North America
အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းတွင် စစ်ဘက်ဆိုင်ရာ ဇီဝဗေဒစွမ်းရည်များ တိုးမြှင့်လုပ်ဆောင်နေကြောင်း ရုရှားစွပ်စွဲ
မော်စကို ၊ ဧပြီ ၇ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံသည် နိုင်ငံတကာဥပဒေ၏ ဟာကွက်များကို အားသာချက်ယူကာ ကမ္ဘာ့ဒေသအသီးသီးတွင် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ ဇီဝဗေဒစွမ်းရည်များ တစ်သမတ်တည်းတည်ဆောက်လျက် ရှိကြောင်း ရုရှားစစ်တပ်က ဧပြီ ၆ ရက်တွင် စွပ်စွဲပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် နိုင်ငံအသီးသီးတွင် ဇီဝဗေဒဓာတ်ခွဲခန်းများ ဖန်တီးနေပြီး တစ်လုံးတစ်ဝတည်းဖြစ်စေသည့်စနစ်တစ်ခုနှင့် ဓာတ်ခွဲခန်းများအား ချိတ်ဆက်ထားကြောင်း ရုရှားကြည်းတပ်၏ ဓာတုဗေဒ နှင့် ဇီဝဗေဒကာကွယ်ရေးတပ်ဖွဲ့၏ ဓာတ်ရောင်ခြည်ဆိုင်ရာ ခေါင်းဆောင် Igor Kirillov က ပြောကြားခဲ့သည် ။
ရုရှားနိုင်ငံ ၊ တရုတ်နိုင်ငံ တို့နှင့် နယ်နမိတ်ထိစပ်နေသည့် နယ်မြေများတွင် အမေရိကန်စစ်တပ်မှ ငွေကြေးထောက်ပံ့ခြင်းနှင့်အတူ ၂၀၀၅ ခုနှစ်မှစတင်ကာ ခေတ်မီသည့် အဆောက်အအုံ ၆၀ ခန့် တည်ဆောက်ထားရှိခဲ့ကြောင်း ၎င်းက အစည်းအဝေး၌ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် ၂၀၀၅ ခုနှစ်မှစ၍ စစ်ဘက်ဆိုင်ရာဇီဝဗေဒအစီအစဉ်များအပေါ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် အသုံးပြုခဲ့ကြောင်း Kirillov က မှတ်ချက်ပြုခဲ့သည်။ အဆိုပါဇီဝဗေဒအဆောက်အအုံများသည် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များ တပ်ဖြန့်ထားမှုအတွက် အဆိုပြုထားသည့်နေရာများတွင် ဇီဝဗေဒဆိုင်ရာအခြေအနေများအား စောင့်ကြည့်ခြင်း ၊ အမေရိကန်နိုင်ငံအတွက် အန္တရာယ်ရှိသော အဏုဇီဝသက်ရှိများ စုဆောင်းခြင်း နှင့် လွှဲပြောင်းပေးအပ်ခြင်း နှင့် ဇီဝလက်နက်များ ဖန်တီးမှုအလားအလာကို လေ့လာသုံးသပ်ခြင်း စသည့် နယ်ပယ်သုံးခုတွင် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
လူသားများအား ကူးစက်နိုင်စွမ်းရှိပြီး သဘာဝ foci တည်ရှိနေသည့် ဒေသတစ်ခုအတွက် ဖန်တီးသူအတိအကျကို လေ့လာလျက်ရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
………………………
(English Version)
Russia accuses U.S. of increasing military biological capability globally
MOSCOW, April 6 (Xinhua) — The United States is consistently building up its military biological potential in various regions of the world, taking advantage of gaps in international law, the Russian military said Wednesday.
Washington is creating biological laboratories in different countries and connecting them to a unified system, said Igor Kirillov, chief of the Radiation, Chemical and Biological Defense Forces of the Russian Armed Forces.
In territories bordering Russia and China alone, there have been about 60 facilities modernized since 2005 with funding from the U.S. military, he said at a meeting.
Kirillov noted that the United States has spent more than 5 billion U.S. dollars on military biological programs since 2005.
According to him, these biological facilities are carrying out work in three areas: monitoring the biological situation in proposed areas for the deployment of military contingents of the North Atlantic Treaty Organization; collecting and delivering strains of dangerous microorganisms to the United States; and studying potential agents of biological weapons.
Agents specific to a given region, having natural foci and capable of being transmitted to humans are also being studied, he added. ■
Photo – Photo taken on March 10, 2022 shows the Kremlin in Moscow, Russia. (Xinhua/Bai Xueqi)