China
ဟောင်ကောင်က အားကောင်းသောဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် ဆက်လက်ထိန်းထားသင့်ဟု သမ္မတရှီ ပြောကြား
ဟောင်ကောင်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ဟောင်ကောင်အနေဖြင့် အားကောင်းသော ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန် ဆက်လက်ထိန်းသိမ်းသွားမည် ဟု မျှော်လင့်ကြောင်း သမ္မတရှီကျင့်ဖိန်က ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။
အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဆဋ္ဌမအကြိမ်မြောက်အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ကျင်းပသောအစည်းအဝေးတွင် ရှီက ထိုသို့မှတ်ချက်ပြု ပြောကြာခဲ့ခြင်းဖြစ်သည်။
ဗဟိုအစိုးရအနေဖြင့် ဟောင်ကောင်အား အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများနှင့် လိုက်လျောညီထွေဖြစ်စေရန်၊ ကမ္ဘာ့နိုင်ငံများနှင့် ပိုမိုကျယ်ပြန့်၍ နီးကပ်သော ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရန်၊ တက်ကြွ၍ ဆင်ခြင်တွေးခေါ်မှုရှိသော အပြုအမူဖြင့် ပြုပြင်ပြောင်းလဲမှု အဆင့်မြှင့်တင်ခြင်းနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ကြီးမားသော တီထွင်ဖန်တီးနိုင်မှုနှင့် အရေးကြီးသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများအား အပြည့်အဝဖော်ဆောင်ရန် အစွမ်းကုန် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………….
(English Version)
(HKSAR 25) Hong Kong should keep strengthening momentum of development: Xi
HONG KONG, July 1 (Xinhua) — President Xi Jinping said on Friday he hopes Hong Kong will keep strengthening the momentum of development.
Xi made the remarks at the meeting celebrating the 25th anniversary of Hong Kong’s return to the motherland and the inaugural ceremony of the sixth-term government of the Hong Kong Special Administrative Region.
The central government fully supports Hong Kong in aligning with national development strategies, developing more extensive and closer exchanges and cooperation with the world, advancing reforms in an active and prudent manner and fully unleashing the enormous creativity and development vitality of Hong Kong society, he said. ■