Connect with us

Culture & Entertainment

မြန်မာနိုင်ငံ၌ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ စတင်ကျင်းပ

နေပြည်တော်၌ ကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲ၊ အတီးပြိုင်ပွဲတွင် ယှဉ်ပြိုင်နေသူများအား တွေ့ရစဉ် (ဓာတ်ပုံ - MOI)

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နေပြည်တော်၌ ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲအား အောက်တိုဘာ ၁၄ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း အောက်တိုဘာ ၁၅ ရက် နိုင်ငံပိုင်နေ့စဉ်သတင်းစာ ကြေးမုံတွင် ဖော်ပြခဲ့သစည်။ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း ပြည်ထောင်စုတိုင်းရင်းသားသွေးချင်းများသည် နှစ်ပေါင်းထောင်ချီ ရှည်လျားသည့် သမိုင်းစဉ်တစ်လျှောက်တွင် စည်းလုံးညီညွတ်စွာ အတူတကွ နေထိုင်လာခဲ့ကြကြောင်း၊ ထို့ပြင် ထုထည်ပမာဏ ကြီးမားခိုင်ခန့်သည့် မြန်မာ့ယဉ်ကျေးမှုအုတ်မြစ်ကြီးများကို စိုက်ထူနိုင်ခဲ့သည့်အပြင် ကမ္ဘာ့အလယ်၌ ထူးခြားလေးနက်သည့် ကိုယ်ပိုင်မြန်မာ့မူဟန်အပြည့်ဖြင့် ဂုဏ်သိက္ခာရှိရှိ ဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

အမျိုးသားယဉ်ကျေးမှုများ အရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အမျိုးသားရေးကိုယ်ခံအား တည်ဆောက်ပေးလျက်ရှိရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများသည် အရေးပါသည့် အခန်းကဏ္ဍမှ အထောက်အကူပြု စွမ်းဆောင်ပေးလျက်ရှိသည်ကို ပြောကြားလိုကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ ဗဟိုအဆင့်ဟူ၍ အဆင့်ဆင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂,၅၈၄ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ အောက်တိုဘာ ၂၀ ရက်အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————-
Myanmar kicks off traditional cultural performing arts competition
YANGON, Oct. 15 (Xinhua) — Myanmar kicked off its 25th traditional cultural performing arts competition in Nay Pyi Taw on Monday, the state-run daily The Mirror reported on Tuesday.
Speaking at the event, Myanmar’s State Administration Council Chairman, Senior General Min Aung Hlaing, said that the national races of Myanmar have lived together in unity for thousands of years, creating a strong cultural foundation that allows the country to proudly stand in the world with its unique style.
He added that the performing arts competition plays an important role in the long-term preservation and promotion of national culture, the report said.
A total of 2,584 contestants are participating in various events at the national level of the traditional cultural performing arts competition, the report added.
The competition, featuring contestants from regions and states across the country, will run until Oct. 20. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.