Connect with us

North America

အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါဖြင့် သေဆုံးသူ ၁ သန်းကျော်ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ပြောကြား

အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါဖြင့် သေဆုံးခဲ့သည့် နိုင်ငံသား ၁ သန်း အတွက် ဝမ်းနည်းပူဆွေးမှုအဖြစ် ဝါရှင်တန်ဒီစီရှိ Washington Monument ၌ အမေရိကန်အလံအား တိုင်ဝက်ချလွှင့်ထူထားသည်ကို မေ ၁၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ မေ ၁၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် နိုဘယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးသူအရေအတွက်မှာ မေ ၁၇ ရက်တွင် ဆိုးရွားသောသမိုင်းမှတ်တိုင်အဖြစ် ၁ သန်းထိ ရောက်ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှ အချက်အလက်များအရ သိရသည်။အမေရိကန်နိုင်ငံတစ်ဝှမ်း Eastern Daylight အချိန် ည ၁၂ နာရီ ၂၀ မိနစ် (ဂရင်းနစ်စံတော်ချိန် ၁၆၂၀) အထိ ရောဂါဖြစ်ပွားသူအရေအတွက် ၈၂ ဒသမ ၆ သန်း နှင့်အတူ သေဆုံးသူအရေအတွက်မှာ ၁,၀၀၀,၀၀၄ ဦးထိ မြင့်တက်လာခဲ့ကြောင်း စာရင်းများအရ သိရသည်။

ကယ်လီဖိုးနီးယားပြည်နယ်သည် COVID-19 ရောဂါဖြင့် သေဆုံးသူ ၉၀,၈၆၆ ဦးနှင့်အတူ ထိပ်ဆုံးတွင် ရပ်တည်နေသည်။ တက္ကဆက်စ်ပြည်နယ်သည် COVID-19 ရောဂါဖြင့် သေဆုံးသူ ၈၈,၂၅၄ ဦးနှင့်အတူ ဒုတိယအများဆုံး ဖြစ်ပြီး ထိုနောက်တွင် ဖလော်ရီဒါပြည်နယ်က သေဆုံးသူ ၇၄,၂၃၉ ဦး နှင့် နယူးယောက်ပြည်နယ်က သေဆုံးသူ ၆၈,၆၈၃ ဦး အသီးသီးရှိကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။

သေဆုံးသူ အရေအတွက် ၃၀,၀၀၀ ကျော်ရှိသည့် ပြည်နယ်များတွင် ပင်ဆယ်ဗေးနီးယား ၊ အိုဟိုင်းအိုး ၊ ဂျော်ဂျီယာ ၊ မီချီဂန် ၊ နယူးဂျာစီ နှင့် အရီဇိုးနား ပြည်နယ်များ ပါဝင်ကြောင်းလည်း သိရသည်။

အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် COVID-19 ကပ်ရောဂါ ကူးစက်မှု နှင့် သေဆုံးမှု အများဆုံးဖြင့် ကပ်ရောဂါရိုက်ခတ်မှုဒဏ် အဆိုးရွားဆုံးခံစားနေရသည့် နိုင်ငံဖြစ်ပြီး တစ်ကမ္ဘာလုံး ရောဂါဖြစ်ပွားမှု နှင့် သေဆုံးမှု၏ ၁၆ ရာခိုင်နှုန်းနီးပါး ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်တွင် အမေရိကန်နိုင်ငံသည် COVID-19 ရောဂါဖြင့် သေဆုံးသူ သန်းတစ်ဝက် ရှိခဲ့ရာမှ ဇွန် ၁၅ ရက်တွင် ၆ သိန်း ၊ အောက်တိုဘာလ ၁ ရက်တွင် ၇ သိန်း နှင့် ဒီဇင်ဘာလ ၁၄ ရက်တွင် ၈ သိန်းအထိ မြင့်တက်လာခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် သေဆုံးသူအရေအတွက်မှာ ၉ သိန်းအထိ ရှိလာခဲ့ကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံအတွင်း သေဆုံးသူအရေအတွက်သည် ၅ သိန်းမှ ၆ သိန်းသို့ ခုန်တက်ရန် ၁၁၃ ရက် ကြာမြင့်ခဲ့ပြီး ၆ သိန်းမှ ၇ သိန်းသို့ ခုန်တက်ရန် ၁၀၈ ရက် ကြာမြင့်ကာ ၇ သိန်းမှ ၈ သိန်းသို့ ခုန်တက်ရန် ၇၄ ရက် သာကြာမြင့်ခဲ့ခြင်းဖြစ်သည်။ ရောဂါဖြင့် သေဆုံးသူ ၈ သိန်းမှ ၉ သိန်းအထိ ခုန်တက်ရန် ၅၂ ရက် ကြာမြင့်ပြီး ၉ သိန်းမှ ၁ သန်းအထိ ခုန်တက်ရန် ၁၀၂ ရက် ကြာမြင့်ကြောင်း သိရသည်။ (Xinhua)

—————————-

(English Version)

U.S. COVID-19 death toll tops 1 mln: Johns Hopkins University

NEW YORK, May 17 (Xinhua) — The United States reached the grim milestone of 1 million novel coronavirus deaths on Tuesday, according to data from Johns Hopkins University.

With the national case count topping 82.6 million, the death toll across the United States rose to 1,000,004 as of 12:20 p.m. Eastern Daylight Time (1620 GMT), according to the tally.
California led the country in COVID-19 deaths, with 90,866 fatalities. Texas reported the second-highest fatalities of 88,254, followed by Florida with 74,239 deaths and New York with 68,683 deaths, the data showed.

States with more than 30,000 fatalities also include Pennsylvania, Ohio, Georgia, Illinois, Michigan, New Jersey and Arizona.

The United States remains the country worst hit by the pandemic, with the world’s highest caseload and death toll, both accounting for nearly 16 percent of the global cases and deaths.

Last year, U.S. COVID-19 deaths hit half a million on Feb. 22, topped 600,000 on June 15, reached 700,000 on Oct. 1 and exceeded 800,000 on Dec. 14. The death toll amounted to 900,000 on Feb. 4, 2022.
It took 113 days for the national death toll to climb from 500,000 to 600,000, 108 days to jump from 600,000 to 700,000, 74 days to soar from 700,000 to 800,000, 52 days to surge from 800,000 to 900,000 and 102 days to increase from 900,000 to 1 million. ■

Photo – U.S. national flags fly at half-staff at the Washington Monument to mourn 1 million American lives lost to COVID-19, Washington, D.C., the United States, May 12, 2022. (Xinhua/Liu Jie)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.