Connect with us

Asia

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း အမှတ်-၄ ကွန်ကရစ်ပုံသွန်းလောင်းသောနေရာတွင် box girder ရက်မများတပ်ဆင်ပြီးစီး

အင်ဒိုနီးရှားနိုင်ငံတွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ၃၁ စင်းမြောက်တံတား၌ box girder ရက်မ တပ်ဆင်ခြင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အား ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း၏ အမှတ်-၄ ကွန်ကရစ်ပုံသွန်းလောင်းသောနေရာတွင် box girder ရက်မ ၉၈၁ ခုအား မူလစီစဉ်ထားသည့်အတိုင်း ဇွန် ၁၃ ရက်၌ ပြီးစီးခဲ့ပြီဖြစ်ကြောင်းနှင့် ပုံသွန်းလောင်းသောနေရာဆိုင်ရာ အောင်မြင်မှုကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။စုစုပေါင်း အရှည် ၁၄၂ ကီလိုမီတာရှိသော ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းတွင် ကွန်ကရစ်ပုံသွန်းလောင်းသောနေရာ သုံးခုရှိပြီး အမှတ် ၄ ကွန်ကရစ်ပုံသွန်းလောင်းသောနေရာကို China Railway အမှတ် ၄ အင်ဂျင်နီယာအဖွဲ့က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကွန်ကရစ်ပုံသွန်းလောင်းသောနေရာသည် တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ခြင်း၏ ပထမဆုံး ပြည်ပ ရက်မ အစပြုရာနေရာလည်း ဖြစ်သည်။ ၎င်း ကွန်ကရစ်ပုံသွန်းလောင်းသောနေရာသည် မူလ ဆောက်လုပ်ရေးအစီအစဉ်အရ box girder ရက်မပေါင်း ၉၈၁ ခု တည်ဆောက်ခြင်း တာဝန်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တာဝန်ပြီးစီးပြီးနောက် အမှတ် ၄ ကွန်ကရစ်ပုံသွန်းလောင်းသောနေရာသည် လက်ရှိတွင် နောက်ဆုံးအစီအစဉ်အရ ဂျကာတာ၏ လမ်းညွှန်မှု၌ box girder ရက်မများ တည်ဆောက်ခြင်းအတွက် တက်ကြွစွာ ပံ့ပိုးမှုများ လုပ်ဆောင်လျက်ရှိသည်။

တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ အမြန်နှုန်းပုံစံထုတ်လုပ်ထားပြီး တရုတ်နည်းပညာဖြင့် တည်ဆောက်ထားသော ရထားလမ်းသည် ဂျကာတာမြို့တော်နှင့် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် မြို့တော် ဘန်ဒေါင်းကြား ခရီးသွားကြာမြင့်ချိန်ကို သုံးနာရီကျော်မှ မိနစ် ၄၀ ခန့်အထိ လျှော့ချပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
Jakarta-Bandung HSR No. 4 casting yard completes box girders erection
Source: Xinhua
Editor: huaxia
2022-06-14 09:10:14
JAKARTA, June 14 (Xinhua) — The No. 4 casting yard of the Jakarta-Bandung High-Speed Railway (HSR) on Monday completed the erection of 981 box girders as originally planned, marking a stage victory for the casting yard.
With a total length of 142 km, the Jakarta-Bandung HSR has three casting yards, among which the No. 4 casting yard was constructed by the China Railway No. 4 Engineering Group.
The casting yard is the birthplace of the first overseas girder of China’s high-speed railway construction. It undertook the task of building 981 box girders according to the original construction plan.
After finishing the task, the No. 4 casting yard is now actively providing support for the construction of the box girders in the direction of Jakarta in accordance with the latest plan.
With a design speed of 350 km per hour, the railway built with Chinese technology will cut the journey between Jakarta and Bandung, capital of Indonesia’s West Java province, from more than three hours to around 40 minutes.■
Photo : Aerial photo taken on June 13, 2022 shows the construction site of box girder erection on 31# bridge of the Jakarta-Bandung High-speed Railway in Indonesia. (Photo by Wang Zengkun/Xinhua)