Connect with us

Social, Education & Health

ရှန်ဟိုင်းမြို့က ခရီးသွားလုပ်ငန်း အားပေးမြှင့်တင်ရန် အစီအမံများ ထုတ်ပြန်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်းဒစ္စနေးလန်း၏ ဝင်ပေါက်၌ ခရီးသွားများ အမှတ်တရဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း ၊ ဇွန် ၁ ရက်(ဆင်ဟွာ)

ရှန်ဟိုင်းမြူနီစပယ်အစိုးရသည် ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထူမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရန် အစီအမံအသစ်များကို မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ရှန်ဟိုင်းမြို့သည် ထိုကဲ့သို့သော အစီအမံများအား ချမှတ်လုပ်ဆောင်ခဲ့သည်မှာ သုံးနှစ်ဆက်တိုက် ရှိပြီ ဖြစ်ကြောင်း သိရသည်။

ရှန်ဟိုင်းမြို့သည် ခရီးသွားလုပ်ငန်း အပါအဝင် ကပ်ရောဂါကြောင့် အကြီးအကျယ်ထိခိုက်ခဲ့သည့် လုပ်ငန်းများအတွက် ငှားရမ်းခ ၊ ရေဖိုး ၊ လျှပ်စစ်မီး ၊ ဂတ်စ် နှင့် အင်တာနက်ကုန်ကျစရိတ်များတွင် အခွန် နှင့် လစဉ်ကြေးများ ကောက်ခံခြင်း မပြုခြင်း နှင့် လျှော့ချခြင်းများအား အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
ရှန်ဟိုင်းမြို့သည် ဒေသတွင်း ကုမ္ပဏီများ နှင့် စာသင်ကျောင်းများအား ကျောင်းသားများအတွက် သယ်ယူပို့ဆောင်ရေး စီစဉ်ခြင်း ၊ နေရာထိုင်ခင်း ၊ အကျွေးအမွေးတာဝန်ယူခြင်း ၊ ညှိနှိုင်းဆွေးနွေးပွဲ နှင့် ပြပွဲများ ၊ နွေဦးရာသီ နှင့် ဆောင်းဦးရာသီ အပျော်ခရီးတိုများကို ခရီးသွားအေဂျင်စီများအား ငှားရမ်းရန် တိုက်တွန်းထားကြောင်းလည်း သိရသည်။

ရှန်ဟိုင်းမြို့သည် ခရီးသွားလုပ်ငန်း နှင့် ဆက်စပ်သည့် စီမံကိန်းများသာမက အေဂျင်စီများ နှင့် ရှုခင်းသာနေရာများအတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး မြို့၏ အထူးရန်ပုံငွေမှ အထောက်အကူများ တိုးချဲ့ခြင်းအတွက် ဘဏ္ဍာရေးအဖွဲ့အစည်းများအား ၎င်းတို့၏ ချေးငွေခွဲတမ်းများ နှင့် သက်သာသည့်အတိုးနှုန်းများအား သင့်လျော်စွာ တိုးပွားလာစေရန် လမ်းညွှန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအမံအသစ်သည် ခရီးသွားလုပ်ငန်း ကူးပြောင်းခြင်း နှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်အား တွန်းအားပေးရန် ရည်ရွယ်ကြောင်း ရှန်ဟိုင်းမြူနီစပယ် ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်းအစိုးရအဖွဲ့၏ ညွှန်ကြားရေးမှူး Fang Shizhong ၏ ပြောကြားချက်အရ သိရသည်။

စာရင်းဇယားများအရ ရှန်ဟိုင်းမြို့၌ ဟိုတယ် ၆,၀၀၀ ကျော် နှင့် အမျိုးသား A အဆင့် ခရီးသွားဆွဲဆောင်သည့်နေရာ ၁၃၀ ရှိပြီး ခရီးသွားလုပ်ငန်းကုမ္ပဏီ ၁၀,၀၀၀ ကျော် နှင့် အလုပ်သမား ၅၀၀,၀၀၀ ခန့် ရှိကြောင်း သိရသည်။ (Xinhua)

—————————
(English Version)

Shanghai rolls out measures to boost tourism

SHANGHAI, May 31 (Xinhua) — The Shanghai municipal government Tuesday released new measures to promote the recovery and development of tourism, the third year in a row that the city has introduced such measures.

Shanghai will implement tax and fee cuts, and reductions in rent, water, electricity, gas, and internet costs for industries severely affected by the epidemic, including tourism.
Shanghai also encourages local enterprises and schools to hire travel agencies to arrange transportation, accommodation, catering, conference and exhibitions, and spring and autumn outings for students.

The city will guide financial institutions to appropriately increase their loan quotas and lower interest rates for tourism-related projects as well as expand support from the city’s special fund for tourism development for agencies and scenic spots.

The new measures aim to activate the momentum of tourism transformation and high-quality development, according to Fang Shizhong, director of the municipality’s administration of culture and tourism.

Statistics show that there are more than 6,000 hotels and 130 national A-level tourist attractions in Shanghai. There are more than 10,000 tourism enterprises and about 500,000 employees. ■

Photo – A tourist poses for a photo at the entrance of Shanghai Disneyland in east China’s Shanghai, Nov. 3, 2021. (Xinhua/Ding Ting)