Connect with us

Africa & Middle East

နိုင်ငံရေး အသွင်ကူးပြောင်းမှုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကြေညာချက်သစ်ကို ဆီးရီးယား ယာယီသမ္မတ အတည်ပြု

ဒမတ်စကပ်စ်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

ဆီးရီးယား ယာယီသမ္မတ အာမက် အယ်လ်-ရှာရာက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကြေညာချက်သစ် တစ်ရပ်ကို မတ် ၁၃ ရက်၌ တရားဝင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ရာ နိုင်ငံရေးနှင့် ဥပဒေရေးရာ ဖွဲ့စည်းမှုစနစ်များ ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သည့် ငါးနှစ်ကြာ အသွင်ကူးပြောင်းရေး ဖြစ်စဉ်အတွက် အခြေခံအုတ်မြစ်တစ်ခုကို တရားဝင် ချမှတ်နိုင်ခဲ့သည်။အထူးဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကော်မတီက မူကြမ်းရေးဆွဲထားသည့် အဆိုပါ ကြေညာချက်၌ ဆီးရီးယား၏ တရားဝင်အမည်အား “ဆီးရီးယား အာရပ်သမ္မတနိုင်ငံ” ဟူ၍ မူလအတိုင်း ဆက်လက်ထားရှိကာ ဆီးရီးယား နိုင်ငံတော်သစ်အတွက် ရည်မှန်းချက်များကို အလေးအနက် ဖော်ပြထားကြောင်း သိရသည်။
သမ္မတမှာ အစ္စလာမ်ဘာသာဝင် ဖြစ်ရမည်ဖြစ်သလို အစ္စလာမ်မစ် ဥပဒေစနစ်မှာလည်း ဥပဒေပြုရေးတွင် အဓိကဦးစားပေး အရင်းအမြစ်အဖြစ် ဆက်လက်တည်ရှိနေမည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကြေညာချက်၌ လွတ်လပ်စွာ ပြောဆိုခွင့်၊ ထင်မြင်ယူဆခွင့်၊ စာနယ်ဇင်း၊ မီဒီယာနှင့် ပုံနှိပ်ထုတ်ဝေမှု လွတ်လပ်ခွင့် စသော အခြေခံလွတ်လပ်ခွင့်များကို အကာအကွယ်ပေးကြောင်း အလေးအနက် ဖော်ပြထားသည်။ ထို့ပြင် ပိုင်ဆိုင်ပစ္စည်းဆိုင်ရာ အခွင့်အရေးနှင့် ပညာရေး၊ အလုပ်အကိုင်ရရှိမှုတွင် အမျိုးသမီးများ အပြည့်အဝ ခံစားပိုင်ခွင့်တို့ကိုလည်း တိတိကျကျ အာမခံထားကြောင်း သိရသည်။
နိုင်ငံရေးရှုထောင့်အရဆိုလျှင်လည်း အစိုးရဝန်ကြီးများကို ဆင့်ခေါ်၍ စစ်ဆေးမေးမြန်းပိုင်ခွင့်၊ သမ္မတ၏ အခွင့်အာဏာများကို ကန့်သတ်နိုင်ခြင်း သို့မဟုတ် စွပ်စွဲပြစ်တင်နိုင်ခြင်း စသည်တို့ အပါအဝင် ပါလီမန်၏ အခွင့်အာဏာများကို ယင်းကြေညာချက်၌ တိုးမြှင့်အပ်နှင်းထားကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1UN
#Syria #ConstitutionalDeclaration #Ratify #ဆီးရီးယား #ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကြေညာချက် #အတည်ပြု
……………………………………………………………………………
(English Version)
Syrian interim president ratifies new constitutional declaration for political transition
DAMASCUS, March 13 (Xinhua) — Syria’s interim President Ahmed al-Sharaa ratified a new constitutional declaration on Thursday, laying the legal foundation for a five-year transitional phase aimed at rebuilding political and legal structures.
Drafted by a specialized constitutional committee, the declaration underscores the aspiration for a “new Syria” while maintaining the official state name of “Syrian Arab Republic.”
It specifies that the president must be Muslim, and Islamic jurisprudence remains a primary source of legislation.
The constitutional document emphasizes the protection of fundamental freedoms, including freedom of speech, opinion, press, media, and publication. It also explicitly guarantees property rights and women’s rights to participate fully in education and employment.
Politically, the declaration grants the parliament expanded authority, including the power to summon and question ministers, as well as the capacity to impeach or limit presidential powers. xhtxs.cn/1UN
English Caption
Locals rally in a street in Damascus, Syria, Dec. 8, 2024. (Photo by Ammar Safarjalani/Xinh

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.