Connect with us

International Organizations

ကုလသမဂ္ဂအကြီးအကဲက ပူတင်အား တပ်ဖွဲ့ဝင်များကို ရုရှားနိုင်ငံသို့ ပြန်ခေါ်ရန် တောင်းဆို

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ဖေဖော်ဝါရီ ၂၃ ရက်တွင် ယူကရိန်းအရေးကိစ္စအပေါ် လုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးအပြီး သတင်းထောက်များအား ရှင်းလင်းပြောကြားနေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ယူကရိန်းနိုင်ငံအတွင်း စစ်ဆင်ရေးတစ်ခုအား ကြေညာခဲ့ပြီးနောက် မကြာမီတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ရုရှားနိုင်ငံသမ္မတ ပူတင်အား တပ်ဖွဲ့ဝင်များကို ရုရှားနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းတွင် တောင်းဆိုခဲ့ကြောင်း သိရသည်။“သမ္မတ ပူတင်ကို ကျွန်တော် ပြောချင်တာက လူသားချင်းစာနာမှုအရ သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို ရုရှားနိုင်ငံဆီ ပြန်ခေါ်ဖို့ပါ။လူသားချင်းစာနာမှုအရ ဥရောပမှာ ရာစုနှစ်စတင်ချိန်ကတည်းက အဆိုးရွားဆုံးဖြစ်စစ်ပွဲ ဖြစ်လာမယ့်အရေးကို စတင်ဖို့ ခွင့်မပြုနိုင်ပါဘူး။”ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ယူကရိန်းအရေးကိစ္စအပေါ် လုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။

“ကမ္ဘာပေါ်မှာ COVID-19 ရောဂါ ဖြစ်ပွားနေတဲ့ အခိုက်အတန့် ဖြစ်ပြီးတော့ ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများ နလန်ပြန်ထူဖို့အတွက် နေရာလပ်ရှိဖို့ အသေအချာလိုအပ်ပါတယ်။နိုင်ငံတကာဈေးကွက်တည်ငြိမ်မှုမရှိခြင်းနှင့်အတူ အတိုးနှုန်းတွေ မြင့်တက်လာတာရယ် ၊ ယူကရိန်းကနေ ဂျုံစေ့တင်ပို့မှု အဆုံးသတ်သွားတာရယ် ၊ ရေနံဈေးနှုန်း မြင့်တက်လာတာရယ်ကြောင့် ဒါက အလွန့် အလွန်ကို ခက်ခဲပါလိမ့်မယ်။”ဟု အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂအကြီးအကဲအဖြစ် ၎င်း၏ ရာထူးသက်တမ်းအတွင်း ဝမ်းနည်းစရာအကောင်းဆုံးအချိန် ဖြစ်ကြောင်း မှတ်ချက်ပြုကာ အန်တိုနီယိုဂူတာရက်စ်က ပဋိပက္ခများကို ရပ်တန့်ရန် နှင့် ငြိမ်းချမ်းရေးကို အခွင့်အရေးပေးရန် ပူတင်အား တောင်းဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————–
(English Version)
UN chief asks Putin to bring troops back to Russia

UNITED NATIONS, Feb. 24 (Xinhua) — United Nations Secretary-General Antonio Guterres Wednesday night asked Russian President Vladimir Putin to bring troops back to Russia shortly after Putin announced a military operation in Ukraine.

“I must say, President Putin: In the name of humanity bring your troops back to Russia. In the name of humanity do not allow to start in Europe what could be the worst war since the beginning of the century,” the top UN official told reporters at the UN headquarters in New York after the Security Council emergency meeting on Ukraine concluded.

At a moment when the world is emerging from COVID-19 and so many developing countries absolutely need to have space for the recovery, it would be “very, very difficult, with the high prices of oil, with the end of exports of wheat from Ukraine, and with the rising interest rates caused by instability in international markets,” Guterres said.

Noting it is “the saddest moment” in his tenure as the UN chief, Guterres called on Putin to stop the conflicts and “give peace a chance.” ■

Photo – United Nations Secretary-General Antonio Guterres speaks to the press after the Security Council emergency meeting on Ukraine concluded at the UN headquarters in New York, Feb. 23, 2022. Guterres Wednesday night asked Russian President Vladimir Putin to bring troops back to Russia shortly after Putin announced a military operation in Ukraine. (Xinhua/Wang Ying)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.