Politics, Law & Military
ဟောင်ကောင်ရွေးကောက်ပွဲအား သွားပုပ်လေလွင့် စွပ်စွဲနေသည့် အနောက်နိုင်ငံများအား တရုတ်ပြောရေးဆိုခွင့်ရှိသူ ပြစ်တင်ဝေဖန်
ပေကျင်း ၊ မေ ၁၀ ရက်(ဆင်ဟွာ)
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)၏ နောက်ဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့သောရွေးကောက်ပွဲ ၊ ဒေသဆိုင်ရာ ရွေးကောက်ပွဲ စနစ်သစ်ပုံစံဖြင့် ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့် HKSAR အထူးအုပ်ချုပ်ခွင့်ရဒေသအတွက် တရုတ်အစိုးရ၏ မူဝါဒအပေါ် သွားပုပ်လေလွင့် စွပ်စွဲနေသည့် အရေအတွက်အနည်းငယ်မျှသော အနောက်နိုင်ငံ၏ လုပ်ရပ်များကို တရုတ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေ ၉ ရက်တွင် ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရသည်။ပြီးဆုံးသွားခဲ့သည့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဆဋ္ဌမသက်တမ်းအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲသည် ၎င်းတို့၏ ကိုယ်ပိုင်အခြေအနေများနှင့် သင့်လျော်သည့် ဒီမိုကရေစီဖော်ဆောင်ရာတွင် ဟောင်ကောင်၏ အောင်မြင်မှုအသစ်ကို ကိုယ်စားပြုကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ ဟောင်ကောင် နှင့် မကာအိုရေးရာရုံးအတွက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကြေညာချက်တွင် ပြောကြားခဲ့သည်။
ရွေးကောက်ပွဲအနိုင်ရရှိသူသည် ဟောင်ကောင်ဒေသရှိ ပြည်သူများ၏ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်မှု နှင့် အားပေးထောက်ခံမှုအား ရရှိခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ အနောက်နိုင်ငံတစ်ချို့၏ အခြေအမြစ်မရှိသော စွပ်စွဲသံများသည် ခိုင်မာသောအချက်အလက်များအပေါ် မည်သည့်အခါမှ ပုံစံပျက်ယွင်းစေလိမ့်မည် မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
အနောက်နိုင်ငံအနည်းငယ်မှ နိုင်ငံရေးသမားဆိုသူတို့က ဟောင်ကောင်ကို လက်ညှိးထိုးနေကြကြောင်း ၊ ယင်းမှာ အလာဟဿအချည်းနှီးသာ ဖြစ်ပြီး ဟောင်ကောင်အား နှောက်ယှက်ရန် နှင့် တရုတ်နိုင်ငံအား ထိန်းချုပ်ဟန့်တားရန် ကြံစည်အားထုတ်မှု ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
မည်သို့ပင်ဖြစ်စေ အဓိပ္ပာယ်မရှိအမြီးအမောက်မတည့်သော ပြောဆိုမှုများသည် ဟောင်ကောင်၏ ပရမ်းပတာဖြစ်ခြင်းမှ တည်ငြိမ်မှုသို့ ပြန်လှည့်လာခြင်း နှင့် ချမ်းသာကြွယ်ဝခြင်းအား မည်သည့်အခါမှ ရပ်တန့်နိုင်မည် မဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
——————–
(English Version)
Chinese spokesperson slams Western countries smearing Hong Kong election
BEIJING, May 9 (Xinhua) — A Chinese spokesperson on Monday slammed a small number of Western countries’ acts of smearing the latest election in the Hong Kong Special Administrative Region (HKSAR), the region’s new electoral system, and the Chinese government’s policy for the HKSAR.
The just-concluded election of the sixth-term chief executive of the HKSAR represents a new success of Hong Kong in developing democracy that is suitable to its own conditions, said a spokesperson for the Hong Kong and Macao Affairs Office of China’s State Council in a statement.
The winner of the election received widespread trust and support of the general public in Hong Kong, said the spokesperson, noting that the groundless accusations by some Western countries will never distort solid facts.
Certain politicians from a few Western countries have been pointing fingers at Hong Kong, which is nothing but an attempt to disrupt Hong Kong and contain China, said the spokesperson.
However, these nonsensical talks will never stop Hong Kong’s turnaround from chaos to stability and prosperity, the spokesperson added. ■
Photo – John Lee waves to people at the Hong Kong Convention and Exhibition Center in Hong Kong, south China, May 8, 2022. John Lee was elected as the sixth-term chief executive designate of Hong Kong Special Administrative Region on Sunday. (Xinhua/Wang Shen)