Connect with us

Africa & Middle East

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အရှေ့အလယ်ပိုင်း ခေါင်းဆောင်များ တွေ့ဆုံ၊ ဆက်ဆံရေး မြှင့်တင်ရာတွင် အပြုသဘောဆောင်ကြောင်း မီဒီယာနှင့် နိုင်ငံရေးလေ့လာဆန်းစစ်သူများဆို

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အဘူဒါဘီ၏ အိမ်ရှေ့မင်းသား Zayed Al Nahyan တို့ ဖေဖော်ဝါရီ ၅ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အီဂျစ်၊ ကာတာနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများသည် ဆက်ဆံရေးမြှင့်တင်ရာတွင် အပြုသဘောဆောင်ကြောင်း အရှေ့အလယ်ပိုင်းနိုင်ငံများမှ မီဒီယာနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။သမ္မတ ရှီသည် ပေကျင်း ၂၀၂၂ အိုလံပစ် ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခံရသူများဖြစ်သော ပေကျင်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲနှင့် ယှဉ်လျက် အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisi ၊ ကာတာနိုင်ငံ စော်ဘွား Sheikh Tamim bin Hamad Al Thani ၊ ယူအေအီးနိုင်ငံ အဘူဒါဘီ အိမ်ရှေ့မင်းသား Sheikh Mohammed bin Zayed Al Nahyan တို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။

အီဂျစ်နိုင်ငံ သမ္မတနှင့် ရှီတို့တွေ့ဆုံမှုသည် နှစ်နိုင်ငံကြား နိုင်ငံရေးအပြန်အလှန် ယုံကြည်မှု နက်ရှိုင်းစေမည်ဖြစ်ကြောင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှု၌ အကျိုးအမြတ်ရှိသော ရလဒ်များ ပေါ်ထွက်လာမည်ဖြစ်ကြောင်း ကိုင်ရိုတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Tarek Fahmy က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသို့လာရောက်သည့် Al-Sisi ၏ ခရီးစဉ်သည် အီဂျစ်-တရုတ် ချစ်ကြည်ရေးအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများ ရှိလိမ့်မည် ဟု အီဂျစ်-တရုတ် ကုန်သည်ကြီးများအသင်း အထွေထွေ အတွင်းရေးမှူးနှင့် တရုတ်ရေးရာ ကျွမ်းကျင်သူ Diaa Helmy က ပြောကြားခဲ့သည်။

အဘူဒါဘီမှ အိမ်ရှေ့မင်းသား Sheikh Mohammed bin Zayed Al Nahyan နှင့် သမ္မတ ရှီတို့သည် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးများ ထပ်မံပံ့ပိုးရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း၊ ပူးတွဲ ဘက်စုံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးအရ အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အခွင့်အလမ်းများကို ရှာဖွေခဲ့ကြကြောင်း Emirates News Agency မှ ပြောကြားခဲ့သည်။

ကာတာ စော်ဘွားနှင့် ရှီကျင့်ဖိန်တို့ကြား တွေ့ဆုံမှုသည်လည်း ကာတာနှင့် တရုတ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အသေအချာ ရှေ့ဆက်တွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း ဒိုဟာအခြေစိုက် Al Sharq နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။

အဆိုပါတွေ့ဆုံမှုသည် နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား အမြင်ချင်းဖလှယ်ရန်နှင့် အဓိက နိုင်ငံတကာ ဘုံစိုးရိမ်ပူပန်မှုကိစ္စရပ်များအပေါ် အနေအထား ညှိနှိုင်းဆွေးနွေးရန်အတွက် အခွင့်အလမ်းများ ပံ့ပိုးသွားမည်ဖြစ်ကြောင်း သတင်းစာက ဆိုသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များကြား တွေ့ဆုံမှုသည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာစေရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာလာရေး အာမခံချက်တစ်ခုအဖြစ် ပံ့ပိုးရန်အတွက် နှစ်နိုင်ငံက အားကောင်းသော စတင်မှတ်တစ်ခုဖြစ်ကြောင်း ကာတာနိုင်ငံ၏ ဦးဆောင်နေ့စဉ်သတင်းစာဖြစ်သော Al Raya က ဆိုသည်။

ပေကျင်း ဆောင်းရာသီ အိုလံပစ်အားကစားပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ကာတာနိုင်ငံ စော်ဘွား တက်ရောက်မှုသည် နယ်ပယ်မျိုးစုံ အထူးသဖြင့် အားကစားနယ်ပယ်တွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ကာတာနိုင်ငံ၏ ဆန္ဒရှိမှုကိုဖော်ပြခြင်းလည်း အဆိုပါ သတင်းစာတွင် ဖြည့်စွက်ဖော်ပြထားသည်။

ကာတာနှင့် တရုတ် နိုင်ငံ့ခေါင်းဆောင်များကြား တွေ့ဆုံမှုသည် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုအတွင်းသို့ တက်ကြွမှုနှင့် အားအင်များ ပိုမိုဖြည့်တင်းသွားမည်ဖြစ်ကြောင်း ကာတာ နေ့စဉ်ထုတ်နံနက်ခင်းသတင်းစာတစ်ခု ဖြစ်သော Al Watan က ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမှုသည် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုရှိသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းနှင့် ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံရေးနှင့် တည်ငြိမ်ရေးအား ထိန်းသိမ်းခြင်းအတွက် ကြီးမားသော အရေးပါမှုလည်းဖြစ်ကြောင်း သတင်းစာက ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.