Connect with us

Politics, Law & Military

သမ္မတရှီက အီတလီနိုင်ငံသမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရသည့် မတ်တာရီလာထံ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

အီတလီနိုင်ငံ ရောမမြို့၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က ပြုလုပ်သည့် အီတလီသမ္မတ Sergio Mattarella ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင် အီတလီလေတပ်၏ သရုပ်ပြပျံသန်းမှုအုပ်စု (Frecce Tricolori) က ဂုဏ်ပြုပျံသန်းမှုပြုလုပ်စဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အီတလီနိုင်ငံသမ္မတအဖြစ် ပြန်လည်ရွေးချယ်တင်မြှောက်ခံရသည့် ဆာဂျီရိုမတ်တာရီလာ (Sergio Mattarella) ထံ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာတစ်စောင်ကို ပေးပို့ခဲ့သည်ဟု သိရသည်။တရုတ်-အီတလီဆက်ဆံရေးသည် သမိုင်းတွင် ယှက်နွယ်မှုနက်ရှိုင်းစွာရှိခဲ့ကြောင်း ၊ ပြည်သူများနှစ်ထောင်းအားရစွာ ထောက်ခံအားပေးခဲ့ကြောင်း နှင့် အကျိုးစီးပွားများဖြစ်ထွန်းစေခဲ့ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။ နှစ်နိုင်ငံသည် အပြန်အလှန်လေးစားမှုဖြင့် နိုင်ငံတကာအသိုက်အဝန်းအတွက် စံနမူနာကောင်းတစ်ခုဖြစ်ခဲ့ကြောင်း ၊ မတူခြားနားချက်များတွင် တူညီသောဘုံအခင်းအကျင်းတစ်ခုကို ရှာဖွေခဲ့ကြကြောင်း နှင့် win-win ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဖေဖော်ဝါရီ ၄ ရက်က ပြုလုပ်သော ပေကျင်း ၂၀၂၂ အိုလံပစ်ဆောင်းရာသီအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် အီတလီအားကစားသမားများ အခမ်းအနားတွင်းသို့ ချီတက်ဝင်ရောက်လာစဉ်(ဆင်ဟွာ)

နှစ်နိုင်ငံသည် COVID-19 ရောဂါတိုက်ဖျက်ရေးတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး တရုတ်-အီတလီ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် အခါသမယ အခမ်းအနားကို ပူးတွဲကျင်းပခဲ့ကြောင်း နှင့် ၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ် နှင့် ၂၀၂၆ မီလန်ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် ကျင်းပရန် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ထောက်ခံအားပေးခဲ့ကြကြောင်း ရှီက ဆိုသည်။

နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခွင့်အလမ်းသစ်များစွာ ယူဆောင်ပေးမည့် တရုတ်-အီတလီ ယဉ်ကျေးမှု နှင့် ခရီးသွား နှစ်ကို ပြန်လည်စတင်ရန်လည်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်-အီတလီ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် ကြီးမားသောအရေးပါပုံအနေအထားများ နှင့် နိုင်ငံရေးအရ နှစ်ဖက်အပြန်အလှန်ယုံကြည်မှုနက်ရှိုင်းစေရန် ၊ နယ်ပယ်ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှု နှင့် အပြန်အလှန်ဖလှယ်မှု တိုးချဲ့ရန် နှင့် နှစ်ဖက်ပြည်သူများ နှင့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းရန် တရုတ်-အီတလီဆက်ဆံရေးတွင် အောင်မြင်မှုအသစ်များ ရရှိရန်အတွက်ပူးတွဲ တွန်းအားပေးဆောင်ရွက်သွားရေးအတွက် မတ်တာရီလာ နှင့်အတူ လက်တွဲလုပ်ဆောင်သွားရန် အသင့်ရှိကြောင်း ရှီက ဆိုသည်။(Xinhua)

………………………………………
(English Version)

Xi congratulates Mattarella on re-election as Italian president

BEIJING, Feb. 6 (Xinhua) — Chinese President Xi Jinping has sent a message of congratulations to Sergio Mattarella on his re-election as Italian president.

Noting that China-Italy relations enjoy deep historical roots, sound public support and a solid bond of interests, Xi said Friday that the two countries have set an example for the international community of mutual respect, seeking common ground while shelving differences, and win-win cooperation.

The two countries have actively cooperated to fight COVID-19, jointly celebrated the 50th anniversary of the establishment of China-Italy diplomatic ties, and supported each other in hosting the 2022 Beijing Winter Olympics and 2026 Milan Winter Olympics, said Xi, adding that the China-Italy Year of Culture and Tourism is about to restart, which will bring many new opportunities for the development of bilateral relations.

Xi said he attaches great importance to the development of China-Italy ties and stands ready to work with Mattarella to deepen mutual political trust, expand exchanges and cooperation in various fields and jointly push for new achievements in China-Italy relations to benefit the two countries and their people.

Photo(1)Italian aerobatic squad Frecce Tricolori performs during a ceremony to celebrate the inauguration of Italian President Sergio Mattarella in Rome, Italy, Feb. 3, 2022. (Photo by Alberto Lingria/Xinhua)

Photo(2) The Olympic delegation of Italy parade into the National Stadium during the opening ceremony of the Beijing 2022 Olympic Winter Games in Beijing, capital of China, Feb. 4, 2022. (Xinhua/Wang Yuguo)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.