Europe
ရုရှားအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ထောက်ခံသော်လည်း ကွဲပြားမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ပူတင်ပြော

မော်စကို၊ မတ် ၁၄ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့က အဆိုပြုထားသော ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံကြောင်း၊ သို့သော်လည်း ကွဲပြားမှုများမှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ရုရှား သမ္မတ ဗလာတီမာပူတင်က မတ် ၁၃ ရက်၌ ပြောကြားခဲ့သည်။“စစ်ပွဲရပ်ရေး အဆိုပြုချက်တွေကို ကျွန်တော်တို့ သဘောတူပါတယ်။ ဒါပေမဲ့ ဒီလိုရပ်နားလိုက်ခြင်းက ရေရှည်ငြိမ်းချမ်းရေးကို ဦးတည်စေဖို့နဲ့ ဒီပဋိပက္ခဖြစ်ပွားရတဲ့ မူလအကြောင်းရင်းတွေကို လျှော့ချဖို့အကြောင်း တစ်ခုတော့ဖြစ်သင့်တယ်” ဟု အလည်အပတ်ရောက်ရှိနေသော ဘီလာရုစ်နိုင်ငံ သမ္မတ အလက်ဇန်ဒါး လူကာရှန်ကိုနှင့်အတူ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပူတင်က ပြောကြားခဲ့သည်။
ပူတင်က ပဋိပက္ခဖြစ်ပွားသော ထိတွေ့မှုနေရာ ကီလိုမီတာ ၂,၀၀၀ တစ်လျှောက် အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများအား စောင့်ကြည့်ရေးမှာ ခက်ခဲကြောင်း မှတ်ချက်ပြုခဲ့သလို ယူကရိန်းက ရွှေ့ပြောင်းရေးနှင့် လက်နက်များပံ့ပိုးရေးအတွက် ယာယီအပစ်ရပ်မှုကို အသုံးချနိုင်မည့်အရေးကိုလည်း တိုးမြှင့်ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၂၄ ခုနှစ် ဩဂုတ်လက နယ်စပ်ဒေသကို လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းတပ်ဖွဲ့များထံမှ ရုရှားတပ်ဖွဲ့များက ပြန်လည်သိမ်းယူထားသော Kursk ဒေသကို ရည်ညွှန်းလျက် ကွဲပြားမှုကို အလေးထားရန် ၎င်းက မှတ်ချက်ပြုခဲ့သည်။
“မြေပြင်အခြေအနေအရကတော့ အပြောင်းအလဲတွေမြန်နေတယ်” ဟု ပူတင်က ပြောကြားခဲ့ပြီး ရုရှားတပ်ဖွဲ့များက Kursk ဒေသ၏ အခရာကျသော Sudzha မြို့ကို မတ် ၁၃ ရက်၌ ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း မှတ်ချက်ပြုပြောခဲ့သည်။ ကရင်မလင်နန်းတော် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ်ကလည်း Kursk ဒေသတွင် ရုရှားစစ်ဆင်ရေးမှာ နောက်ဆုံးအဆင့်ရောက်ရှိနေပြီဟု ယင်းနေ့အစောပိုင်းက ပြောခဲ့သည်။
ပူတင်က ၎င်းအနေဖြင့် ထိုကိစ္စရပ်ကို ဆွေးနွေးရန် ထရမ့်အား ဖုန်းခေါ်မည်ဟု ဆိုသည်။ (Xinhua)
……………………………………..
(English Version)
Putin says Russia “in favor” of ceasefire, but nuances exist
MOSCOW, March 13 (Xinhua) — Russia is “in favor” of the 30-day ceasefire plan proposed by the United States and Ukraine, but nuances exist, Russian President Vladimir Putin said Thursday.
“We agree with the proposals to stop hostilities, but we proceed from the fact that this cessation should be one that would lead to long-term peace and eliminate the original causes of this crisis,” Putin said at a press conference with visiting Belarusian President Alexander Lukashenko.
Putin noted the difficulty in monitoring ceasefire violations along the 2,000 km contact line of the conflict and raised the issue that Ukraine might use the temporary ceasefire for mobilization and weapons supplies.
He mentioned the nuance regarding the Kursk region, where Russian forces have been pushing back Ukrainian forces following their surprise cross-border attack in August 2024.
“As for the situation on the ground…, it is changing rapidly,” Putin said, noting Russian forces’ recapture of the key town of Sudzha in Kursk on Thursday. Kremlin spokesman Dmitry Peskov said earlier in the day that the Russian operation in Kursk had entered its final stage.
Putin said he might call Trump to discuss the issues.
Photo: Photo taken on Feb. 24, 2022 shows a screen displaying Russian President Vladimir Putin speaking during a televised address, in Moscow, Russia. (Xinhua/Bai Xueqi)