International Organizations
အီကွေဒေါအကျဉ်းထောင်ဆူပူအုံကြွမှုအတွင်း ၁၂ ဦးထက်မနည်း သေဆုံး
ကွီတို ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)
အီကွေဒေါနိုင်ငံတောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခု၌ ဧပြီ ၃ ရက် နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဆူပူအုံကြွမှုတစ်ခုအတွင်း အကျဉ်းသား ၁၂ ဦးထက်မနည်း သေဆုံးကာ အခြား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အကျဉ်းထောင်အာဏာပိုင်များ၏ ကနဦးအစီရင်ခံချက်အရ သိရသည်။
ယင်းဆူပူအုံကြွမှုသည် အီကွေဒေါနိုင်ငံ၌ အကြီးဆုံး အကျဉ်းထောင်အဆောက်အဦအနက် တစ်ခုဖြစ်သည့် Turi အကျဉ်းထောင်ဟု လူသိများသော Cuenca မြို့၏ အကျဉ်းထောင်တစ်ခုအတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆူပူအုံကြွမှုအား တုံ့ပြန်သည့်အနေဖြင့် အစိုးရအဖွဲ့သည် စီစဉ်တကျမူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန် လက်နက်ကိုင်တပ်ဖွဲ့များ နှင့် အမျိုးသားရဲတပ်ဖွဲ့ဝင် ၈၀၀ ကျော် စေလွှတ်ခဲ့ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီး Patricio Carrillo က ယခုအထိ ၁၂ ဦး သေဆုံးကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ဆူပူအုံကြွမှုရဲ့ အရင်းခံအကြောင်းက ထောင်ထဲမှာ အကြွင်းမဲ့အာဏာ လိုချင်တဲ့ အဖွဲ့အစည်းတစ်ခုနဲ့ သူတိုကို ဆန့်ကျင်တဲ့ အကျဉ်းသားတွေ ထိပ်တိုက်တွေ့ကြလို့ပဲ ဖြစ်ပါတယ်။”ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။
ဆူပူလှုပ်ရှားမှုများအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦး အပါအဝင် အကျဉ်းသား ၉၀ ဦးအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း တာဝန်ရှိသူများက ရှင်းလင်းဖော်ပြခဲ့သည်။
“ကံအကြောင်းမလှစွာနဲ့ပဲ အကျဉ်းထောင်တွေက အချိန်တော်တော်ကြာကြာ အမြဲတမ်းခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါတယ်။ဒါပေမယ့် ဒီနေ့မှာတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။ နိုင်ငံအတွင်း အခြားအကျဉ်းထောင်များတွင် ဖြစ်လာနိုင်ခြေရှိသော ဆူပူအုံကြွမှုများအား တားဆီးရန် အစီအမံများအား လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် အကြီးအကျယ်ဆူပူအုံကြွမှုတွင် အကျဉ်းသား ၁၁၆ ဦး သေဆုံးကာ အခြား ၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းနှင့်အတူ မကြာသေးမီနှစ်များအတွင်း အီကွေဒေါနိုင်ငံ၏ အကျဉ်းထောင်များတွင် ပြိုင်ဘက်ဂိုဏ်များအကြား ချုပ်ကိုင်ရေးအတွက် တိုက်ခိုက်ကြသည့် ထိပ်တိုက်ဖြစ်မှုများကြောင့် အကြမ်းဖက်မှုများသည် ပိုမိုပျံ့နှံ့လာခဲ့သည်။ (Xinhua)
………………………………………..
(English Version)
At least 12 killed in Ecuador prison riot
QUITO, April 3 (Xinhua) — At least 12 inmates were killed and 10 others injured in a violent riot that occurred early Sunday morning in a prison in southern Ecuador, according to a preliminary report by prison authorities.
The riot took place in the city of Cuenca in a facility known as the Turi prison, one of the largest correctional complexes in the country.
In response to the riot, the government sent more than 800 members of the National Police and the Armed Forces to restore order.
Interior Minister Patricio Carrillo said at a press conference that so far, “12 victims have been identified.”
“The motivation (of the riot) is because there is an organization that wants to have absolute power in the center and there are some cells that have rebelled against them,” Carrillo said.
Authorities indicated that during the disturbances, 90 prisoners were evacuated, including 10 who had been injured.
“Unfortunately, prisons have for a long time become a permanent threat, but today the will exists and we are going to take the necessary actions,” said Carrillo, adding that measures were being taken to prevent potential riots in other prisons in the country.
Violence has become more prevalent in Ecuador’s prisons in recent years due to clashes between rival gangs fighting for control, with the deadliest riot occurring in September 2021 when 116 prisoners were killed and 80 others injured. Enditem
Photo – Police officers stand guard outside the Litoral Penitentiary after clashes occurred in the prison in Guayaquil, Ecuador, Nov. 13, 2021. (Photo by Marcos Pin/Xinhua)