Connect with us

Science & Technology

တရုတ်နိုင်ငံ မုန့်ထျန်း(Mengtian) လက်တွေ့စမ်းသပ်ခန်းမော်ဂျူးက အာကာသစခန်းပူးတွဲအပိုင်းနှင့် အောင်မြင်စွာ ချိတ်ဆက်

ပေကျင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

မုန့်ထျန်း(Mengtian) လက်တွေ့စမ်းသပ်ခန်းမော်ဂျူးသည် တရုတ်နိုင်ငံ ထျန်းကုန်း(Tiangong)အာကာသစခန်း ပူးတွဲအပိုင်းနှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သော အာကာသအေဂျင်စီ(CMSA)၏ သတင်းများအရ သိရသည်။
ထျန်းကုန်း(Tiangong)အာကာသစခန်း၏ ဒုတိယမြောက် လက်တွေ့စမ်းသပ်ခန်းဖြစ်သော မုန့်ထျန်း(Mengtian)သည် သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ ရောက်ပြီးနောက် အာကာသစခန်း ပင်မခန်းမော်ဂျူးဖြစ်သည့် ထျန်းဟယ်(Tianhe)၏ အရှေ့ပိုင်းနှင့် နိုဝင်ဘာ ၁ ရက် ပေကျင်းစံတော်ချိန် နံနက် ၄ နာရီ ၂၇ မိနစ်တွင် ချိတ်ဆက်နိုင်ခဲ့ကြောင်း CMSAက ဆိုသည်။ ထိုသို့ချိတ်ဆက်သည့် လုပ်ငန်းစဉ်တစ်ခုလုံးအတွက် ၁၃ နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

နောက်ပိုင်းတွင် မုန့်ထျန်း(Mengtian)သည် သတ်မှတ်ထားသည့်အတိုင်း ပြောင်းလဲသွားမည် ဖြစ်ကြောင်း CMSA၏သတင်းများအရ သိရသည်။
မုန့်ထျန်း(Mengtian)မော်ဂျူးသည် ပင်မခန်းမော်ဂျူး ထျန်းဟယ်(Tianhe)၊ လက်တွေ့စမ်းသပ်ခန်းမော်ဂျူး ဝန့်ထျန်း(Wentian)တို့နှင့်အတူ အာကာသစခန်းအခြေခံ “T” ပုံသဏ္ဌာန်ဖြစ်အောင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)xhtxs.cn/Bdj

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.