Connect with us

ASEAN

အင်ဒိုနီးရှားက နိုင်ငံ ၂၃ နိုင်ငံမှ ခရီးသွားဧည့်သည်များအတွက် ဆိုက်ရောက်ဗီဇာဝန်ဆောင်မှု ဆောင်ရွက်မည်

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပြည်နယ်ရှိ Ngurah Rai နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာပြီးနောက် မှတ်ပုံတင်လုပ်ငန်းစဉ်အတွက် နိုင်ငံတကာခရီးသွားဧည့်သည်များ စောင့်ဆိုင်းနေသည်ကို မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ မတ် ၈ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အစိုးရက ခရီးသွားကဏ္ဍ ပြန်လည်ထိန်းသိမ်းရန် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ နိုင်ငံတကာ ခရီးသွားဧည့်သည်များအတွက် အထူးဆိုက်ရောက်ဗီဇာဝန်ဆောင်မှု ဖွင့်လှစ်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေး အထွေထွေညွှန်ကြားမှုဦးစီးဌာနက မတ် ၇ ရက်၌ ပြောကြားခဲ့သည်။

ဩစတြေးလျ၊ အမေရိကန်၊ နယ်သာလန်၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ဗြိတိန်၊ အီတလီ၊ ဂျပန်၊ ဂျာမနီ၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ တောင်ကိုရီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ပြင်သစ်၊ ကာတာ၊ နယူးဇီလန်၊ စင်ကာပူ၊ ထိုင်း၊ တူရကီ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဗီယက်နမ် စသည့်နိုင်ငံများ ပါဝင်သည်။

“အထူးခရီးသွားဗီဇာတွေကို ဘာလီရှိ I Gusti Ngurah Rai လေဆိပ်မှာ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ပြည်ပခရီးသွားဧည့်သည်တွေအနေနဲ့ အခြား လူဝင်မှုကြီးကြပ်ရေးရုံးတွေကတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံ ပိုင်နက်ကို ထွက်ခွာနိုင်ပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေး အထွေထွေညွှန်ကြားမှုဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ Arya Pradhana Anggakara က ဆင်ဟွာသို့ ပြောခဲ့သည်။

နိုင်ငံတကာခရီးသွားဧည့်သည်များအနေဖြင့် အနည်းဆုံး သက်တမ်းခြောက်လရှိသော နိုင်ငံကူးလက်မှတ်များ ၊ အခြားနိုင်ငံသို့ ဆက်လက်သွားရောက်နိုင်သော အသွား သို့မဟုတ် အပြန် လက်မှတ်များ၊ အင်ဒိုနီးရှားနိုင်ငံတွင် ဟိုတယ်ခန်းကြိုတင်မှာယူထားကြောင်း သက်သေများ၊ ကျန်းမာရေးအာမခံနှင့် COVID-19 ရောဂါမရှိကြောင်း ဆေးစစ်လက်မှတ်များကို တင်ပြရမည် ဖြစ်ကြောင်း သိရသည်။

အထူးပြည်ဝင်ခွင့်ဗီဇာနှင့်အတူ ပြည်ပခရီးသွားဧည့်သည်များအား အင်ဒိုနီးရှားနိုင်ငံတွင် အများဆုံး ရက်ပေါင်း ၃၀ နေထိုင်ရန်ခွင့်ပြုထားသလို နောက်ထပ်သက်တမ်းတစ်ကြိမ် တိုးခွင့်ပြုထားကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
Indonesia launches visa on arrival service for travelers from 23 countries
Source: Xinhua| 2022-03-08 01:03:30|Editor: huaxia

JAKARTA, March 7 (Xinhua) — The Indonesian government has opened special visa on arrival services for international travelers from 23 countries to restore the tourism sector, the Directorate General of Immigration said on Monday.
The 23 countries include Australia, the United States, the Netherlands, Brunei, the Philippines, Britain, Italy, Japan, Germany, Cambodia, Canada, South Korea, Laos, Malaysia, Myanmar, France, Qatar, New Zealand, Singapore, Thailand, Turkey, the United Arab Emirates, and Vietnam.
“The special tourist visas can be obtained in Bali’s I Gusti Ngurah Rai Airport, but foreign tourists can leave the Indonesian territory through other immigration offices,” the directorate’s spokesman Arya Pradhana Anggakara told Xinhua.
International travelers are only required to bring passports valid at least for six months, return or onward tickets to continue their journeys to other countries, proofs of hotel room reservation in Indonesia, health insurance, and certificates showing negative results of COVID-19.
With the special visa, foreign travelers are allowed to stay in Indonesia for a maximum of 30 days and the permit can be extended once. ■

Photo : International travelers wait in line for procedural registration after arriving at Ngurah Rai International Airport in Bali, Indonesia, March 7, 2022. (Photo by Bisinglasi/Xinhua)