Europe
ရုရှားပတ်ပတ်လည်ရှိ အမေရိကန်က ငွေကြေးထောက်ပံ့ထားသော ဓာတ်ခွဲခန်းများသည် ဇီဝလက်နက်များတီထွင်ဖန်တီးရန်ဖြစ်ဟု ကရင်မလင်နန်းတော်ပြောကြား
မော်စကို ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)
ရုရှားနိုင်ငံပတ်ပတ်လည်တွင် ဇီဝဗေဒဆိုင်ရာဓာတ်ခွဲခန်းများစွာတည်ထောက်ထားသည့် အခင်းအကျင်းတစ်ခုကို ရုရှားနိုင်ငံက သတင်းအချက်အလက်စစ်ဆေးတွေ့ရှိထားပြီး ယင်းမှာ ဇီဝလက်နက်များဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ကရင်မလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဧပြီ ၂ ရက်တွင်ပြောကြားခဲ့သည်။“ အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က ငွေကြေးထောက်ပံ့မှု အစီအစဉ်တစ်ရပ်ရဲ့ မူဘောက်အတွင်းမှာ ရုရှားနိုင်ငံနဲ့ဘီလာရုဇ်နိုင်ငံ ပတ်ချာလည်မှာ ဇီဝဓာတ်ခွဲခန်းတွေ တည်ဆောက်ဖန်တီးထားတဲ့ ကွန်ရက်တစ်ခုရှိပါတယ် ၊ အဲဒီမှာ သိပ်ကို အန္တရာယ်ကြီးမားတဲ့ ရောဂါပိုးမွှားတွေ ၊ အနုဇီဝပိုးမွှားတွေ နဲ့ ဗိုင်းရပ်စ်တွေကို လုပ်ကိုင်ဆောင်ရွက်နေရုံသာမကဘူး ဇီဝလက်နက်အသစ်အဆန်းတွေကို တီထွင်ဖန်တီးတဲ့ စီမံကိန်းလုပ်ငန်းတွေလည်း ပါဝင်ပါတယ်” ဟု ဘီလာရုဇ်-၂၄ ရုပ်သံလိုင်းနှင့်တွေ့ဆုံမေးမြန်းစဉ် Peskov ကထည့်သွင်းပြောကြားခဲ့သည်။
“ အမေရိကန်နိုင်ငံဟာ ဇီဝဓာတ်ခွဲခန်းတွေနဲ့ပတ်သက်တဲ့ အရေးကိစ္စတွေအပေါ် အလေးထားခံနေရခြင်းမှ ရှောင်ရှားဖို့ အခုအခါကြိုးပမ်းလုပ်ဆောင်နေပါတယ် ၊ ဒါပေမယ့် အချက်အလက်တွေကတော့ သူတို့ကိုယ် သူတို့ ပြန်ပြောနေပါတယ် ၊ အဲဒီကိစ္စဟာ ရုရှားနဲ့ အခြားနိုင်ငံများစွာအတွက် စိုးရိမ်ပူပန်စရာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယူကရိန်းနိုင်ငံ၌ ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးဆောင်ရွက်မှုအတွင်း အမေရိကန်နိုင်ငံ၏ အန္တရာယ်ရှိသော ဇီဝဗေဒဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ၏ ဒူးမားလွှတ်တော်(သို့မဟုတ်) အောက်လွှတ်တော် ဒုတိယဥက္ကဌ Irina Yarovaya က ယခုရက်သတ္တပတ်အစောပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့ပြင် ယူကရိန်းနိုင်ငံ၌ အမေရိကန်ထိန်းချုပ်ထားသော ဇီဝဗေဒဓာတ်ခွဲခန်းများအား စုံစမ်းစစ်ဆေးရန် ကော်မရှင်တစ်ရပ်ကိုလည်း ရုရှားလွှတ်တော်အမတ်များက ဖွဲ့စည်းထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။(Xinhua)
————————–
U.S.-funded labs around Russia work to create bio-weapons: Kremlin
MOSCOW, April 3 (Xinhua) — Moscow has information that an array of biological laboratories have been founded around Russia, which are engaged in developing bio-weapons, Kremlin spokesman Dmitry Peskov said Saturday.
“Within the framework of a program funded by the Pentagon, a whole network of biolabs have been created around Russia and Belarus, which not only deal with extremely dangerous pathogens, microbes, viruses, but also work on projects to invent new types of biological weapons,” Peskov said in an interview with Belarus-24 TV channel.
“The Americans are now trying to divert attention from the issue of biological laboratories, but facts speak for themselves. The issue concerns Russia and many other countries,” he said.
During Russia’s special military operation in Ukraine, the dangerous biological activities of the United States had been revealed, Irina Yarovaya, deputy chairperson of the State Duma or the lower house of Russia’s parliament, said earlier this week.
Russian lawmakers have formed a commission to investigate U.S.-controlled biological laboratories in Ukraine.
Photo taken on Feb. 19, 2020 shows the Pentagon seen from an airplane over Washington D.C., the United States. (Xinhua/Liu Jie)