Connect with us

Videos

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်က ယန်ဇီမြစ်ကို ဖြတ်၍ ဥမင်လိုဏ်ခေါင်း ဖောက်လုပ်ရာတွင် အောင်မြင်မှု ရရှိ

ဝူဟူ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဝူဟူမြို့၌ မြစ်ဖြတ်ကျော် ဥမင်လိုဏ်ခေါင်းတစ်ခုအား ဖောက်လုပ်လျက် ရှိသည်။ယင်းမှာ ယန်ဇီမြစ်အား ဖြတ်၍ ပြည်နယ်၏ ပထမဆုံးသော ဥမင်လိုဏ်ခေါင်းဖြစ်ကြောင်း သိရသည်။အဆိုပါဥမင်လိုဏ်ခေါင်းက အရှည် ၅,၉၆၅ မီတာ ရှိပြီး တရုတ်နိုင်ငံက တီထွင်ထုတ်လုပ်ထားသည့် အရွယ်အစားကြီးမားသော ဥမင်လိုဏ်ခေါင်းဖောက်လုပ်သည့် စက်ယန္တရားကြီးနှင့် ဖောက်လုပ် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ဥမင်လိုဏ်ခေါင်း၏ ညာဘက်လိုင်းအား အောက်တိုဘာ ၁၂ ရက်တွင် ဖောက်လုပ်ပြီးစီးခဲ့ပြီး ဘယ်ဘက်လိုင်း ဖောက်လုပ်မှုအား ဆောင်ရွက်နေဆဲ ဖြစ်သည်။ယင်းဥမင်လိုဏ်ခေါင်းအား ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ဖွင့်လှစ်သွားရန် မျှော်မှန်းထားပြီး မော်တော်ယာဉ်များအနေဖြင့် ငါးမိနစ်အတွင်း ယန်ဇီမြစ်အား ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————————–

China’s Anhui makes breakthrough in construction of tunnel across Yangtze River
A major river-crossing tunnel is under construction in Wuhu, China’s Anhui Province.
It’s the province’s first such tunnel across the Yangtze River.
The tunnel extends 5,965 meters, part of which was constructed with a super-size tunnel boring machine independently developed by China.
The right line of the tunnel was fully holed through on Saturday, while the drilling of the left line is still underway.
The tunnel is expected to open in July 2025, enabling vehicles to cross the Yangtze River in just five minutes.
Xinhua News Agency correspondents reporting from Wuhu, China. (XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.