:15 p.m. local time (0815 GMT) Sunday.
Alam said one person has been confirmed missing.
But local media reports put the number of missing people at dozens and feared the death toll may rise with the search and rescue operation still underway.
Bangladesh’s river police seized the cargo vessel, “MV Rupshi-19”, and detained its master and eight other crew members.
Bangladesh’s Shipping Ministry has formed a committee to look into the negligence claims as footage of the sinking ferry found on social media showed its passengers shouting in panic. ■
Photo – Photo taken on April 5, 2021 shows the sunken ferry in Narayanganj, Bangladesh. (Xinhua)