Media
ထိုင်းနိုင်ငံဆေးရုံ ၌ 5G နည်းပညာအသုံးပြုကာ အရေးပေါ် လူနာများစွာကို အသက်ဘေးမှကယ်တင်နိုင်ခဲ့
ဘန်ကောက်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံတွင် 5G စမတ်နည်းပညာ ဆေးရုံစီမံကိန်း ကို ကနဦးအသုံးပြုနေသည့် Siriraj ဆေးရုံ သို့ အရေးပေါ် လူနာတင်ကား ယာဉ်ကြောပိတ်ဆို့နေစဉ်အတွင်း အသက်အန္တရာယ်အခြေအနေ၊ ရုပ်မြင်ပုံရိပ်နှင့် ဆေးမှတ်တမ်းစသည့် လူနာ၏ အဓိက အချက်အလက်များ အား ကြိုတင်ကာ ပို့ဆောင်ထားနိုင်ခဲ့သည်။
“ အချိန်ကုန်သက်သာစေခြင်းအားဖြင့်အသက်တွေကိုလည်းကယ်ဆယ်နိုင်ပါတယ်” ဟု ထိုင်းနိုင်ငံ၏ အကြီးဆုံးပြည်သူ့ဆေးရုံဖြစ်သည့် Siriraj ဆေးရုံမှ ညွှန်ကြားရေးမှူးဖြစ်သူ Visit Vamvanij က ဆိုသည်။ “ဆေးရုံကိုလူနာရောက်လာတာနဲ့အားလုံးက ဘာလုပ်ပေးရမလဲဆိုတာသိနေပါတယ်” ဟု၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
နည်းပညာသစ်အား စတင်အသုံးပြုစဉ်ကတည်းက အရေးပေါ်လူနာများ၏ အသက်ရှင်သန်နှုန်းမှာ ကြီးမားစွာတိုးတက်မှုရှိခဲ့ကြောင်း Visit က ဆင်ဟွာကိုဆက်လက်ပြောကြားခဲ့သည်။
5G နည်းပညာသုံး အရေးပေါ် လူနာတင်ယာဉ်သည် ထိုင်းနိုင်ငံ၏ 5G စမတ်နည်းပညာ ဆေးရုံစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စီမံကိန်းအား ပြီးခဲ့သည့်နှစ် က စတင်အကောင်အထည်ဖော်ခဲ့ကာ Siriraj ဆေးရုံသည် ထိုင်းနိုင်ငံ၌ ယင်းနည်းပညာကို ကနဦး အသုံးပြုသည့်ဆေးရုံ ဖြစ်သည်။
စီမံကိန်းတွင် တရုတ်နိုင်ငံ နည်းပညာလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည့် Huawei ကုမ္ပဏီမှ 5G နည်းပညာ၊ cloud နည်းပညာနှင့်အသိဉာဏ်တုနည်းပညာတို့ကိုအသုံးပြုထားပြီး Sirirajဆေးရုံကို အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများအကြား ပထမဆုံး 5 G ကွန်ရက်သုံးကာ ကုသပေးသည့်ဆေးရုံဖြစ်လာခဲ့သည်။
“5G ကွန်ရက် ဟာ နှောင့်နှေးကြန့်ကြာချိန်အနည်းဆုံးနှင့်အမြန်ဆုံးကွန်ရက်ချိတ်ပေးနိုင်တာကြောင့်လက်တွေ့ကျကျ ကုသနိုင်ပါတယ်၊ အဲဒီနည်းပညာကြောင့် အချက်အလက်လွှဲပြောင်းနိုင်စွမ်းတွေ၊ ရောဂါလက္ခဏာ စောင့်ကြည့်နိုင်မှုတွေ၊ အချက်အလက်စုဆောင်းမှုနဲ့ လေ့လာဆန်းစစ်မှုတွေ နောက်ပြီး အဝေးက ကုသမှုတွေစသဖြင့်အလုံးစုံကဏ္ဍမှာ တိုးတက်မှုတွေဖြစ်လာခဲ့တယ်” ဟု မဟီဒေါတက္ကသိုလ် ဆေးဘက်ဆိုင်ရာ ဌာနမှူးဖြစ်သူ Prasit Watanapa က ဆိုသည်။
“Huawei နည်းပညာရဲ့ အကူအညီနဲ့ 5G နည်းပညာသုံး အရေးပေါ်လူနာတင်ကားတွေ၊ အဝေးကနေ ဆေးကုသမှုတွေ၊ အသိဉာဏ်တုသုံး ရောဂါ ရှာဖွေရေးစနစ်တွေစသဖြင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှု အပြည့်အဝဖြင့် Siriraj ဆေးရုံက လူနာတွေကိုဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး လူနာတစ်ဦးကို ရောဂါ စစ်ဆေးကုသချိန် ၁၅ မိနစ်ကနေ ၂၅ စက္ကန့် အတွင်း လျှင်မြန်စွာကုသပေးနိုင်ခဲ့ကြောင်း” နှင့် “တရုတ်နိုင်ငံက နည်းပညာကို မိမိတို့ အပြည့်အဝယုံကြည်မှုရှိပါကြောင်း” Prasit က ဆိုသည်။
Siriraj ဆေးရုံ က ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ Cherchai Nopmaneejumruslers က “ Huawei က 5G နည်းပညာကို အသုံးပြုခြင်း၊ နှောင့်နှေးကြန့်ကြာမှုအားလျှော့ချပြီး ဘက်စုံကွန်ပျူတာစနစ်ဖြင့်ကုသခြင်း နှင့် hybrid cloud နည်းပညာများအား အသုံးပြုကာ ဆေးရုံ၏ အခြေခံအဆောက်အဦ ကဏ္ဍ အဆင့်မြှင်တင်ခြင်းအားဖြင့် သီးသန့်ကွန်ရက်တစ်ခုအားတည်ဆောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အချက်အလက် လုံခြုံမှုများအား အာမခံနိုင်စေခဲ့ကြောင်းဆိုသည်။
Huawei မှ တီထွင်ဆန်းသစ်မှုနည်းလမ်းများအား ထိုင်းနိုင်ငံတစ်ဝန်း အခြားဆေးရုံများ၌လည်း အသုံးပြုလာနိုင်ပြီး ထိုင်းနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစွမ်းဆောင်ရည်များကို အဆင့်မြှင့်တင်နိုင်ရန်မျှော်လင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“မိမိတို့အနေနဲ့ Siriraj 5G စမတ် နည်းပညာသုံးဆေးရုံကို ကျန်းမာရေးကဏ္ဍမှာ နမူနာတစ်ခုအနေနဲ့ဖြစ်အောင်လို့ လုပ်ဆောင်သွားချင်ပါတယ်၊ ဒါမှလည်း အာဆီယံဒေသမှာရော ထိုင်းနိုင်ငံမှာပါ ကျန်းမာရေးကဏ္ဍတစ်ခုလုံး ဒစ်ဂျစ်တယ်စနစ်နဲ့ပြောင်းလဲမှုတွေကို လုပ်ဆောင်ဖို့တွန်းအားဖြစ်လာမှာပါ ဟု (ထိုင်းနိုင်ငံ) Huawei နည်းပညာလုပ်ငန်းစုမှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Abel Deng က ဆိုသည်။
Deng က Huawei အနေဖြင့် Shililaji ဆေးရုံနှင့်အတူ လက်တွဲကာ တီထွင်ဆန်းသစ်သည့် ဓါတ်ခွဲခန်းတစ်ခုကို တည်ဆောက်သွားရန်လုပ်ဆောင်နေပြီး 5G, blockchain နှင့် AI နည်းပညာများပါဝင်သည့် ဆေးဘက်ဆိုင်ရာ လမ်းကြောင်းသစ်များကို ရှာဖွေနိုင်ရန်ရည်ရွယ်ကြောင်းဆိုသည်။
ထို့အပြင် Huawei အနေဖြင့် ထိုင်းနိုင်ငံတွင် “ကောင်းမွန်သည့် 5G ကွန်ရက်သုံး ဂေဟဗေဒစနစ်” တစ်ခုကိုဖော်ဆောင်ရာတွင် “ အထောက်အပံ့ဖြစ်စေမည့် စမတ်နည်းပညာသုံးမြို့ပြများ၊ သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှု၊စွမ်းအင်နှင့် ပညာရေးစသဖြင့် အခြား အခြားကဏ္ဍများတွင်လည်း မိတ်ဖက်များအား5G နည်းပညာအကူအညီများပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
တရုတ်နိုင်ငံက 5G နည်းပညာနှင့် 5G အပလီကေးရှင်းတွေမှာ ကမ္ဘာ့ ထိပ်တန်းက ဦးဆောင်နေတာဖြစ်ပြီး အရှေ့တောင်အာရှ ၊ အာဆီယံ နဲ့ အာရှပစိဖိတ်နိုင်ငံတွေဆီကို အကျိုးကျေးဇူးများစွာ သေချာပေါက်ဆောင်ကြဉ်းလားမှာဖြစ်ပါတယ်” ဟု Deng က ဆိုသည်။ (Xinhua)
…………………….
(English Version)
GLOBALink | China’s 5G technology helps Thai hospital improve patients’ survival rate
BANGKOK, March 30 (Xinhua) — As an ambulance is still stuck on the road, the patient’s key information, such as vital signs, video images and medical records has already been transmitted to Siriraj Hospital, a pilot of Thailand’s 5G Smart Hospital project.
“Saving time means saving lives,” said Visit Vamvanij, Director of Siriraj Hospital, Thailand’s largest public hospital. “As soon as the patient arrives at the hospital, everybody knows what to do.”
Since the new technology was put into use, the survival rate of emergency patients has been greatly improved, Visit told Xinhua.
The 5G ambulance, as part of Thailand’s 5G Smart Hospital project, was launched late last year, with Siriraj Hospital as a pilot.
The project introduced 5G, cloud and artificial intelligence (AI) from Chinese tech company Huawei, transforming Siriraj into the first 5G Smart Hospital in the Association of Southeast Asian Nations (ASEAN) region.
“5G made this a reality as it provides a high-speed network with low latency, which increases the overall efficiency of data transfers, patient monitoring, data collection and analytics, as well as remote medical care, ” said Prasit Watanapa, dean of Faculty of Medicine at Mahidol University.
With the help of Huawei Technologies, patients administered in Siriraj Hospital could enjoy a full package of digital services such as 5G ambulance, telemedicine, and AI-assisted diagnoses, which helped speed up diagnosis results from 15 minutes to 25 seconds per case, Prasit said, “We have full confidence in Chinese technology. ”
According to Cherchai Nopmaneejumruslers, vice director of Siriraj Hospital, Huawei is helping the hospital upgrade the infrastructure by utilizing 5G, MEC (Multi-access Edge Computing), and hybrid cloud, so as to set up a private network and ensure the security of healthcare information.
The innovative solutions from Huawei are expected to be introduced to other hospitals nationwide this year in enhancing Thailand’s healthcare capabilities, he added.
“We want to make Siriraj 5G smart hospital a model for the healthcare sector, so as to drive the digital transformation of the entire health industry in Thailand, even in the ASEAN region,” said Abel Deng, chief executive officer (CEO) of Huawei Technologies (Thailand).
According to Deng, Huawei is working with Shililaji Hospital to establish a joint innovation lab, aiming to explore new medical applications involving 5G, blockchain and AI technologies.
He said Huawei will also provide 5G solutions to their partners in other fields, including smart cities, transportation, manufacturing, energy and education, to help build a “healthy 5G ecosystem” in Thailand.
“China leads the world in 5G technology and 5G applications, which will certainly bring a lot of benefits to Southeast Asia, even ASEAN and Asia-Pacific countries,” Deng said.
Produced by Xinhua Global Service