Asia
တရုတ်-လာအို ရထားလမ်းတွင် ခရီးသည်တင်ရထားများ ထပ်တိုးပြေးဆွဲမည်
ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
လာအို-တရုတ် မီးရထားကုမ္ပဏီ (LCRC) က ခရီးသည်များ၏ လိုအပ်ချက်မြင့်တက်လာခြင်းနှင့် ကိုက်ညီစေရန် ရှိနှင့်ပြီးသား မြန်နှုန်းမြင့် EMU (electric multiple unit) ရထားနှစ်စင်း၌ မြန်နှုန်းနိမ့်ရထားများ ထပ်တိုးပြေးဆွဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။LCRC အနေဖြင့် နေ့စဉ် EMU ရထားလေးစင်း ပြေးဆွဲလျက်ရှိကြောင်း၊ ယင်းအနက် ရထားနှစ်စင်းမှာ ဗီယင်ကျန်းမြို့နှင့် တရုတ်နိုင်ငံ နယ်စပ် ဘိုတန်မြို့အကြားခေါက်တုံ့ခေါက်ပြန်ပြေးဆွဲနေကြောင်းနှင့် နောက်ထပ်နှစ်စင်းမှာမူ ဗီယင်ကျန်းနှင့် ရှေးဟောင်းမြို့တော် Luang Prabang မြို့ကြား ပြေးဆွဲနေကြောင်း သိရသည်။
ထို့ပြင် ကုမ္ပဏီက အဆိုပါ ရထားလမ်းပေါ်၌ တစ်နာရီလျှင် ကီလိုမီတာ ၁၂၀ မြန်နှုန်းဖြင့် ပြေးဆွဲမည့် လေအေးပေးစက်ပါ ခရီးသည်တင်ရထားတစ်စင်းကိုလည်း ပြေးဆွဲရန် စီစဉ်ထားကြောင်း၊ အလားတူ ပထမဆုံး ရထားသည် ဖေဖော်ဝါရီ ၂၃ ရက်က ဗီယင်ကျန်းမြို့သို့ ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။
ထိုရထားတွင် စုစုပေါင်း ထိုင်ခုံအမာပါဝင်သော ရထားတွဲ ၁၄ တွဲနှင့် အိပ်စင်ပါဝင်သောရထားတွဲ ၁ တွဲပါဝင်ပြီး ခရီးသည် ၁,၆၆၄ ဦးကို တင်ဆောင်နိုင်ကြောင်းLCRC ရထားလမ်းပြေးဆွဲရေးဌာနအရ သိရသည်။
LCRC က လက်ရှိတွင် ဒေသတောင်းဆိုချက်များအရ တစ်နာရီလျှင် ကီလိုမီတာ ၁၂၀ နှုန်းဖြင့် ပြေးဆွဲမည့် ရထားအားဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိပြီး ဖွင့်လှစ်မည့်အချိန်အသေးစိတ်နှင့် ရထားတွဲအရေအတွက်ကို ထပ်မံဖော်ပြသွားမည်ဖြစ်သည်။
တရုတ်-လာအို ရထားလမ်း၏ လာအိုလမ်းပိုင်း၌ ဖေဖော်ဝါရီ ၂၃ ရက်အထိ EMU ခရီးသည်တင်ရထား ၁၄၆ စုံ ပြေးဆွဲလျက်ရှိပြီး ခရီးသည်ပေါင်း ၁၄၄,၆၁၀ ဦးကို ပို့ဆောင်ပေးနေကြောင်း၊ ဇန်နဝါရီ ၃ ရက်တွင် ခရီးသည် ၂,၈၀၄ ဦးဖြင့် အများဆုံးဖြစ်ကြောင်းနှင့် ပျမ်းမျှ ခရီးသည်စီးနင်းလိုက်ပါနှုန်းမှာ ၆၈.၇၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
လာအိုနှစ်သစ်ကူးကာလသို့ ချဉ်းနင်းဝင်ရောက်လာခြင်းနှင့်အတူ LCRC အနေဖြင့် လာအို၌ အရေးကြီးဆုံး ပွဲတော်အတွင်း ရထားများ ထပ်တိုးပြေးဆွဲရန် အစီအစဉ်အား လေ့လာဖော်ထုတ်လျက်ရှိသည်။
တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့နှင့် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းနှင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ ၁,၀၃၅ ကီလိုမီတာရှည်လျားသော နယ်စပ်ဖြတ်ကျော် ရထားလမ်းသည် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု၏ အရည်အသွေးမြင့် အထင်ကရစီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)
———————————————–
(English Version)
China-Laos Railway to run additional passenger trains
VIENTIANE, Feb. 23 (Xinhua) — The Laos-China Railway Company (LCRC) has announced it will operate slower-speed trains in addition to the two existing high-speed EMU (electric multiple unit) trains to meet the growing needs of passengers.
The LCRC has been running two pairs of EMU trains every day, one pair between Vientiane and Boten bordering China, and another between Vientiane and the ancient capital of Luang Prabang.
The company is also planning to run an additional 120 km/h air-conditioned passenger train on the railway. The first such train has arrived in Vientiane on Tuesday.
According to the operation department of the LCRC, the train, with a total of 15 carriages including 14 hard-seated carriages and one soft sleeping car, can carry 1,664 passengers.
The LCRC is currently preparing for the opening of the 120 km/h train in accordance with the local demands, and the specific opening time and the number of carriages will be further clarified.
As of Tuesday, the Lao section of the China-Laos Railway had run 146 pairs of EMU passenger trains, transporting 144,610 passengers, with a maximum of 2,804 on Jan. 3 and an average occupancy rate of 68.76 percent.
With the approaching of the Lao New Year, the LCRC is studying and formulating an operation plan of additional trains during the most important festival in Laos.
The China-Laos Railway connects Kunming in southwest China’s Yunnan Province with the Lao capital Vientiane. The 1,035-km cross-border railway, a landmark project of high-quality Belt and Road cooperation, was launched on Dec. 3, 2021. ■
Photo 1 : A 120 km/h air-conditioned passenger train arrives in Vientiane Station of China-Laos Railway in Vientiane, Laos, Feb. 22, 2022. (Photo by Li Huan/Xinhua)
Photo 2 : Photo taken on Feb. 9, 2022, shows the Luang Prabang Station along the China-Laos Railway in Luang Prabang, Laos. (Photo by Li Huan/Xinhua)
Photo 3 : Photo taken on Feb. 13, 2022, shows the waiting hall of the Luang Prabang Station along the China-Laos Railway in Luang Prabang, Laos. (Photo by Li Huan/Xinhua)