Eastern Europe
ရုရှားက တူရကီ Stream ပိုက်လိုင်းမှတဆင့် ဓာတ်ငွေ့ပို့လွှတ်မှုကို ယာယီရပ်ဆိုင်းထားမည်ဟု ဆို
မော်စကို ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)
ရုရှားနိုင်ငံ၏ အဓိကဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီဖြစ်သည့် Gazprom က နှစ်စဉ်ပုံမှန် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန်ရှိသောကြောင့် တူရကီ Stream ပိုက်လိုင်း မှတဆင့် ပို့လွှတ်နေသော ပိုက်လိုင်းနှစ်ခုစလုံးကို လာမည့် ဇွန် ၂၁ ရက်မှ ၂၈ ရက်အထိ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဇွန် ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် သဘောတူချက်အရ ထိုသို့ ဓာတ်ငွေ့ပို့လွှတ်မှု ယာယီရပ်ဆိုင်းခြင်းဖြစ်ကြောင်း Gazprom မှ ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။
တူရကီ Stream ဓာတ်ငွေ့ပိုက်လိုင်းသည် ပင်လယ်နက်ကြမ်းပြင်ပေါ်မှတဆင့် ပိုက်လိုင်းနှစ်ခုဖြင့် သွယ်တန်းထားခြင်းဖြစ်ပြီး ပိုက်လိုင်းတစ်ခုမှာ တူရကီပြည်တွင်း အသုံးပြုသူများအတွက် ဓာတ်ငွေ့ထောက်ပံ့ ပေးရန်ဖြစ်ကာ အခြားပိုက်လိုင်းတစ်ခုမှာ ဥရောပတိုက် တောင်ပိုင်း နှင့် အရှေ့တောင်ပိုင်းရှိ နိုင်ငံများသို့ စွမ်းအင်များ ပေးပို့နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပိုက်လိုင်းသည် နှစ်စဉ် စုစုပေါင်း ဓာတ်ငွေ့ပို့လွှတ်နိုင်မှု ပမာဏ ၃၁.၅ ဘီလီယံ ကုဗမီတာနှင့်အတူ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် လုပ်ငန်းများစတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။
ယခုရက်သတ္တပတ်အစောပိုင်းတွင် Gazprom ကုမ္ပဏီက Nord Stream 1 ပိုက်လိုင်းမှတဆင့် ဥရောပတိုက်သို့ ဓာတ်ငွေ့ပို့လွှတ်နေခြင်းကို တစ်ရက်လျှင် ၆၇ သန်း ကုဗမီတာထက်မပိုသော ပမာဏဖြင့်သာ အရေအတွက် ကြီးမားစွာလျှော့ချပေးပို့ သွားတော့မည်ဖြစ်ကြောင်း ၊ Siemens ဓာတ်ငွေ့တာဘိုင်အင်ဂျင်ထုတ်လုပ်ရေး လုပ်ငန်းက ပျက်ကွက်နေသဖြင့် ပြင်ဆင်မှုကို အချိန်မီဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆိုသည်။(Xinhua)
———————–
(English Version)
Russia to temporarily suspend gas supply via Turkish Stream pipeline
MOSCOW, June 18 (Xinhua) — Russian gas giant Gazprom announced Saturday that it will stop gas delivery via both strings of the Turkish Stream pipeline from June 21 to June 28 due to scheduled annual maintenance.
The suspension was agreed in advance by all interested parties, Gazprom said in a statement.
The Turkish Stream pipeline via the Black seabed consists of two strings, with one supplying gas to Turkish consumers and the other delivering energy to countries in southern and southeastern Europe.
The pipeline began operation in January 2020 with a total capacity of 31.5 billion cubic meters annually.
Earlier this week, Gazprom said it would significantly reduce gas delivery to Europe via the Nord Stream 1 pipeline to no more than 67 million cubic meters per day, citing the failure of Siemens, the manufacturer of the gas turbine engines, to provide the overhaul service in time.
Photo- Gazprom file photo