North America
Nippon Steel ကုမ္ပဏီက U.S. Steel ကုမ္ပဏီအား ဝယ်ယူမှုကို အမေရိကန် စွက်ဖက်ခြင်းကြောင့် ပူပန်မှုများ ဖြစ်ပေါ်လာမှုကို အမေရိကန်သမ္မတ ဘိုင်ဒန်မှဖယ်ရှားပေးရန် ဂျပန်ဝန်ကြီးချုပ်တောင်းဆို
တိုကျို၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်ကို ဂျပန်နှင့် အမေရိကန်နိုင်ငံ စက်မှုလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူပန်မှုများကို ဖယ်ရှားပေးရန် တောင်းဆိုပြီးဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာက ဇန်နဝါရီ ၁၃ ရက်တွင် ဝန်ကြီးချုပ်အိမ်တော်၌ သတင်းထောက်များ၏မေးမြန်းမှုကို ဖြေကြားခဲ့သည်။
Nippon Steel ကုမ္ပဏီက U.S. Steel ကုမ္ပဏီအား ဝယ်ယူမှုကို ဘိုင်ဒန်က အမိန့်ချတားဆီးခဲ့သဖြင့် ဂျပန်စက်မှုလုပ်ငန်းလောက၏ ရင်းနှီးမြှုပ်နှံမှုအပေါ် ပူပန်မှုများ တိုးလာစေသည့်အပြင် အမေရိကန် စီးပွားရေးလောကမှလည်း ပူပန်သံများ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာခဲ့ကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် စက်မှုလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူပန်မှုများကို ဖယ်ရှားပေးရန် ဂျပန်ဘက်မှ ပြင်းပြင်းထန်ထန်တောင်းဆိုသည်ဟု ဇန်နဝါရီ ၁၃ ရက်တွင် ကျင်းပသည့် ဂျပန်-အမေရိကန်-ဖိလစ်ပိုင် နိုင်ငံခေါင်းဆောင်များ အွန်လိုင်းညှိနှိုင်းဆွေးနွေးမှုတွင် အလေးထား ပြောကြားခဲ့ပြီးဖြစ်ကြောင်း ရှိဂဲရု အီရှီဘာက သတင်းထောက်များကို ပြောကြားခဲ့သည်။
ဘိုင်ဒန်အစိုးရက အဆိုပါဝယ်ယူမှုကိုတားဆီးလိုက်ခြင်းသည် အမေရိကန်စီးပွားရေးနှင့် U.S. Steel ကုမ္ပဏီဝန်ထမ်းများအတွက် “သတင်းဆိုး” ဖြစ်သည်ဟု အမေရိကန်နိုင်ငံ ပီတာဆန် နိုင်ငံတကာ စီးပွားရေးသုတေသနဌာန အဆင့်မြင့်သုတေသီ Gary Hufbauer က မကြာသေးမီက ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။ U.S. Steel ကုမ္ပဏီသည် အနာဂတ်တွင် ဝန်ထမ်းလျှော့ချခြင်း၊ အစုရှယ်ယာဈေးနှုန်းကျဆင်းခြင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ထိုအချိန်တွင် U.S. Steel ကုမ္ပဏီဝန်ထမ်းနှင့် အစုရှယ်ယာရှင်များက ဘိုင်ဒန်၏ဆုံးဖြတ်မှုအပေါ် “ဝမ်းနည်းမိလိမ့်မည်” ဖြစ်သည်။ တစ်ချိန်တည်းတွင် ရွေးကောက်ခံ သမ္မတ ထရမ့်က သံမဏိထုတ်ကုန်များ တင်သွင်းမှုအပေါ် စည်းကြပ်ခွန်များ တိုးမြှင့်ကောက်ခံလာနိုင်ပြီး ၎င်းသည် အမေရိကန် စီးပွားရေးအတွက် ကုန်ကျစရိတ်များ ကြီးမြင့်လာစေနိုင်သည်။ “အခြေအနေ တစ်ရပ်လုံးအရ ကြည့်ပါက ရလဒ်သည်ဆိုးရွားနေလိမ့်မည်။”
Nippon Steel ကုမ္ပဏီက U.S. Steel ကုမ္ပဏီအား ဝယ်ယူမှုကို ဘိုင်ဒန်က ဇန်နဝါရီ ၃ ရက်တွင် အမိန့်ချတားဆီးခဲ့ပြီးနောက် အဆိုပါကုမ္ပဏီနှစ်ခုသည် ဇန်နဝါရီ ၆ ရက်တွင် ဘိုင်ဒန်နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရေးရာကော်မတီ (CFIUS) တို့အား တရားစွဲဆိုခဲ့ပြီး ဘိုင်ဒန်၏ ဝယ်ယူရန် တားမြစ်သည့်အမိန့်ကို ပယ်ဖျက်ရန်နှင့် အဆိုပါဝယ်ယူမှုအပေါ် ပြန်လည်စိစစ်ပေးရန် တရားရုံးအား တင်ပြတောင်းဆိုခဲ့သည်။ တစ်ချိန်တည်းတွင် Nippon Steel နှင့် U.S. Steel ကုမ္ပဏီတို့က တရားစွဲဆိုသည့်ကာလအတွင်း ဘိုင်ဒန်၏ ဝယ်ယူမှုအားတားဆီးသည့်အမိန့် အသက်ဝင်မှုအား တားဆီးထားရန် အမေရိကန်တရားစီရင်ရေးဌာနထံ လျှောက်ထားခဲ့သည်။ Nippon Steel ကုမ္ပဏီက U.S. Steel ကုမ္ပဏီအား ဝယ်ယူမှုကို စွန့်လွှတ်သည့် နောက်ဆုံးကာလကို ယခုနှစ် ဇွန်လ ၁၈ ရက်အထိ CFIUS က ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီနှစ်ခုက အမေရိကန် အရှေုပိုင်း ဒေသစံတော်ချိန် ဇန်နဝါရီ ၁၁ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)
———————-
(Chinese Version)
日本首相:美干预日铁收购引发担忧 已要求拜登消除
新华社东京1月13日电(记者刘春燕 欧阳迪娜)日本首相石破茂13日在首相官邸接受记者采访时表示,他已要求美国总统拜登消除日本和美国产业界的投资担忧。
石破茂对记者表示,他在当天举行的日美菲三国领导人在线磋商中强调,由于拜登下令阻止日本制铁公司收购美国钢铁公司,不仅日本产业界投资担忧正在扩大,美国经济界也发出强烈担忧之声,日方强烈要求美国政府消除产业界投资担忧。
美国彼得森国际经济研究所高级研究员加里·赫夫鲍尔日前对新华社记者表示,拜登政府阻止这一收购对美国经济和美国钢铁工人来说是“坏消息”。美国钢铁公司未来可能面临裁员及股价下跌,届时钢铁工人和公司股东将对拜登的决定“感到遗憾”。与此同时,候任总统特朗普可能对进口钢铁产品加征关税,这将给美国经济带来高昂成本。“整体来看,结果将是糟糕的。”
在拜登3日下令阻止收购后,日铁和美钢6日正式以拜登和美国外国投资委员会等为对象提起诉讼,请求法院撤销拜登的阻止收购令,并对该收购案进行重新审查。同时,日铁和美钢向美国司法部提出申请,要求诉讼期间禁止拜登的阻止收购令生效。美国东部时间11日,两公司宣布,美国外国投资委员会已将日铁放弃收购美钢计划的最后期限延长至今年6月18日。(完)
图说:这是1月5日在美国首都华盛顿白宫拍摄的美国总统拜登。新华社记者 胡友松 摄