Connect with us

Europe

ဘရာဇီးနိုင်ငံက ဇူလိုင်လအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ဆီးရီးယားနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှု အခြေအနေဆိုင်ရာ လုံခြုံရေးကောင်စီ အစည်းအဝေးအား ၂၀၂၂ ခုနှစ် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံသည် ဇူလိုင်လအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဇူလိုင် ၁ ရက်က တာဝန်ယူလက်ခံခဲ့ကြောင်း သိရသည်။

ဇူလိုင်လအတွင်း ဘရာဇီးနိုင်ငံအနေဖြင့် လုံခြုံရေးကောင်စီနှင့် အခြားကုလအဖွဲ့အစည်းများအကြား၊ အထူးသဖြင့် ငြိမ်းချမ်းရေးတည်ဆောက်မှုကော်မရှင်နှင့် ကြီးမားသော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် ရည်ရွယ်ထားကြောင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုနှင့် နိုင်ငံရေးမစ်ရှင်များ သက်တမ်းတိုးခြင်းဆိုင်ရာ ဆွေးနွေးမှုများအား ဘက်စုံပံ့ပိုးကူညီနိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဘရာဇီးနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် ဇူလိုင်လအတွက် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ Ronaldo Costa Filho က ဇူလိုင် ၁ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဇူလိုင်လအတွင်း လုံခြုံရေးကောင်စီအနေဖြင့် ယူကရိန်းနိုင်ငံနှင့် ဆီးရီးယားနိုင်ငံတွင် စားနပ်ရိက္ခာဖူလုံရေးနှင့် ကိုက်ညီမှုရှိစေရေး တောင်းဆိုချက်များနှင့် ဆီးရီးယားရှိ ဓာတုလက်နက်များအမှု ဆွေးနွေးညှိနှိုင်းမှုများ အပြင် လုံခြုံရေး သို့မဟုတ် အထူးနိုင်ငံရေးမစ်ရှင်များနှင့် ဒဏ်ခတ်ပိတ်ဆို့မှုစနစ် ကိစ္စရပ်များစွာ သက်တမ်းတိုးခြင်း အပါအဝင် အရေးကိစ္စများကို အာရုံစိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Filho က ပြောခဲ့သည်။
လက်မှတ်ရေးထိုးဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် ဥက္ကဋ္ဌထုတ်ပြန်ချက် ပြဌာန်းခြင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှု သို့မဟုတ် အထူးနိုင်ငံရေးမစ်ရှင် ၄ ခု သက်တမ်းတိုးခြင်း၊ ဒဏ်ခတ်ပိတ်ဆို့ခြင်းစနစ် ၂ ခု သက်တမ်းတိုးခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ခွင့်ပြုချက် ၁ ခု စသည်တို့ ပါဝင်ကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သောကောင်စီသည် ကိုလံဘီယာ၊ ကလေးငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ၊ လစ်ဗျားနှင့် ဆူဒန် စသည်တို့ဆိုင်ရာ အစည်းအဝေးများ ပြုလုပ်ရန် လျာထားကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ၏ ဦးစားပေးကဏ္ဍများတွင် ဥက္ကဋ္ဌနေရာတာဝန်ယူချိန်၌ ကျား၊မ ဖြစ်တည်မှုရှုထောင့်ကို အရေးပါသောကိစ္စရပ်အဖြစ် ပေါင်းစပ်ထည့်သွင်းခြင်းနှင့် ဖြစ်နိုင်သည့်အချိန်တွင် အစည်းအဝေးများအတွင်း အရပ်ဘက်အဖွဲ့အစည်း တင်ပြရှင်းလင်းမည့်သူများကို ဖိတ်ကြားခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။

လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်ပြီး မူလတာဝန်မှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းခြင်းဖြစ်သည်။ ယင်းကောင်စီ၏ ဥက္ကဋ္ဌနေရာကို အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီက တစ်လချင်းစီ အလှည့်ကျတာဝန်ယူရခြင်းဖြစ်သည်။ (Xinhua)

……………………….
(English Version)
Brazil assumes rotating presidency of UN Security Council for July
Source: XinhuaEditor: huaxia2022-07-02 07:02:15
UNITED NATIONS, July 1 (Xinhua) — Brazil on Friday assumed the rotating presidency of the United Nations Security Council for July.

During the month, Brazil would aim to foster greater cooperation between the Security Council and other UN bodies, especially the Peacebuilding Commission, as it can make a comprehensive contribution to discussions on renewal of peacekeeping and political missions, Ronaldo Costa Filho, Brazil’s permanent representative to the UN and president of the Security Council for July, told a press briefing Friday.

In July, the Security Council will focus on issues including the crises in Ukraine and Syria with meeting on food security and consultations on the chemical weapons file on Syria, as well as renewals of a raft of peacekeeping or special political missions and sanctions regimes, Filho said.

The signature events include the adoption of a presidential statement, the renewal of four peacekeeping or special political missions, renewal of two sanctions regimes and one authorization of humanitarian assistance.

Meanwhile, the 15-nation council is scheduled to hold meetings on Colombia, children and armed conflict, Libya and Sudan.

Brazil’s priorities also include incorporating a gender perspective as a cross-cutting issue throughout Brazil’s presidency and inviting civil society briefers into meetings whenever possible, Filho said.

The Security Council has 15 members and its primary responsibility is the maintenance of international peace and security. The presidency of the council is held by each member state for one month. ■
Photo : Photo taken on June 20, 2022 shows a wide view of the Security Council meeting on Syria’s humanitarian situation at UN Headquarters in New York. (Manuel Elias/UN Photo/Handout via Xinhua)