Connect with us

International Organizations

ကုလသမဂ္ဂက ယူကရိန်းနိုင်ငံရှိ အရေးပေါ်လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် CERF မှ အမေရိကန်ဒေါ်လာ သန်း ၂၀ ခွဲဝေသတ်မှတ်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အား ဖေဖော်ဝါရီ ၂၄ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ (UN) အနေဖြင့် ရုရှားနိုင်ငံနှင့် စစ်ရေးပဋိပက္ခအလယ်ရောက်ရှိနေသော ယူကရိန်းနိုင်ငံ၌ အရေးပေါ်လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ဗဟိုအရေးပေါ်အခြေအေနေတုန့်ပြန်ရေးရန်ပုံငွေ (CERF) မှ အမေရိကန်ဒေါ်လာ သန်း ၂၀ ခွဲဝေသတ်မှတ်မည်ဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဖေဖော်ဝါရီ ၂၄ ရက်က ကြေညာခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အား ဖေဖော်ဝါရီ ၂၄ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အား ဖေဖော်ဝါရီ ၂၄ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ) 

“အရေးပေါ်လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့ ဗဟိုအရေးပေါ်အခြေအနေတုန့်ပြန်ရေးရန်ပုံငွေကနေ အမေရိကန်ဒေါ်လာ သန်း ၂၀ အရေးပေါ်ခွဲဝေသတ်မှတ်ဖို့ ဒီကနေ့ ကျွန်တော် ကြေညာလိုက်တာပါ” ဟု ကုလသမဂ္ဂ အကြီးအကဲက နယူးယောက်ရှိ UN ရုံးချုပ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေက ယူကရိန်းမှာ သူတို့လိုအပ်တဲ့အချိန်မှာ ပြည်သူတွေ နေထိုင်ဖို့၊ လွှဲပြောင်းဖို့နဲ့ ပံ့ပိုးပေးဖို့ ကတိပြုထားကြပါတယ်” ဟု အထွေထွေအတွင်းရေးမှူးချုပ်က ပြောခဲ့သည်။

ကုလသမဂ္ဂဝန်ထမ်းများအနေဖြင့် နှစ်ဘက်လုံးနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ “ကြားနေမှု၊ သမာသမတ်ရှိမှု၊ လူသားဆန်မှုနှင့် သီးခြားလွတ်လပ်မှု၏ လူသားချင်းစာနာထောက်ထားမှု စည်းမျဉ်းများဖြင့် အမြဲတစေ လမ်းညွှန်ခဲ့ကြောင်း” ၎င်းက ဆိုသည်။

“ကျွန်တော်တို့က ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ပြည်သူတွေလိုအပ်လာပြီဆိုရင် အသက်ကယ် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပံ့ပိုးပေးနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“အရပ်သားတွေကို ကာကွယ်ဖို့က နံပါတ်တစ်ဖြစ်ပါတယ်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးတွေကို မဖြစ်မနေ စောင့်ထိန်းကြရမှာဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူက မှတ်ချက်ပြုခဲ့သည်။ (Xinhua)

…………………………………………
(English Version)

UN to allocate 20 mln USD from CERF to meet urgent needs in Ukraine
Source: Xinhua
Editor: huaxia
2022-02-25 04:08:00
UNITED NATIONS, Feb. 24 (Xinhua) — United Nations Secretary-General Antonio Guterres announced Thursday that the world body will allocate 20 million U.S. dollars from the Central Emergency Response Fund (CERF) to meet the urgent needs in Ukraine, which is in the midst of a military conflict with Russia.
“Today I am announcing that we will immediately allocate 20 million U.S. dollars from the Central Emergency Response Fund to meet urgent needs,” the UN chief told reporters at the UN headquarters in New York.
“We and our humanitarian partners are committed to staying and delivering, to support people in Ukraine in their time of need,” said the secretary-general.
He said that UN staff are working on both sides of the contact line, “always guided by the humanitarian principles of neutrality, impartiality, humanity and independence.”
“We are providing lifesaving humanitarian relief to people in need, regardless of who or where they are,” he said.
“The protection of civilians must be priority number one,” noted the top UN official. “International humanitarian and human rights law must be upheld.” ■
Photo 1 : United Nations Secretary-General Antonio Guterres speaks to the press at the UN headquarters in New York, on Feb. 24, 2022. Guterres announced Thursday that the world body will allocate 20 million U.S. dollars from the Central Emergency Response Fund (CERF) to meet the urgent needs in Ukraine, which is in the midst of a military conflict with Russia. (Xinhua/Xie E)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.