Connect with us

Politics, Law & Military

ရှီက စစ်ပွဲမှလွဲ၍ အခြားစစ်ဆင်ရေးဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ကြေညာရန် လက်မှတ် ရေးထိုး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်သူ ရှီကျင့်ဖိန်က တောင်တရုတ်ပင်လယ်၌ ၂၀၁၈ ခုနှစ် ဧပြီ ၁၂ ရက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အား မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင်ဥက္ကဌ ရှီကျင့်ဖိန်သည် စစ်ပွဲမှ လွဲ၍ အခြားသော စစ်ဆင်ရေးလှုပ်ရှားမှုဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ကြေညာသွားရန် အမိန့်တစ်ရပ်အား လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။ထိုသို့အချက်အလက်များ ထုတ်ပြန်ပေးသည့် ရည်ရွယ်ချက်မှာ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် ၊ နိုင်ငံတော် အချုပ်အခြာအာဏာ ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးရေးတိုးတက်ရေး အကျိုးစီးပွားများကို ထိန်းသိမ်း စောင့်ရှောက်ရန် နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ဒေသတွင်း တည်ငြိမ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် ဖြစ်ကြောင်း သိရသည်။

အခန်း ၆ ခန်း ပါ ပုဒ်မ ၅၉ ခုဖြင့် ဖွဲ့စည်းထားသည့် ယင်းပြဌာန်းချက်များသည် စစ်ပွဲမှ လွဲ၍ အခြားသော စစ်ဆင်ရေးလှုပ်ရှားမှုများအတွက် တရားဝင် ဥပဒေကြောင်းအရ အခြေခံပြဌာန်းချက်တစ်ခုအဖြစ် အခွင့်အာဏာပေးအပ်ထားမည်ဖြစ်ပြီး လာမည့် ၂၀၂၂ ခုနှစ် ဇွန် ၁၅ ရက်တွင် စတင်အသက်ဝင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

—————————–
(English Version)
Xi signs order to promulgate outlines on military operations other than war
BEIJING, June 13 (Xinhua) — Xi Jinping, chairman of the Central Military Commission, has signed an order to promulgate a set of trial outlines on military operations other than war.
The outlines aim to protect people’s lives and property, safeguard national sovereignty, security and development interest, and safeguard world peace and regional stability.
The outlines, comprising 59 articles in six chapters, serve as a legal base for military operations other than war and will take effect on June 15, 2022.

Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, reviews the Chinese People’s Liberation Army (PLA) Navy in the South China Sea on April 12, 2018. (PHOTO / XINHUA)