Europe
ပူတင်က ယူကရိန်းအရှေ့ပိုင်းတွင် လွတ်လပ်သောနိုင်ငံ ၂ ခု အသိအမှတ်ပြုခြင်း နှင့် ရုရှားငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်များဝင်ရောက်ခြင်း အမိန့်များကို လက်မှတ်ရေးထိုး
မော်စကို ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)
ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က Lugansk ပြည်သူ့ သမ္မတ နိုင်ငံ (LPR) နှင့် Donetsk ပြည်သူ့ သမ္မတ နိုင်ငံ (DPR) နှစ်ခုကို သီးခြားလွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုကြောင်း အမိန့်ဒီဂရီနှစ်ရပ်ကို ဖေဖော်ဝါရီ ၂၁ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။
ကရင်မလင်နန်းတော်၌ ပြုလုပ်သော လက်မှတ်ရေးထိုးပွဲတွင် ပူတင်က ရုရှားနိုင်ငံ နှင့် LPR နိုင်ငံ နှင့် DPR နိုင်ငံ ခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီးမှု ၊ ပူးပေါင်းဆောင်ရွက်မှု နှင့် အပြန်အလှန်ထောက်ပံ့ကူညီမှုဆိုင်ရာ သဘောတူစာချုပ်လက်မှတ်ကိုလည်း ရေးထိုးခဲ့ကြောင်း ကရင်မလင်းနန်းတော်၏ ထုတ်ပြန်ချက်က ဆိုသည်။
“LPR သမ္မတ နိုင်ငံ နဲ့ DPR သမ္မတ နိုင်ငံတို့ကို လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံတွေအဖြစ် အလျင်အမြန်အသိအမှတ်ပြုဖို့ အချိန်အတော်ကြာကတည်းက လုပ်ဖို့လိုအပ်တဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်လုပ်လိုက်တာပါ” ဟု နိုင်ငံတော်သို့ရုပ်သံမှတဆင့် မိန့်ခွန်းပြောကြားစဉ် ပူတင်က ထည့်သွင်းပြောကြားခဲ့သည်။
” ၂၀၁၅ မင့်ခ်သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ယူကရိန်းရဲ့ ပိုင်နက်နယ်မြေတိုးချဲ့မှုလုပ်ရပ်ကို ဟန့်တားဖို့ ရုရှားက လုပ်နိုင်သမျှ အရာတိုင်းကို အစွမ်းကုန်လုပ်သွားမှာပါ၊ ဒါပေမယ့် အဲဒီအားထုတ်မှုအားလုံးဟာ vain မှာ အဆုံးသတ်ပါမယ်” ဟု ပူတင်က ရုရှားပြည်များအားပြောကြားခဲ့သည်။
Donbass တွင် ယူကရိန်း၏ တိုက်ခိုက်မှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိပြီး ” အဆုံးသတ်မယ့်အရိပ်အယောင်လည်း မမြင်ရဘူး” ဟု ပူတင်က ဆိုသည်။
ဥရောပတိုက်တွင် လုံခြုံရေးအကျပ်အတည်းဖြစ်ပွားခဲ့ရခြင်းမှာ မြောက်အတ္တလန္တိတ်သဘောတူစာချုပ်(နေတိုး) အဖွဲ့၏ အရှေ့ဘက်သို့ တိုးချဲ့လာနေခြင်းကြောင့်ဖြစ်ရာ ယင်းမှာ ရုရှားနှင့် နေတိုးအကြား နှစ်ဖက်အပြန်အလှန်ယုံကြည်မှုအား လျော့ကျစေသည့်ဖက်ကို ဦးတည်နေကြောင်း ပူတင်က ဖြည့်စွက်ပြောကြားခဲ့သည်။
ယူကရိန်းအား နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန်မှာ ” အချိန်ကာလကိစ္စရပ်တစ်ခုမျှသာ” ဖြစ်ကြောင်း ၊ ယင်းနောက်တွင် ၎င်းတို့၏ မြေပေါ်၌ စစ်ဘက်ဆိုင်ရာများတည်ဆောက်ခြင်းဖြစ် ရုရှားအား စစ်ရေးခြိမ်းခြောက်မှုအဆင့်ကို ကြီးမားစွာ မြင့်တက်စေလိမ့်မည်ဖြစ်ကြောင်း ပူတင်ကဆိုသည်။
အမေရိကန် နှင့် နေတိုးအား လုံခြုံရေးအာမခံချက်ပေးရန် ရုရှားဘက်ကတောင်းဆိုခဲ့ကြောင်း ၊ သို့သော်လည်း အနောက်နိုင်ငံများက ရုရှား၏ အခြေခံကျသော စိုးရိမ်ပူပန်မှုများကို ရှင်းရှင်းလင်းလင်းပင် မသိကျိုးကျွံလျစ်လျူရှုခဲ့ကြောင်း နှင့် ၎င်းတို့၏ တည်ရှိမှုအနေအထားကို မည်သည့်အပြောင်းအလဲမျှ မလုပ်ခဲ့ကြောင်း ပူတင်က မှတ်ချက်ပြုခဲ့သည်။
ထိုကဲ့သို့သောအခြေအနေတွင် ရုရှားနိုင်ငံအနေဖြင့် ” သူ့ရဲ့ကိုယ်ပိုင်လုံခြုံရေး သေချာခိုင်မာစေအောင် တန်ပြန်အရေးယူဆောင်ရွက်မှုတွေကို လုပ်ဖို့ အခွင့်အရေးတိုင်း အပြည့်အဝရှိပါတယ်” ဟု ၎င်းကဆိုသည်။
အနောက်နိုင်ငံများက ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများချမှတ်မည်ဆိုသည့် ” ခြိမ်းခြောက်အကြပ်ကိုင်ရန်” ပြောဆိုချက်များကို ၎င်းအနေဖြင့် သတိပြုမိကြောင်း ၊ သို့သော် ယင်းပိတ်ဆို့မှုများသည် ယူကရိန်အခြေအနေ မည်သို့ပင်ဖြစ်ပေါ်လာစေကာမူ ရုရှားအား ပိတ်ဆို့မည့်ကိစ္စမှာအမှန်တကယ် ဆက်လက်ဖြစ်ပေါ်လာမည်ကို သူ့အနေဖြင့် ယုံကြည်ကြောင်း ပူတင်က ဆိုသည်။
Lugansk ပြည်သူ့ သမ္မတ နိုင်ငံ (LPR) နှင့် Donetsk ပြည်သူ့ သမ္မတ နိုင်ငံ (DPR) နှစ်ခုကို အသိအမှတ်ပြုပြီးနောက်တွင် ယင်းနှစ်နိုင်ငံတွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှု သွားရောက်ဆောင်ရွက်ရန် ရုရှားတပ်ဖွဲ့ဝင်များအား ပူတင်က အမိန့်ပေးခဲ့သည်။
ယင်းနေ့အစောပိုင်းတွင် ရုရှားလုံခြုံရေးကောင်စီက အထူးအရေးပေါ်အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး ရုရှားထိပ်တန်းခေါင်းဆောင်များက ယင်း” ရီပတ်ဘလစ်” နိုင်ငံ နှစ်ခုကို အသိအမှတ်ပြုကြောင်း ထောက်ခံအားပေးခဲ့ကြသည်။
တနင်္လာနေ့ မွန်းလွဲပိုင်းတွင် ပူတင်သည် ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်နှင့် ဂျာမနီနိုင်ငံဝန်ကြီးချုပ် Olaf Scholz တို့နှင့် တယ်လီဖုန်းဆက် ဆွေးနွေးမှုများအတွင်း (LPR) နှင့် (DPR) နိုင်ငံနှစ်ခုကို အသိအမှတ်ပြုရန် ပူတင်၏ အစီအစဉ်နှင့်ပတ်သက်၍ ” သူတို့ရဲ့ စိတ်ပျက်လက်ပျက်ဖြစ်မှု” ကို ထုတ်ဖော်ပြောကြားခဲ့သည်။
သို့သော် တစ်ချိန်တည်းမှာပင် ၎င်းတို့က ဆက်သွယ်မှုများကို ဆက်လက်လုပ်ဆောင်သွားရန် အသင့်ရှိကြောင်းပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)
——————————–
(English Version)
Putin signs decrees recognizing 2 “independent republics” in east Ukraine’s Donbass & orders Russian armed forces to ensure peace
MOSCOW, Feb. 21 (Xinhua) — Russian President Vladimir Putin on Monday signed two decrees recognizing “the Lugansk People’s Republic (LPR)” and “the Donetsk People’s Republic (DPR)” as independent and sovereign states.
At a ceremony held in the Kremlin, Putin also inked the Treaty of Friendship, Cooperation and Mutual Assistance between Russia and the LPR and the DPR respectively with the heads of the two “republics,” a Kremlin statement said.
“I consider it necessary to make a long overdue decision — to immediately recognize the independence and sovereignty of the DPR and the LPR,” Putin said in a televised address to the nation.
“Russia has done everything to preserve the territorial integrity of Ukraine” by fighting for the implementation of 2015 Minsk agreements, but all the efforts ended up in vain, he told the public.
According to Putin, nearly everyday there is Ukrainian shelling of settlements in Donbass and “there is no end in sight.”
The crisis of European security occurred due to the eastward expansion of the North Atlantic Treaty Organization (NATO), which has led to the loss of mutual trust with Russia, Putin stressed.
He called it just “a matter of time” for NATO to accept Ukraine as a member state and then build facilities on its territory so that the level of military threats to Russia will rise dramatically.
As Moscow asked the United States and NATO for security guarantees, the Western countries precisely ignored Russia’s fundamental concerns and nothing has changed in their position, Putin noted.
In such a condition, Russia “has every right to take retaliatory measures to ensure its own security,” the president said.
Putin said he is aware that the West is trying to “blackmail” Russia again with sanctions, but he believes that sanctions will continue just because Russia exists, regardless of the situation in Ukraine.
After recognizing the independence of the LPR and the DPR, Putin instructed the Russian armed forces to ensure peace in the two “countries.”
Earlier in the day, the Russian Security Council held an extraordinary meeting, when the country’s top officials supported the recognition of the two “republics.”
On Monday evening, Putin had phone conversations with French President Emmanuel Macron and German Chancellor Olaf Scholz, who “expressed their disappointment” with Putin’s plan to recognize the LPR and the DPR, but meanwhile they showed readiness to continue contacts, according to a Kremlin statement.
PHOTO(1) Russian President Vladimir Putin signs documents recognizing “the Donetsk and Lugansk People’s Republics” at the Kremlin in Moscow on Feb. 21, 2022. (Kremlin press release)
PHOTO(2) – Photo taken on Feb. 21, 2022 shows a screen displaying Russian President Vladimir Putin speaking during a televised address to the nation in Moscow, Russia. (Xinhua/Bai Xueqi)